Asia
အလျင်အမြန် တာဝန်ထမ်းဆောင်ရသည့် တောင်ကိုရီးယားသမ္မတအသစ် ပြည်တွင်းပြည်ပ စိန်ခေါ်မှုကြီး ၄ ရပ်နှင့် ရင်ဆိုင်နေရ

ဆိုးလ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း လီဂျေမြောင် သမ္မတအဖြစ် ရွေးချယ်ခံရကြောင်း တောင်ကိုရီးယား အမျိုးသားရွေးကောက်ပွဲ ကော်မရှင် က ဇွန် ၄ ရက် နံနက်ပိုင်းတွင် တရားဝင် အတည်ပြုခဲ့သည်။ လီဂျေမြောင်သည် ယင်းနေ့နံနက်ပိုင်းတွင် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
လီဂျေမြောင်၏ အစိုးရသစ်တွင် နိုင်ငံစည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်မှု ဖော်ဆောင်ရေး၊ တောင်ကိုရီးယားစီးပွားရေး မြှင့်တင်ရေး၊ နိုင်ငံခြားရေးမူဝါဒ ချိန်ညှိရေး၊ ကိုရီးယားကျွန်းဆွယ် တင်းမာမှုအခြေအနေ ဖြေလျှော့ရေး ဟူသော စိန်ခေါ်မှု ၄ ရပ်နှင့် ရင်ဆိုင်နေရကြောင်း တောင်ကိုရီးယား လူထုအမြင်က ယူဆထားသည်။ အထူးသဖြင့် နိုင်ငံခြားဆက်ဆံရေးတွင် လီဂျေမြောင်အနေဖြင့် အမေရိကန် စည်းကြပ်ခွန်မူဝါဒ၏ ရိုက်ခတ်မှုကို မည်သို့ ရင်ဆိုင်ကိုင်တွယ်မည်နည်း၊ “လက်တွေ့ကျ၍ ဟန်ချက်ညီသော” နိုင်ငံခြားရေးကို မည်သို့ ဖော်ဆောင်မည်နည်းမှာ အများ၏အာရုံစိုက်မှုကို ခံရပေသည်။
ရွေးကောက်ပွဲအောင်နိုင်သည့် အဓိကအကြောင်းရင်း ၃ ရပ်
လီဂျေမြောင်သည် လက်ဝဲယိမ်းအုပ်စု သမ္မတလောင်းအနေဖြင့် ဇွန် ၃ ရက် တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲတွင် ဆန္ဒမဲရရှိမှု၄၉.၄၂ ရာခိုင်နှုန်းဖြင့် ကွန်ဆာဗေးတစ် ပြည်သူ့အင်အားပါတီ သမ္မတလောင်း ကင်မွန်ဆူအား ရာခိုင်နှုန်းပွိုင့် ၈ ခုဖြင့် အနိုင်ရကာ တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲတွင် မဲအရေအတွက် စံချိန်တင်ခဲ့သည်။
လီဂျေမြောင် ယခုအကြိမ် ရွေးကောက်ပွဲအနိုင်ရရှိခြင်း၏ အဓိက အကြောင်းရင်း သုံးခုရှိသည်ဟု တောင်ကိုရီးယားမီဒီယာများက သုံးသပ်ကြသည်။
ပထမအကြောင်းရင်းမှာ သမ္မတ ယွန်းဆက်ယို စွဲချက်တင်ခံရမှုက ကွန်ဆာဗေးတစ်အုပ်စု၏ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေခြင်း ဖြစ်သည်။ ယွန်းဆက်ယို အစိုးရအပေါ် အားပေးမှုများသည် လွန်ခဲ့သည့် နှစ်ကုန်ပိုင်းကပင် လျော့နည်းနေပြီး၊ များမကြာမီတွင်ပင် ၎င်းအား ထောက်ခံအားပေးမှုနှုန်းမှာ အတိုင်းအတာတစ်ခုအတွင်း ၁၀ ရာခိုင်နှုန်း ဝန်းကျင်အထိ ကျဆင်းခဲ့သည်။ ထို့အပြင် ယွန်းဆက်ယိုသည် ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၂၀ မပြည့်မီကမှပင် ပါတီမှ နုတ်ထွက်ပြီး “ပါတီနှင့်ပတ်သက်မှုကို ဖြတ်တောက်လိုက်ခြင်း” ဖြစ်ရာ ၎င်းရှိရာ ပြည်သူ့အင်အားပါတီ၏ ရွေးကောက်ပွဲအလားအလာကိုပါ ထိခိုက်စေခဲ့သည်။
ဒုတိယအကြောင်းရင်းမှာ တောင်ကိုရီးယားပြည်သူလူထုက အာဏာရပါတီကို ပြောင်းလဲပစ်ရန် ဆန္ဒပြင်းပြခြင်း ဖြစ်သည်။ မကြာမီရက်ပိုင်းက တောင်ကိုရီးယား ပြည်သူ့သဘောထား စစ်တမ်းရလဒ်များတွင် မေးမြန်းခံရသူ ၅၄.၄ ရာခိုင်နှုန်းသည် ဒီမိုကရက်တစ်ပါတီပါတီ အာဏာရရန် ဆန္ဒရှိကြကြောင်း ဖော်ပြထားသည်။ ထို့အပြင် လီဂျေမြောင်သည် ယခင်သမ္မတရွေးကောက်ပွဲ၌မဆိုစလောက် ရာခိုင်နှုန်းပွိုင့် ၀.၇၃ အားနည်းချက်ဖြင့် ယွန်းဆက်ယိုကို ရှုံးနိမ့်ပြီးနောက် ပါတီခေါင်းဆောင်အနေဖြင့် ဒီမိုကရက်တစ်ပါတီကို ဦးဆောင်ပြီး ယွန်းဆက်ယိုအစိုးရနှင့် အားပြိုင်ခဲ့ရာ လူထု၏အားပေးထောက်ခံမှု များစွာရရှိခဲ့သည်။
တတိယအကြောင်းရင်းမှာ ကွန်ဆာဗေးတစ်အုပ်စုအတွင်း စိတ်ဝမ်းကွဲနေခြင်းဖြစ်သည်။ ယွန်းဆက်ယို စွဲချက်တင်ခံရပြီးနောက် ပြည်သူ့အင်အားပါတီအတွင်း သမ္မတလောင်းရွေးချယ်ရေးနှင့်စပ်လျဉ်း၍ သမ္မတလောင်း မှတ်ပုံတင်သည့်နောက်ဆုံးချိန်အထိ အကြိတ်အနယ် တိုက်ခိုက်မှုများရှိကြရာ ယင်းဖြစ်စဉ်တွင် ကင်မွန်ဆူနှင့် ပါတီအတွင်း လွှတ်တော်အမတ်များ၏ ခွာပြဲမှုများက ဆက်တိုက်ကြီးမားလာခဲ့သည်။ ရွေးကောက်ပွဲကာလ အတိုင်းအတာတစ်ခုတွင် ကင်မွန်ဆူသည် ပါတီအတွင်း အားပေးထောက်ခံမှုရရန်ခက်ခဲသည့် နေရခက်သောအနေအထားတွင် ရှိခဲ့ကြောင်း တောင်ကိုရီးယား JoongAng Ilbo သတင်းစာတွင် ဖော်ပြထားသည်။
အာဏာရသည့် စိန်ခေါ်မှု ၄ ရပ်
တောင်ကိုရီးယားသည် လက်ရှိ ပြည်တွင်းနိုင်ငံရေး၊ နိုင်ငံခြားရေး အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရရာ အလျင်အမြန်အာဏာရခဲ့သည့် လီဂျေမြောင်အစိုးရအနေဖြင့် အချိန်တိုအတွင်းတွင် ပြည်တွင်းနိုင်ငံရေး အခြေအနေ တည်ငြိမ်ရန်၊ စီးပွားရေးအခက်အခဲကို ဖြေရှင်းရန်၊ နိုင်ငံခြားရေးဟန်ချက်ညီမှုကို ဖော်ဆောင်ရန်၊ ကိုရီးယားကျွန်းဆွယ်အခြေအနေ ဖြေလျှော့ရန် ဆောင်ရွက်နိုင်မည်လားဆိုသည်မှာ အထူးဂရုပြုခံနေရကြောင်း တောင်ကိုရီးယား မီဒီယာများနှင့် ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြသည်။
ပထမ စိန်ခေါ်မှု – နိုင်ငံရေးအခြေအနေ
ယွန်းဆက်ယိုအစိုးရ၏ စစ်အုပ်ချုပ်ရေးဂယက်လှိုင်းမှစ၍ တောင်ကိုရီးယားနိုင်ငံတွင် အုပ်စုကြီးနှစ်ဖွဲ့ အဆုံးမရှိ အပြန်အလှန်တိုက်ခိုက်ကြရာ အစိုးရ၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းများ အားလုံးနီးပါး ရပ်တန့်ခဲ့ရသလို ပြည်သူ့ဆန္ဒ ထိပ်တိုက်ရင်ဆိုင်မှုများ ပို၍ ဆိုးရွားလာခဲ့သည်။ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်ရန်၊ လူမှုအဖွဲ့အစည်း ကွဲပြဲမှုများကို ပြန်လည်ရင်ကြားစေ့ရန်မှာ လီဂျေမြောင်အစိုးရ၏ စီမံအုပ်ချုပ်မှုဉာဏ်ပညာကို စမ်းသပ်မည် ဖြစ်သည်။ လီဂျေမြောင်က ဇွန် ၄ ရက်တွင် ရွေးကောက်ခံရပြီးနောက် မိန့်ခွန်းပြောကြားရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်အောင် ဆောင်ရွက်သွားမည်၊ ပြည်တွင်းမငြိမ်မသက်မှုများကို ကျော်လွှားသွားမည်ဟု ပြောကြားခဲ့သည်။
ဒုတိယ စိန်ခေါ်မှု – စီးပွားရေး
တောင်ကိုရီးယား စီးပွားရေးသည် ပထမသုံးလပတ်တွင် အနုတ်လက္ခဏာတိုးတက်မှုဖြင့် “မီးနီ” ပြခဲ့သည်။ တောင်ကိုရီးယားဗဟိုဘဏ်က ယခုနှစ် GDP တိုးတက်မှု ခန့်မှန်းချက်ကို ၁.၅ ရာခိုင်နှုန်းမှ ၀.၈ ရာခိုင်နှုန်းသို့ များစွာလျှော့ချခဲ့ရာ ထိုသို့ လျှော့ချမှုအကြောင်းရင်းများတွင် ပြည်တွင်းဝယ်လိုအား ပြန်လည်ရှင်သန်ရန် အားနည်းနေခြင်း၊ အမေရိကန်၏ စည်းကြပ်ခွန်အလွဲသုံးမှုကြောင့် တောင်ကိုရီးယား ပို့ကုန် ထိခိုက်ခြင်း စသည်တို့ ပါဝင်သည်။ စီးပွားရေးမြှင့်တင်မှုနှင့် ပြည်သူ့နေထိုင်မှုဘဝ ကောင်းမွန်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်ဟု လီဂျေမြောင်က ဇွန် ၄ ရက်တွင် ကတိပြုခဲ့သည်။
အမေရိကန်အပေါ် ထားရှိသည့် ကုန်သွယ်စီးပွားမူဝါဒသည် အစိုးရသစ် ကနဦးကာလ အောင်မြင်မှုရှိ၊ မရှိကို ဆုံးဖြတ်ပေးမည့် အဓိကအချက်တစ်ချက်ဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာများက သုံးသပ်ကြသည်။
Ewha Womans University စီးပွားရေးဌာန ပါမောက္ခ Byoung Hoon Seok က “တောင်ကိုရီးယား ဒီနှစ်စီးပွားရေးရဲ့ အကြီးမားဆုံးအပြောင်းအလဲကတော့ အမေရိကန်နဲ့ စည်းကြပ်ခွန် စေ့စပ်ဆွေးနွေးမှုပါပဲ” ဟု ဆိုသည်။ စည်းကြပ်ခွန်ကိစ္စရပ်နှင့် နှစ်နိုင်ငံ ကုန်ထုတ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “သဘောတူညီချက်များစွာ” ကို ဇူလိုင်လဆန်းတွင် ရရှိနိုင်အောင် ဆောင်ရွက်ရန် တောင်ကိုရီးယားနှင့် အမေရိကန်သည် ဧပြီလတွင် ဆွေးနွေးသတ်မှတ်ခဲ့သည်။
ထိုမတိုင်မီ လီဂျေမြောင်က စည်းကြပ်ခွန်အရေးနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် ဆွေးနွေးရန် လိုအပ်သော်လည်း အရေးကြီးဆုံးအခြေခံမူမှာ နိုင်ငံ၏အကျိုးစီပွားကို ကာကွယ်ထိန်းသိမ်းရန် ဖြစ်ပြီး ကြိုတင် သဘောတူညီချက်ရရှိရေးအတွက် အလျင်စလိုဆောင်ရွက်ရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
တတိယ စိန်ခေါ်မှု – နိုင်ငံခြားရေး
နိုင်ငံခြားရေးမူဝါဒကဏ္ဍတွင် လီဂျေမြောင်အစိုးရက တောင်ကိုရီးယား ယခင်အစိုးရ၏ “အမေရိကန်နှင့်ရင်းနှီး၍ ဂျပန်နှင့်သင့်မြတ်ရေး” နိုင်ငံခြားရေးလမ်းစဉ်ကို ချိန်ညှိကာ “လက်တွေ့အသုံးကျသော နိုင်ငံခြားရေး” ကို ဖော်ဆောင်မည်ဟု တောင်ကိုရီးယား ကျွမ်းကျင်ပညာရှင်များက ယူဆကြသည်။ တောင်ကိုရီးယားနိုင်ငံခြားရေးကဏ္ဍ စုံလင်မှုအသွင်ကို တွန်းအားပေးမည်ဖြစ်သလို ဒေသတွင်းမဟာဗျူဟာနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ကာ နိုင်ငံတော်အကျိုးစီးပွားကိုအခြေခံ၍ တရုတ်၊ အမေရိကန်၊ ဂျပန်၊ ရုရှားနှင့် ဆက်ဆံရေးကို လက်တွေ့တကျ တိုးတက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း လီဂျေမြောင်က အဆိုပြုခဲ့သည်။
ထိုမတိုင်မီ ၎င်းက တရုတ်နိုင်ငံသည် တောင်ကိုရီးယား၏ အရေးကြီး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ရာ တောင်ကိုရီးယား-တရုတ်ဆက်ဆံရေးကို တည်ငြိမ်စွာ စီမံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော် အမျိုးသားရေးရာရုံး အကြီးအကဲဟောင်း Kwon Ki-sik က လီဂျေမြောင်အစိုးရ အာဏာရလာသည်နှင့်အမျှ တောင်ကိုရီးယား၏ နိုင်ငံခြားရေးမူဝါဒသည် အတော်အတန် ကြီးမားသည့် ချိန်ညှိမှုများလုပ်ဆောင်နိုင်သည်ဟု ယူဆသည်။
စတုတ္ထစိန်ခေါ်မှု – ကိုရီးယားကျွန်းဆွယ်အရေး
ကိုရီးယားကျွန်းဆွယ်အခြေအနေ တင်းမာမှုသည် ယခုကာလများတွင် စဉ်ဆက်မပြတ် အရှိန်အဟုန် မြင့်တက်လျက်ရှိရာ ယွန်းဆက်ယိုအစိုးရက မြောက်ကိုရီးယားအပေါ် သဘောထားတင်းမာခဲ့သည်။
တောင်ကိုရီးယား-မြောက်ကိုရီးယား စစ်ရေး အရေးပေါ်လိုင်း စသည့် ဆွေးနွေးညှိနှိုင်းမှုလမ်းကြောင်းများကို တွန်းအားပေးဖော်ဆောင်ကာ တောင်ကိုရီးယား-မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးမှုနှင့် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးမည် ဖြစ်ကြောင်း လီဂျေမြောင်က ထိုမတိုင်မီ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရာ၌ ပြောကြားခဲ့သည်။
လက်ရှိ လီဂျေမြောင်ရှိသည့် ဒီမိုကရက်တစ်ပါတီသည် တောင်ကိုရီးယားလွှတ်တော်နေရာ တစ်ဝက်ကျော်ကို နေရာယူထားရာ တောင်ကိုရီးယားနိုင်ငံရေးတွင် ၁၂ နှစ်ကြာပြီးနောက် “အာဏာရပါတီ အင်အားကြီးပြီး အတိုက်အခံပါတီအင်အားနည်း” သည့် အခင်းအကျင်းထပ်မံ ပေါ်ထွက်လာကြောင်း၊ ယင်းမှာ လီဂျေမြောင်အတွက် နိုင်ငံရေးဦးဆောင်မှုအခြေခံကို ပံ့ပိုးပေးလိုက်ကြောင်းYonhap သတင်းအေဂျင်စီက သုံးသပ်ထားသည်။ သို့သော် လက်ရှိတွင် အစိုးရသစ်အပေါ် လူထု၏မျှော်လင့်ချက်က ပို၍ မြင့်မားပြီး လီဂျေမြောင်အစိုးရ၏ စီမံအုပ်ချုပ်သည့် အချိန်အကျပ်အတည်း ဖြစ်နေကြောင်း၊ အစိုးရသစ်အနေဖြင့် အကယ်၍ ရာထူးတာဝန်ထမ်းဆောင်ပြီး ရက်ပေါင်း ၁၀၀ အတွင်း လူထုယုံကြည်နိုင်သည့် မူဝါဒအစီအမံများ ဖော်ဆောင်နိုင်မည်ဆိုလျှင် အနာဂတ် ၅ နှစ် စီမံအုပ်ချုပ်မှုအတွက် အခြေခံအုတ်မြစ် ချမှတ်ပေးလိုက်မည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ကွန်ဆာဗေးတစ်အုပ်စု နိုင်ငံရေးပါတီ၏ အပြစ်တင်တိုက်ခိုက်မှုကို ခံရမည် ဖြစ်ကြောင်း သုံးသပ်ထားသည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ လွှတ်တော်အရှေ့တွင် လီဂျေမြောင်နှင့် ၎င်း၏ ဇနီး အောင်ပွဲခံနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၄ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မဲရုံတစ်ခုတွင် မဲဆန္ဒရှင်များ မဲပေးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————————-
(Chinese Version)
国际观察|火速上岗 韩国新总统面临内外四大挑战
新华社首尔6月4日电 韩国中央选举管理委员会4日上午正式确定,共同民主党候选人李在明当选总统。李在明当天上午宣誓就职。
韩国舆论认为,李在明的新政府面临实现国家团结稳定、提振韩国经济、调整对外政策、缓解半岛紧张局势四大挑战。尤其是在对外关系方面,李在明如何应对美国关税政策冲击,怎样推行“务实平衡”外交,颇受关注。
胜选三大因素
李在明作为左翼阵营候选人,在3日韩国总统选举中获得49.42%的得票率,领先保守派政党国民力量党候选人金文洙8个百分点,得票数创韩国总统选举纪录。
韩国媒体分析,李在明这次胜选主要有三大原因。
一是前总统尹锡悦弹劾事件重挫保守阵营形象。尹锡悦政府支持率在去年底已处于低迷,随后其支持率一度低至10%左右。另外,尹锡悦在距离选举还剩不到20天时才宣布退党“切割”,拖累其所在国民力量党选情。
二是韩国民众对于执政政党更迭愿望强烈。韩国近日民调结果显示,54.4%的受访者倾向于共同民主党上台。另外,李在明在上届选举中仅以0.73个百分点的微弱劣势不敌尹锡悦,此后作为党首带领共同民主党对尹锡悦政府形成制衡,收获不少民众支持。
三是保守阵营内部涣散。自尹锡悦被弹劾后,国民力量党内部就候选人人选缠斗至候选人登记前最后一刻,这一过程中金文洙与党内议员裂痕持续扩大。韩国《中央日报》说,金文洙在竞选期间一度处于难以获得党内支持的尴尬状态。
执政四大挑战
韩国媒体和专家解读,韩国目前面临内政外交一系列困局,火速上台的李在明政府能否在较短时间内稳定国内政局、解决经济难题、实现外交平衡、缓和半岛局势,受到高度关注。
挑战一:政局。尹锡悦政府戒严风波以来,韩国两大阵营陷入无尽内斗,政府施政几乎停滞,民意对立愈发严重。稳定国内政局,弥合社会裂痕,将考验李在明政府的执政智慧。李在明4日发表当选讲话时说,将团结国民、克服内乱局面。
挑战二:经济。韩国经济第一季度出现负增长,亮起“红灯”。韩国中央银行把今年国内生产总值增长预期从1.5%大幅下调至0.8%,原因包括内需复苏乏力,美国滥施关税挫伤韩国出口等。李在明4日承诺,将全力以赴提振经济和改善民生。
韩国媒体分析,对美经贸政策将是决定新政府初期成败的关键点之一。韩国梨花女子大学经济学系教授石秉勋说:“韩国今年经济最大变数就是与美国的关税谈判。”韩美在4月商定,争取到7月初就关税问题及两国产业合作达成“一揽子协议”。李在明此前表示,虽然需要与美国就关税问题谈判,但最重要的原则是维护国家利益,无需急于提前达成协议。
挑战三:外交。在对外政策方面,韩国专家认为,李在明政府将调整韩国前政府“亲美和日”外交路线,推行“实用外交”。李在明提出,将推动韩国外交多元化,推进地区战略以及与全球南方国家合作,基于国家利益务实发展与中国、美国、日本、俄罗斯的关系。他此前表示,中国是韩国重要的贸易伙伴,将稳定处理韩中关系。韩国前青瓦台国政情况室室长权起植认为,随着李在明政府上台,韩国对外政策可能出现较大调整。
挑战四:半岛局势。朝鲜半岛紧张局势近来不断升级,尹锡悦政府对朝鲜采取强硬姿态。李在明此前在竞选中表示,将推进恢复韩朝军事热线等沟通渠道,推动南北对话和交流合作。
韩联社解读,目前李在明所在的共同民主党在韩国国会占据半数以上席位,韩国政坛时隔12年再次出现“朝大野小”局面,这为李在明执政提供了主导政局的基础。但目前民众对于新政府期待较高,李在明政府施政时间紧迫。新政府如果能在就职百日内推出能获得民众信任的政策措施,将为今后5年执政奠定基础;反之,将招致保守阵营政党的指责攻击。(记者:汤沛沛、陆睿、孙一然)
1. 6月4日凌晨,李在明在韩国首尔国会前发表讲话。新华社记者姚琪琳摄
2. 6月4日凌晨,李在明偕夫人在韩国首尔国会前庆祝。新华社记者姚琪琳摄
3. 6月3日,韩国选民在首尔一处投票站投票。新华社记者姚琪琳摄