China
တရုတ်လုပ်ငန်းကုမ္ပဏီ ၆၀ ကျော် နော်ဝေ နိုင်ငံတကာ ပင်လယ်ရေကြောင်းရေးရာပြပွဲ၌ ပါဝင်ပြသ

အော့စလို၊ ဇွန် ၄ ရက် (ဆင်ဟွာ)
ကမ္ဘာတစ်ဝန်း နာမည်ကျော် ပင်လယ်ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းသီးသန့် ကုန်သွယ်ရေးပြပွဲဖြစ်သည့် နော်ဝေ နိုင်ငံတကာ ပင်လယ်ရေကြောင်းရေးရာပြပွဲ (Nor-Shipping) ကို ဇွန် ၃ ရက်က NOVA Spektrum ပြခန်းစင်တာ၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ် ပင်လယ်ရေကြောင်းရေးရာပြပွဲတွင် တရုတ်ပြခန်း သီးသန့်ဖွင့်လှစ်ပြသထားကာ တရုတ်လုပ်ငန်းကုမ္ပဏီပေါင်း ၆၀ ကျော်က ကုန်ပစ္စည်းအသစ်နှင့် အယူအဆအသစ်များ တက်တက်ကြွကြွ ပါဝင်ပြသ၍ ယခုအကြိမ် ကမ္ဘာအဆင့် လုပ်ငန်းပလက်ဖောင်းကို အားထားပြီး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ရှာဖွေရန်၊ နိုင်ငံတကာဈေးကွက် ချဲ့ထွင်နိုင်ရန် မျှော်လင့်နေကြသည်။
တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းပို့ဆောင်ရေးနှင့် သင်္ဘောတည်ဆောက်ဆောက်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်း အဆက်မပြတ် တိုးမြင့်လာသည်နှင့်အမျှ လုပ်ငန်းကုမ္ပဏီများက နိုင်ငံတကာပြပွဲများတွင် တက်တက်ကြွကြွပါဝင်လိုစိတ်များလည်း အဆက်မပြတ် တိုးတက်လာကြောင်း၊ တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) စက်ပစ္စည်းလုပ်ငန်း အဖွဲ့ခွဲ ဥက္ကဋ္ဌ ကျိုးဝေ့တုန်းက မိတ်ဆက်ပြောကြားခဲ့သည်။ ယခုအကြိမ် ပင်လယ်ရေကြောင်းရေးရာပြပွဲတွင် တရုတ်လုပ်ငန်းကုမ္ပဏီ စုစုပေါင်း ၆၀ ကျော် ပါဝင်ပြသခဲ့ပြီး ပြခန်းဧရိယာမှာ စတုရန်းမီတာ ၁၃ သန်းကျော်ရှိကာ ပမာဏမှာ ယခင်ပြပွဲများထက် စံချိန်တင်ခဲ့ကြောင်း သိရသည်။
နော်ဝေနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အတွင်းဝန် Even Tronstad Sagebakken နှင့် နော်ဝေနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟိုယွဲ့တို့က ပင်လယ်ရေကြောင်းရေးရာပြပွဲ၏ တရုတ်ပြခန်းနှင့် တရုတ်လုပ်ငန်းကုမ္ပဏီ ပြခန်းများကို အတူတကွ လေ့လာကြည့်ရှုခဲ့ကြသည်။
လေ့လာကြည့်ရှုပြီးနောက် Even Tronstad Sagebakken က ၎င်းအနေဖြင့် တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းကုမ္ပဏီများ၏ ဆန်းသစ်တီထွင်မှုစွမ်းအားများအပေါ် များစွာအမှတ်တရ ဖြစ်ရကြောင်း၊ နော်ဝေနှင့် တရုတ်လုပ်ငန်းကုမ္ပဏီများက သင်္ဘောတည်ဆောက်ရေး စသည့်လုပ်ငန်းများတွင် ကာလကြာရှည်သော ပူးပေါင်းဆောင်ရွက်မှု သမိုင်းရှိကြောင်း၊ နှစ်ဖက်က နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ပြီး ပိုမိုများပြားသော ရလဒ်များ ရရှိရန် မျှော်လင့်ကြောင်း၊ “သူတို့ (တရုတ်လုပ်ငန်းကုမ္ပဏီ) တွေက အစိမ်းရောင် ဖြေရှင်းမှုနည်းလမ်းအသစ်ကို ရှာဖွေနေကြပါတယ်။ သူတို့က နည်းပညာဖွံ့ဖြိုးတိုးတက်မှု ရှေ့ပြေးနေရာမှာ ရောက်ရှိနေပါတယ်။ ဒါကလည်း နော်ဝေက ပင်လယ်ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှာ အစိမ်းရောင် အသွင်ကူးပြောင်းမှု ဖော်ဆောင်ရေးအတွက် လိုအပ်တဲ့ နည်းပညာပဲဖြစ်ပါတယ်” ဟု သတင်းထောက်အား ပြောကြားခဲ့သည်။
နော်ဝေ နိုင်ငံတကာ ပင်လယ်ရေကြောင်းရေးရာပြပွဲ (Nor-Shipping) ကို ၁၉၆၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိကာ ကမ္ဘာပေါ်တွင်လွှမ်းမိုးမှုအရှိဆုံး ပင်လယ်ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းသီးသန့် ကုန်သွယ်ရေးပြပွဲများအနက် တစ်ခုဖြစ်သည်။
ယခုအကြိမ်ပြပွဲသည် ၄ ရက် ကြာမြင့်မည်ဖြစ်ပြီး နိုင်ငံနှင့်ဒေသပေါင်း ၅၂ ခုမှ လုပ်ငန်းကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁,၀၀၀ နီးပါး ပါဝင်ပြသရန် ဆွဲဆောင်နိုင်ခဲ့သည်။ (Xinhua)

နော်ဝေနိုင်ငံ Lillestrom မြို့၌ ကျင်းပသည့် နော်ဝေ နိုင်ငံတကာ ပင်လယ်ရေကြောင်းရေးရာပြပွဲ (Nor-Shipping) ၌ ပြပွဲလာရောက်ကြည့်ရှုသူများက တရုတ်ပြခန်းအား လေ့လာကြည့်ရှုနေသည်ကို ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နော်ဝေနိုင်ငံ Lillestrom မြို့၌ ကျင်းပသည့် နော်ဝေ နိုင်ငံတကာ ပင်လယ်ရေကြောင်းရေးရာပြပွဲ (Nor-Shipping) ၌ ပြပွဲလာရောက်ကြည့်ရှုသူများက တရုတ်ပြခန်းအား လေ့လာကြည့်ရှုနေသည်ကို ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နော်ဝေနိုင်ငံ Lillestrom မြို့၌ ကျင်းပသည့် နော်ဝေ နိုင်ငံတကာ ပင်လယ်ရေကြောင်းရေးရာပြပွဲ (Nor-Shipping) ၌ ပြပွဲလာရောက်ကြည့်ရှုသူများက တရုတ်ပြခန်းအား လေ့လာကြည့်ရှုနေသည်ကို ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နော်ဝေနိုင်ငံ Lillestrom မြို့၌ ကျင်းပသည့် နော်ဝေ နိုင်ငံတကာ ပင်လယ်ရေကြောင်းရေးရာပြပွဲ (Nor-Shipping) ကို ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
60多家中国企业亮相挪威海事展
新华社奥斯陆6月3日电(记者张玉亮)全球知名航运海事专业贸易展会挪威国际海事展3日在挪威会展中心开幕。本届海事展专门设立中国馆,60多家中国企业积极展示新产品和新理念,希望借助这一世界级行业平台寻找合作伙伴、开拓国际市场。
中国国际贸易促进委员会机械行业分会会长周卫东介绍说,随着我国航运和船舶制造业发展水平不断提升,企业参加国际展会的热情也越发高涨。本届海事展共有60多家中国企业参展,参展面积超过1300平方米,规模创历届之最。
挪威贸易、工业和渔业部国务秘书埃文·萨格巴肯与中国驻挪威大使侯悦共同参观了海事展的中国馆和多家中国企业展台。萨格巴肯在参观后对记者表示,他对中国船舶制造企业的创新能力印象深刻,挪威与中国企业在船舶制造等行业有着悠久合作历史,期待双方深化合作,结出更多硕果。“它们(中国企业)在寻找新的绿色解决方案,它们处于技术发展的前沿,而这正是挪威在航运领域实现绿色转型需要的技术。”
挪威国际海事展创办于1965年,每两年举行一次,是全球影响力最大的航运海事专业贸易展览会之一。本届展会为期4天,共吸引来自52个国家和地区的近1000家企业和机构参展。(完)
图说1-4:6月3日,在挪威利勒斯特伦举办的挪威国际海事展上,与会者参观中国馆。新华社记者 张玉亮 摄
图说5:这是6月3日在挪威利勒斯特伦拍摄的挪威国际海事展现场。新华社记者 张玉亮 摄