Connect with us

Politics, Law & Military

တရုတ် သမ္မတ ရှီကျင့်ဖိန် ဗြိတိန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် အပြီး တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

ဗြိတိန် ဘုရင်မ အဲလိဇဘတ် ၂ နှင့်တရုတ်သမ္မတ ရှီကျင့်ဖိန်တို့အား တော်ဝင် ရထားလုံးအတွင်း မြင်တွေ့ရစဉ်။(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗြိတိန်နိုင်ငံသို့ ငါးရက်တာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့ရာမှ အောက်တိုဘာလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

ဗြိတိန်နိုင်ငံ ဘုရင်မ အဲလိဇဘတ် ၂ ၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခြင်း ဖြစ်သလို ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံ သမ္မတ တစ်ဦးအဖြစ် ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက်မှ ၂၃ ရက်အထိ ပြုလုပ်ခဲ့သော ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးအား ၂၁ ရာစု အတွက် ကမ္ဘာလုံးဆိုင်ရာ ကျယ်ပြန့်သော မဟာဗျူဟာ မိတ်ဖက်အဖြစ် မြှင့်တင်နိုင်ခဲ့သလို ယခုခရီးစဉ်သည် တရုတ်-ဗြိတိန် ဆက်ဆံရေးအား ခိုင်မြဲပြီး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် နှစ်ဦးနှစ်ဘက် အကျိုးရှိသော ရွှေရောင်လွှမ်းသော နယ်ပယ်သစ်များ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

သမ္မတ ရှီသည် ခရီးစဉ်အတွင်း လန်ဒန်အပြင် အင်္ဂလန်မြောက်ပိုင်း မန်ချက်စတာသို့ ရောက်ရှိခဲ့ပြီး မန်ချက် စတာ တက္ကသိုလ်ရှိ National Graphene အင်စတီကျု့သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့ပြင် မန်ချက်စတာ လေဆိပ်မြို့သို့လည်း ရောက်ရှိခဲ့ပြီး မန်ချက်စတာနှင့် ပေကျင်းအကြား လေကြောင်း ခရီးစဉ်များ တိုက်ရိုက် ပျံသန်းရေး အစီအစဉ်အား ကြေညာခဲ့သည်။

တရုတ်-ဗြိတိန် နှစ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ စာချုပ် နှင့် သဘောတူညီမှုများကို ချုပ်ဆိုနိုင်ခဲ့သလို ဗြိတိန်နိုင်ငံ ဟင်ကလေပွိုင့် တွင် နျူကလီးယား စက်ရုံတွင် ရင်းနှီးမြှုပ်နှံခွင့်၊ ငွေကြေးဆိုင်ရာ သဘောတူညီမှုများ စသည့် သဘောတူညီမှုများ ရရှိခဲ့ပါသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117