Connect with us

Politics, Law & Military

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်

ရန်ကုန်။ မေ ၂၉ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များနှင့် နိုင်ငံတော် သမ္မတအား အဆင့်ဆင့် တာဝန်ခံကြသဖြင့် မိမိ၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတာဝန်ခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံ အသိပေးတင်ပြပြီး သဘောတူညီချက်အတည်ပြုချက် ရယူ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသော မူဝါဒများနှင့်သော်လည်းကောင်း နှင့် ပြည်ထောင်စုဥပဒေများနှင့် သော်လည်းကောင်း မဆန့်ကျင်ဘဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် အထက်ပါဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117