China
ရှီကျင့်ဖိန်နှင့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov တွေ့ဆုံဆွေးနွေး

အက်စ်တာနာ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့၌ ဒုတိယအကြိမ်မြောက် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး တက်ရောက်နေစဉ်အတွင်း ဒေသစံတော်ချိန် ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ရှီကျင့်ဖိန်က သံတမန်ဆက်ဆံရေး ထူထောင်သည့် ၃၃ နှစ်အတွင်း တရုတ်-ကာဂျစ္စတန် ဆက်ဆံရေးသည် ခုန်ပျံကျော်လွှား တိုးတက်လာအောင် ဖော်ဆောင်ခဲ့ပြီး သမိုင်းတွင် အကောင်းဆုံး ကာလသို့ရောက်ရှိနေကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီတွင် မိမိတို့သည် ပေကျင်း၌ ရလဒ်ကြွယ်ဝသည့် တွေ့ဆုံဆွေးနွေးမှုကျင်းပခဲ့ကာ အရေးကြီးသဘောတူညီချက်များစွာ ရရှိခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် အားကောင်းသော စွမ်းအားသစ်များ ဖြည့်တင်းပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကာဂျစ္စတန်နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချိတ်ဆက်မှု စဉ်ဆက်မပြတ် နက်ရှိုင်းစေပြီး အပြန်အလှန်၏ အဓိကအကျိုးစီးပွားနှင့် အရေးကြီး ဂရုပြုစိုးရိမ်ပူပန်မှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ဆက်လက်ခိုင်မာစွာ အပြန်အလှန်ထောက်ခံအားပေးကာ နှစ်ဖက်၏ ဘုံဖြစ်၍ ရေရှည်ဖြစ်သော အကျိုးစီးပွားကို ကောင်းမွန်စွာထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-ကာဂျစ္စတန် ပူးပေါင်းဆောင်ရွက်နိုင်မှု များစွာရှိကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏကို တိုးချဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အပြန်အလှန်ချိတ်ဆက်မှုကွန်ရက် တိုးတက်ကောင်းမွန်စေပြီး တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန်ရထားလမ်း တည်ဆောက်မှုကို အရည်အသွေးမြင့် တွန်းအားပေးဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ထွန်းသစ်စကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ပြီး သန့်ရှင်းစွမ်းအင်၊ အစိမ်းရောင်သတ္တုထုတ်ကုန်၊ ဉာဏ်ရည်တု စသည့်ကဏ္ဍများတွင် တိုးတက်မှု အချက်အသစ်များ ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ကူးလူးဖလှယ်မှုကို နက်ရှိုင်းစွာလုပ်ဆောင်ပြီး ပိုမိုများပြားသော ပြည်သူ့အကျိုးပြုစီမံကိန်းများကို ဖော်ဆာင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-ကာဂျစ္စတန်နှစ်နိုင်ငံလုံးသည် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှု၏ အကျိုးခံစားရသူများ ဖြစ်ကြောင်း၊ တစ်ဖက်သတ်ဝါဒကို အတူတကွဆန့်ကျင်၍ နိုင်ငံတကာ ကုန်သွယ်စီးပွားရေး စည်းစနစ်ကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းကာ ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးကို တွန်းအားပေးသွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် ရှေ့ဆင့်နောက်ဆင့် ထမ်းဆောင်ကာ ထိပ်သီးအစည်းအဝေး ကြီးမှူးကျင်းပခဲ့ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကာဂျစ္စတန်နိုင်ငံနှင့်အတူ အပြန်အလှန် ထောက်ခံအားပေး၍ SCO ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် အတူတကွ တွန်းအားပေးသွားမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
Sadyr Japarov က သမ္မတရှီကျင့်ဖိန်၏ သာလွန်ကောင်းမွန်သော ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် စည်ပင်ဝပြောကာ ချမ်းသာကြွယ်ဝ၍ အင်အားတောင့်တင်းသော လမ်းကြောင်းပေါ်တွင် အစွမ်းကုန် ရှေ့သို့ချီတက်လျက်ရှိပြီး ကြီးမြတ်သော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ကာ နိုင်ငံတကာစင်မြင့်ထက်တွင် အရေးပါသည့် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ကာဂျစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး တိုးတက်မှုကို ဖော်ဆောင်ရန် များစွာ အလေးထားကြောင်း၊ နှစ်ဖက်က အပြန်အလှန်လေးစားသော၊ တန်းတူညီမျှ၍ အပြန်အလှန် အကျိုးဖြစ်ထွန်းသော၊ အိမ်နီးချင်းနိုင်ငံများနှင့် သင့်မြတ်ကာ ချစ်ကြည်ရင်းနှီးသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံ အဓိကအကျိုးစီးပွားနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ခိုင်မာစွာ ထောက်ခံအားပေးပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မြဲစွာကျင့်သုံးကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး” ပုံစံအားလုံးကို ဆန့်ကျင်ပြီး တရုတ်နိုင်ငံ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်သည့် အင်အားမှန်သမျှကို ကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကာဂျစ္စတန်၏ အကြီးဆုံး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်ဖြစ်ကြောင်း၊ ကာဂျစ္စတန်နိုင်ငံအနေဖြင့် ပိုမိုများပြားသည့် တရုတ်လုပ်ငန်းကုမ္ပဏီများ ကာဂျစ္စတန်နိုင်ငံတွင် လာရောက် လုပ်ငန်းတည်ထောင်ရန် ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း တည်ဆောက်မှု စသည့်စီမံကိန်းများ ကောင်းမွန်စွာဖော်ဆောင်၍ စွမ်းအင်၊ အစိမ်းရောင် သတ္တုထုတ်ကုန် စသည့်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ကာ နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေလိုကြောင်း Sadyr Japarov က ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး သုံးရပ်ကို ကာဂျစ္စတန်က တက်ကြွစွာ ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ လက်တွေ့ဖော်ဆောင်၍ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၊ တရုတ်-ဗဟိုအာရှယန္တရားများတွင် ရင်းနှီးစွာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်းနှင့် ကမ္ဘာကြီး လုံခြုံမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်ဝပြောမှုကို မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များက စိုက်ပျိုးရေး၊ အကောက်ခွန်၊ သိပ္ပံနည်းပညာ၊ မီဒီယာ စသည့်ကဏ္ဍများ လွှမ်းခြုံပါဝင်သည့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု စာချုပ်များစွာကို ကြေညာ၍ လက်မှတ်ရေးထိုးမှုကို မျက်မြင်သက်သေပြုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ချိုက်ချီ၊ ဝမ်ရိ စသည်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
习近平会见吉尔吉斯斯坦总统扎帕罗夫
新华社阿斯塔纳6月17日电(记者杨依军 刘恺)当地时间6月17日上午,国家主席习近平在阿斯塔纳出席第二届中国-中亚峰会期间会见吉尔吉斯斯坦总统扎帕罗夫。
习近平指出,建交33年来,中吉关系实现跨越式发展,处于历史最好时期。今年2月我们在北京举行富有成果的会晤,达成一系列重要共识,为两国合作注入新的强劲动力。中方愿同吉方一道,持续深化发展战略对接,在涉及彼此核心利益和重大关切问题上继续坚定相互支持,维护好双方共同和长远利益。
习近平强调,中吉合作大有可为。双方要扩大贸易和投资规模,深化金融合作;完善互联互通网络,高质量推进中吉乌铁路建设;拓展新兴领域合作,在清洁能源、绿色矿产、人工智能等方面培育新的增长点;深化文化、旅游、教育、卫生等领域交流,实施更多惠民项目。中吉两国都是经济全球化的受益者,要共同反对单边主义,坚定维护国际经贸秩序,推动构建更加公正合理的全球治理体系。双方将先后担任上海合作组织轮值主席国并主办峰会,中方愿同吉方相互支持,共同推动上合组织取得更大发展。
扎帕罗夫表示,在习近平主席卓越领导下,中国沿着繁荣富强的道路奋力前行,取得伟大发展成就,在国际舞台上发挥着关键引领作用。吉方高度重视发展对华关系,珍视双方相互尊重、平等互利、睦邻友好的战略伙伴关系,在涉及中国核心利益问题上坚定支持中方立场,坚定奉行一个中国原则,反对一切形式的“台独”,反对任何势力干涉中国内政。中国是吉尔吉斯斯坦最大贸易和投资伙伴,吉方欢迎更多中国企业赴吉兴业,愿同中方共同实施好中吉乌铁路建设等项目,加强能源、绿色矿产等领域合作,更好造福两国人民。吉方积极支持习近平主席提出的三大全球倡议,愿同中方共同践行,在联合国、上海合作组织、中国-中亚机制中密切协调和合作,促进地区和世界安全稳定和发展繁荣。
会见后,两国元首共同见证双方宣布签署农业、海关、科技、媒体等领域多份双边合作文件。
蔡奇、王毅等参加上述活动。(完)
图说:当地时间6月17日上午,国家主席习近平在阿斯塔纳出席第二届中国-中亚峰会期间会见吉尔吉斯斯坦总统扎帕罗夫。新华社发