International Organizations
၂၀၂၅ ခုနှစ် ဇွန် ၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပေါ်တူဂီက ခရစ္စတီယာနို ရော်နယ်ဒို၏ သွင်းဂိုးဖြင့် ဂျာမနီကို အနိုင်ယူကာ နေးရှင်းလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်
ဇွန် ၄ ရက်က မြူးနစ်မြို့၌ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပေါ်တူဂီအသင်းက ဂျာမနီအသင်းအား နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အိမ်ရှင်အသင်း၏ ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ရေး မျှော်လင့်ချက်များကို အဆုံးသတ်စေခဲ့သည်။ အဆိုပါ ပွဲစဉ်၌ အဆုံးအဖြတ်ဖြစ်စေမည့် အနိုင်ဂိုးကို ခရစ္စတီယာနို ရော်နယ်ဒိုက သွင်းယူခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်အား မိုးသီးမုန်တိုင်း ကျရောက်မှုကြောင့် ၁၀ မိနစ်နောက်ကျပြီးမှ ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ကာ ဂျာမနီက ပိုမိုမြန်ဆန်စွာ ကစားကွက်အထိုင်ကျခဲ့ပြီး လီယွန် ဂေ့ါဇ်ကာက ပေါ်တူဂီဂိုးသမား ဒီယိုဂို ကော်စတာကို စောစောစီးစီး ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့သလို ပွဲဦးထွက် ပါဝင်ခွင့်ရခဲ့သည့် နစ်ခ် ဝိုလ်တမ်မာဒီနှင့် အလက်ဇန်းဒါး ပက်ဗလိုဗစ်တို့၏ လှပသေသပ်သော တွဲလုံးမှတစ်ဆင့် အခွင့်အရေး ထပ်မံဖန်တီးနိုင်ခဲ့သည်။
သို့သော် ပေါ်တူဂီအသင်းက မကြာမီမှာပင် ကစားကွက်ပြန်မိလာပြီး ပက်ဒရို နက်တို၏ အမြန်နှုန်းက ဂျာမနီခံစစ်ကို မကြာခဏ အလုပ်ရှုပ်စေခဲ့ပြီး တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ဂျာမနီဂိုးသမား မာ့ခ်-အန်ဒရေ တာစတီဂျန်ကို နှစ်ကြိမ် ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့သည်။ တာစတီဂျန်မှာ ဒဏ်ရာကြောင့် အချိန်ကြာမြင့်စွာ အနားယူခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ဖလော်ရီယန်ဗက်ဇ်က ဂျာမနီအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ လေဗာကူဆင် ကွင်းလယ်ဖန်တီးရှင် ဗက်ဇ်က ဂျိုရှူအာ ကင်းမစ်ချ်၏ အနေတော်ပေးပို့မှုအား အချိန်ကိုက်ပြေးဝင်၍ ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။
ပေါ်တူဂီကစားသမား ဖရန်ဆစ်စကို ကွန်ဆီကာအိုက လူစားဝင်လာပြီး မိနစ်ပိုင်းအကြာမှာပင် တစ်ကိုယ်တော်အစွမ်းဖြင့် ဘောလုံးဆွဲယူလာပြီး အတွင်းသို့ချိုးဝင်ကာ အဝေးထောင့်ဆီသို့ ဝေ့ဝိုက်ကန်သွင်း၍ ချေပဂိုးရယူပေးခဲ့သည်။
ဂျာမနီအသင်း ပြန်လည်စုဖွဲ့ချိန် မရမီမှာပင် အနိုင်ဂိုးသွင်းယူခြင်း ခံခဲ့ရပြီး ဘရူနို ဖာနန်ဒက်ဇ်နှင့် နူနို မန်ဒက်စ်တို့၏ ပါးနပ်သော တွဲလုံးကြောင့် ဂျာမနီခံစစ် ဟန်ချက်ပျက်သွားချိန်တွင် မန်ဒက်စ်က ဂိုးဧရိယာထဲသို့ အနိမ့်ဘော ပေးပို့ခဲ့ရာ ရော်နယ်ဒိုက ပိတ်သွင်း၍ အနိုင်ဂိုးသွင်းယူခဲ့သည်။ အသက် ၄၀ နှစ်နှင့် ၁၁၉ ရက်ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ ဂျာမနီအသင်းဘက်ကို ဂိုးသွင်းနိုင်သည့် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပေါ်တူဂီအသင်းမှာ ဗိုလ်လုပွဲဆီသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဂျာမနီအသင်းမှာမူ ဇွန် ၈ ရက်တွင် တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
…..
— ချီလီအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီကို အနားပေးဖွယ်ရှိ
ချီလီအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီမှာ အရန်ခုံ၌ ရှိနေနိုင်သည်ဟု အာဂျင်တီးနားအသင်း နည်းပြဖြစ်သူ လီယွန်နယ် စကာလိုနီက ဇွန် ၄ ရက်၌ ပြောကြားခဲ့သည်။
စကာလိုနီ၏ အသင်းမှာ ဘောလုံးလောက၏ ပြယုဂ်ဟု ဆိုရမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီးဖြစ်ရာ ဆန်တီယာဂိုတွင် ဇွန် ၅ ရက်၌ ယှဉ်ပြိုင်ကစားရမည့် အဆိုပါပွဲစဉ်မှာ အနည်းငယ်သာ သက်ရောက်မှုရှိမည်ဖြစ်သည်။
သို့သော် ချီလီအသင်းမှာမူ အသင်း ၁၀ သင်း ပါဝင်သော တောင်အမေရိကဇုန်၌ အမှတ်ပေးဇယားအောက်ဆုံး၌ ရပ်တည်နေသည့်အတွက် ခပ်ရေးရေးမျှသာရှိသော ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်အတွက် မဖြစ်မနေ နိုင်ပွဲလိုအပ်လျက်ရှိသည်။
“သူ ပွဲထွက်ပါဝင်လာမလားဆိုတာကို ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး” ဟု အင်တာမိုင်ယာမီအသင်းတွင် ခြေစွမ်းပြနေသည့် အသက် ၃၇ နှစ်အရွယ် မက်ဆီအား နည်းပြစကာလိုနီက ရည်ညွှန်းပြောဆိုခဲ့သည်။
“သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေကို သိရရင်တော့ သိပ်ကောင်းမှာပါ။ ဒီနေ့ ကျွန်တော်တို့အနေနဲ့ တခြား စမ်းသပ်စရာတွေ လုပ်နိုင်တဲ့ အနေအထားမှာ ရှိတယ်ဆိုတာ သေချာပါတယ်။ ယေဘုယျအားဖြင့်တော့ သူကစားဖို့ အသင့်ရှိနေပါတယ်။ ကျွန်တော်တို့ အဲဒါကို နောက်ပိုင်းမှာ ဆုံးဖြတ်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
…..
— အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လာမည်ဟု ဂျေဒန်ဆန်ချို အတည်ပြု
မန်ချက်စတာယူနိုက်တက်မှ ချဲလ်ဆီးအသင်းထံ အငှားဖြင့် လာရောက်ကစားနေသည့် ဂျေဒန်ဆန်ချိုက ဇွန်လ၌ အငှားစာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ချဲလ်ဆီးအသင်းထံ အပြီးသတ် ပြောင်းရွှေ့မည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် ၂၅ နှစ်အရွယ်ရှိ အဆိုပါ အင်္ဂလန်တောင်ပံကစားသမားမှာ စတမ်းဖို့ဒ် ဘရစ်ဂျ်၌ တစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီး ချဲလ်ဆီးအသင်းမှာ ၎င်းအား ပေါင် ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃၄ သန်း) ဖြင့် အပြီးသတ် ခေါ်ယူခွင့်ပါရှိသော သဘောတူစာချုပ်ဖြင့် အငှားခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီချက်၌ ချဲလ်ဆီးအနေဖြင့် အပြီးသတ်ခေါ်ယူခြင်း မရှိပါက ယူနိုက်တက်အား လျော်ကြေးအဖြစ် ပေါင်ငါးသန်း ပေးချေရမည့် အချက်ကို ထည့်သွင်းထားကြောင်း သိရသည်။
ချဲလ်ဆီးက ရီးရဲလ်ဘက်တစ်အား ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့သည့် ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲတွင် ဆန်ချိုမှာ လှပသော သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း တစ်ရာသီလုံး အတိုင်းအတာအားဖြင့်မူ ၎င်း၏ စွမ်းဆောင်ရည်မှာ လုံလောက်မှုမရှိခဲ့ပေ။ ၎င်းအနေဖြင့် လိဂ်ပြိုင်ပွဲတွင် ၃၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသာ သွင်းယူနိုင်သည့်အတွက် ချဲလ်ဆီးအသင်းက ၎င်းအား အပြီးသတ်ခေါ်ယူခြင်း မပြုတော့ဘဲ လျော်ကြေးပေးရန် သဘောတူလက်ခံခဲ့ခြင်းဖြစ်သည်။
ဆန်ချိုက “အတွေ့အကြုံတွေအတွက် ကျေးဇူးတင်ပါတယ်။ ကိုယ့်အိမ်ကိုယ့်ရာလို ခံစားမိစေတဲ့ အသင်းဖော်တွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေ အပါအဝင် ချဲလ်ဆီးအသင်းက လူအားလုံးကို အလွန်ချစ်မြတ်နိုးပါတယ်” ဟု ဆိုရှယ်မီဒီယာ၌ ရေးသားလျက် ထိုဆုံးဖြတ်ချက်အား အတည်ပြုခဲ့သည်။
…..
— အင်ဒိုနီးရှားနှင့် အဆုံးအဖြတ်ပွဲစဉ်အတွက် အသင့်ဖြစ်နေပြီဟု တရုတ်ဘောလုံးအသင်းနည်းပြ အိုင်ဗန်ကိုဗစ် ပြော
တရုတ်ဘောလုံးအသင်းအနေဖြင့် ဇွန် ၅ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆုံးအဖြတ်ပွဲစဉ်အတွက် စိတ်ပိုင်းဆိုင်ရာအရ အသင့်ဖြစ်နေပြီဖြစ်ကြောင်း နည်းပြဖြစ်သူ ဘရန်ကို အိုင်ဗန်ကိုဗစ်က ဇွန် ၄ ရက်၌ ပြောကြားခဲ့သည်။ အိမ်ရှင်ပရိသတ် ၈၀,၀၀၀ နီးပါး ကွင်းအပြည့် လာရောက်အားပေးမည့် ဂျလိုရာဘန်း ကာနို အားကစားကွင်းထဲတွင် စိန်ခေါ်မှုပြင်းထန်သော ပတ်ဝန်းကျင်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း နည်းပြအိုင်ဗန်ကိုဗစ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇွန် ၄ ရက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အိုင်ဗန်ကိုဗစ်က ၎င်း၏အသင်းအနေဖြင့် ဖိအားများကို ရင်ဆိုင်ရမည်ဟု ဝန်ခံပြောကြားခဲ့ပြီး အင်ဒိုနီးရှား၏ အိမ်ကွင်းဖြစ်သော အဆိုပါကွင်းကြီးမှာ အုပ်စု-C ပွဲစဉ်များတွင် ဂျပန်တစ်သင်းသာ အနိုင်ရလဒ် ရယူထားနိုင်သည့် ခံတပ်တစ်ခုပင်ဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
…………………………
(English Version)
Portugal turns the tables on Germany in Nations League semifinal
Cristiano Ronaldo scored the decisive goal as Portugal came from behind to defeat Germany 2-1 in the UEFA Nations League semifinal in Munich on Wednesday, ending the hosts’ hopes of reaching the tournament final for the first time.
After a 10-minute delay caused by a hailstorm, Germany settled more quickly. Leon Goretzka tested Diogo Costa early, while debutant Nick Woltemade linked well with Aleksandar Pavlovic to create another opportunity.
However, Portugal soon found its rhythm. Pedro Neto’s blistering pace repeatedly exposed the German defense, and Ronaldo tested goalkeeper Marc-Andre ter Stegen twice. It was Ter Stegen’s first appearance since returning from a lengthy injury layoff.
Florian Wirtz broke the deadlock just after the restart. The Bayer Leverkusen playmaker timed his run perfectly to meet Joshua Kimmich’s lofted pass, guiding a header into the bottom corner.
Francisco Conceicao, introduced just minutes earlier, turned the match with a stunning solo strike, cutting inside and curling the ball into the far corner.
Germany barely had time to regroup before falling behind. A slick one-two between Bruno Fernandes and Nuno Mendes split the German backline, and Mendes’ low cross was converted by Ronaldo. At 40 years and 119 days old, he became the oldest player ever to score against Germany. Germany will now play in Sunday’s third-place playoff, while Portugal advances to the final.
…..
Argentina may rest Messi for Chile clash
Argentina captain Lionel Messi could start on the bench in his team’s FIFA World Cup qualifier against Chile, Albiceleste head coach Lionel Scaloni said on Wednesday.
Thursday’s clash in Santiago will have little consequence for Scaloni’s men, who have already secured a spot in football’s showpiece tournament next year.
Chile, meanwhile, is last in the 10-team South American group and must win to have an outside chance of qualifying.
“We haven’t decided yet whether he’ll play from the start or not,” Scaloni said of 37 year-old Messi, who has been in impressive form for his club Inter Miami.
“It would be good to know how he’s feeling physically. It’s clear that today we’re in a position to try other things. In principle, he’s available to play, and we’ll decide later.”
…..
Sancho confirms Old Trafford return
Jadon Sancho has confirmed he will not join Chelsea permanently when his loan from Manchester United ends in June.
The 25-year-old English winger spent the season at Stamford Bridge, where Chelsea held an option to make the move permanent for 25 million pounds (34 million U.S. dollars). The agreement included a clause requiring Chelsea to pay Manchester United five million pounds in compensation if they declined to exercise the option.
Although Sancho scored a standout goal in the UEFA Conference League final, where Chelsea defeated Real Betis 4-1, his overall campaign was underwhelming. He registered three goals in 31 league appearances, prompting Chelsea to forgo the permanent signing and accept the compensation clause.
Sancho confirmed the decision on social media with a message reading “grateful for the experience. Big love to everyone at Chelsea who made me feel at home – teammates, staff and the fans.”
…..
Ivankovic says China “ready” for do-or-die match against Indonesia
China coach Branko Ivankovic said Wednesday that his team is mentally prepared for Thursday’s do-or-die FIFA World Cup qualifier against Indonesia, despite the challenging environment at Gelora Bung Karno Stadium, which will be packed with nearly 80,000 home fans.
Speaking at a pre-match press conference, Ivankovic acknowledged the pressure his team will face, noting that the stadium has been a fortress for Indonesia where only Japan managed to win in the Group C matches.