Connect with us

China

လီချန်က မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ်သစ် Gombojavyn Zandanshatar ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ်သစ် Gombojavyn Zandanshatar ထံသို့ ဇွန် ၁၈ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် လီချန်က တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံသည် အပြန်အလှန်အားဖြင့် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြကြောင်း ဖော်ပြခဲ့သည်။ ယခုနှစ်များတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Ukhnaagiin Khürelsükh တို့၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် တရုတ်-မွန်ဂိုလီးယား ဆက်ဆံရေးသည် တည်ငြိမ် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးခဲ့သလို ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသည့် အကျိုးကို ထမ်းဆောင်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် မွန်ဂိုလီးယားနိုင်ငံနှင့်အတူ တရုတ်-မွန်ဂိုလီးယား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ဦးဆောင်ကာ နှစ်ဖက် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ခိုင်မာရန်၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချိတ်ဆက်မှုများ အားဖြည့်ရန်၊ ကဏ္ဍစုံ ပူးပေါင်းဖလှယ်မှုများ တိုးချဲ့ရန်၊ တရုတ်-မွန်ဂိုလီးယား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ရှေ့သို့ တိုးတက်ရေး တွန်းအားပေးရန် ဆောင်ရွက်သွားလိုကြောင်း လီချန်က သဝဏ်လွှာတွင် ဖော်ပြထားသည်။ (Xinhua)
——————–
(Chinese Version)
李强向蒙古国新任总理赞登沙特尔致贺电
新华社北京6月18日电 6月18日,国务院总理李强向蒙古国新任总理贡布扎布·赞登沙特尔致贺电。
李强表示,中国和蒙古互为重要近邻。近年来,在习近平主席和呼日勒苏赫总统的战略引领下,中蒙关系平稳健康发展,给两国人民带来切实福祉,也为地区和平稳定作出重要贡献。中方愿同蒙方一道,以构建中蒙命运共同体为引领,夯实双方政治互信,加强发展战略对接,扩大各领域交流合作,推动中蒙全面战略伙伴关系不断向前发展。(完)