Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ က ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် တွေဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ရွှေခေတ်ကာလ ရောက်ရှိတော့မည်ကို အပြည့်အဝ ယုံကြည်ကြောင်း ပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ဒေဗစ် ကင်မရွန်း တို့ မှ အောက်တိုဘာ ၂၂ ရက်နေ့ တွင် Chequers villa ၌ ချစ်ကြည်ရေး အထိမ်းအမှတ် သစ်ပင် စိုက်နေစဉ်(ဆင်ဟွာ)

လန်ဒန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ဒေဗစ် ကင်မရွန်း တို့သည် အောက်တိုဘာ ၂၂ ရက်နေ့ တွင် Chequers villa ၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့ က villa ရှေ့ရှိ မြက်ခင်းပြင်တွင် အတူတကွ ချစ်ကြည်ရေး အထိမ်းအမှတ် သစ်ပင် စိုက်ခဲ့ကြကာ ရှီကျင့်ဖိန် က ယခု အကြိမ် ဗြိတိန် သို့ လာရောက်လည်ပတ် ခဲ့ရာတွင် အောင်မြင်မှု များစွာရရှိခဲ့ပြီး ၎င်း အနေဖြင့် တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး ၏ ရွှေခေတ်ကာလ ရောက်ရှိတော့မည် ကို အပြည့်အဝ ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ယခု အကြိမ် လည်ပတ်ရေး ခရီးစဉ် မှ သဘောတူညီမှု များစွာ ရရှိခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အား ပိုမို မြင့်မားသော အဆင့်သို့ မြှင့်တင် ပေးနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန် တွင် တရုတ် နိုင်ငံ မှ ၁၃ ခုမြောက် ၅ နှစ် စီမံကိန်း ကို ရေးဆွဲနေပြီး ဤ စီမံကိန်း ဆောင်ရွက်ရာ ကာလတွင် ပြည်ပ နိုင်ငံ များမှ တရုတ် နိုင်ငံ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်း တွင် ပါဝင် ဆောင်ရွက်ရာတွင် ပိုမို အဆင်ပြေ စေသည့် အချက်များ ပါဝင် လာမည် ဖြစ်ပြီး ပိုမိုကျယ်ပြန့်သော ဈေးကွက် နှင့် ပိုမို များပြားသည် အခွင့်အလမ်း များကိုလည်း ရရှိ မည် ဖြစ်ကြောင်း ၊ တာဝန် သိစိတ် ရှိသော အင်အားကြီး နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမို ပေးဆပ် သွားမည် ဖြစ်ကြောင်း ၊ အီးယူ အဖွဲ့အစည်း သည် တရုတ် နိုင်ငံ ၏ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး ရှိပြီး အကြီးဆုံးသော ကုန်သွယ်မှု မိတ်ဆွေ အဖွဲ့အစည်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပိုမို တိုးတက်ဖွံ့ဖြိုးတိုးတက် ပြီး ပိုမို စည်းလုံးညီညွတ်သည့် အီးယူ အဖွဲ့အစည်း ကို တွေ့ရှိရန် မျှော်လင့် ကြောင်း ၊ ဗြိတိန် နိုင်ငံ အနေဖြင့် အီးယူ အဖွဲ့အတွင်းမှ အရေးပါသော အဖွဲ့ဝင် နိုင်ငံ အနေဖြင့် တရုတ်-အီးယူ ဆက်ဆံရေး အား ပိုမို တိုးတက်ကောင်မွန် စေရန် တက်ကြွစွာ အပြုသဘောဆောင်သည့် ဆောင်ရွက်မှု များ ပြုလုပ်သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ဒေဗစ် ကင်မရွန်း မှ နှစ်နိုင်ငံ အနေဖြင့် တစ်ဖက် နိုင်ငံ ၏ ရပ်တည်မှု များကို ပိုမို နားလည်ပေးသည့် လေးစားမှု ထားရှိသည့် ပုံစံ ဖြင့် နှစ်ဦးနှစ်ဘက် တည်ငြိမ်ဖွံ့ဖြိုး တိုးတက်ရန် ကို အပြန်အလှန် ထောက်ခံသွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ယခု ခရီးစဉ် သည် အလွန်အောင်မြင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကိုလည်း ပိုမို မြင့်မားသည့် အဆင့်ကို တွန်းပို့ ပေးနိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ မှ လည်း ဗြိတိန်-တရုတ် ၂၁ ရာစု ကမ္ဘာလုံးဆိုင်ရာ ဘက်စုံမဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး ကိုလည်း ကြေညာ ခဲ့ကြကြောင်း ၊ ဗြိတိန် နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့သည် အဓိက စီးပွားရေး အသိုက်အဝန် များ ဖြစ်ကြပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အမြဲတန်း အဖွဲ့ဝင် များလည်း ဖြစ်ကြသဖြင့် မိတ်ဆွေ ပူးပေါင်သူ များ ဖြစ်ခဲ့ရကြောင်း ၊ ဗြိတိန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အား အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း အတွင်း ပိုမို အရေးပါ စေရန် ထောက်ခံအားပေးကြောင်း ၊ အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ်(AIIB) ထူထောင်ခြင်း ၊ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့ တွင် ပြောင်းလဲမှု များ ဆောင်ရွက်ခြင်း နှင့် တရုတ် ယွမ်ငွေ အား အပြည်ပြည် ဆိုင်ရာ သုံးငွေကြေး အဖြစ်ဆောင်ရွက်ခြင်း စသည့် ဆောင်ရွက်မှု များကို ထောက်ခံအားပေးကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အီးယူ-တရုတ် ဆက်ဆံရေး ဖွံဖြိုးတိုးတက်ရန် ဆောင်ရွက် ရာတွင် ထိရောက်သော ဆောင်ရွက်မှု များပြုလုပ်သွား ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန် နိုင်ငံ လည်ပတ်ရေး ခရီးစဉ် အတွင်းတွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံ အကြား အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ စာချုပ် နှင့် သဘောတူညီမှု များကို ချုပ်ဆို နိုင်ခဲ့ပြီး အောင်မြင်မှု များစွာ ကိုလည်း ရရှိနိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.