China
ရှီကျင့်ဖိန်နှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Christopher Luxon တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်သော နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Christopher Luxon နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇွန် ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၅၀ ကျော်ကြာကာလတွင် တရုတ်-နယူးဇီလန် ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ၏ လှိုင်းဒဏ်လေဒဏ် အပြောင်းအလဲများကို ဖြတ်သန်းခဲ့ကြရာ နှစ်ဖက်အနေဖြင့် အစဉ်အမြဲ အပြန်အလှန်လေးစားမှု၊ လက်တွဲမှုဖြင့် ရှေ့သို့ လျှောက်လှမ်းခဲ့ကြကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် တရုတ်နှင့် အနောက်တိုင်း ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဆက်ဆံရေး ရှေ့တန်းတွင် ရေရှည် လျှောက်လှမ်းခဲ့ကြရာ နှစ်နိုင်ငံပြည်သူများကို လက်တွေ့ကျကျ အကျိုးစီးပွားများ ဆောင်ကြဉ်းပေးခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
တရုတ်-နယူးဇီလန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ဒုတိယဆယ်စုနှစ်အား ဖွင့်လှစ်သည့် အခါသမယတွင် နှစ်ဖက်အနေဖြင့် တရုတ်-နယူးဇီလန် ဆက်ဆံရေးကို ဆယ်စုနှစ်သစ်တစ်ခုတွင် ပို၍ကြီးမားသော တိုးတက်မှုရရှိစေရန်၊ နှစ်နိုင်ငံပြည်သူများအား ပို၍ အကျိုးပြုနိုင်စေရန် အတူတကွ တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်-နယူးဇီလန် နှစ်ဖက်သည် ပူးပေါင်းဆောင်ရွက်မှုကို နှစ်ဖက်ဆက်ဆံရေး၏ ပို၍ ပေါ်လွင်ထင်ရှားသောနေရာ၌ ထားရှိရမည် ဖြစ်ကြောင်း၊ အားသာချက် အပြန်အလှန်ဖြည့်စွက်မှုဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးခြင်း၊ ဥတုရာသီပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းခြင်း၊ အခြေခံအဆောက်အဦ စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုအလားအလာကို ဖော်ထုတ်ရမည် ဖြစ်သလို ပညာရေး၊ ယဉ်ကျေးမှု၊ လူငယ်ကဏ္ဍ၊ အရပ်ဖက်ကဏ္ဍ၊ ဒေသန္တရကဏ္ဍ ဖလှယ်ရေးကို အားဖြည့်ကာ နှစ်ဖက်ဆက်ဆံရေး၏ အနှစ်သာရကို ကြွယ်ဝအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
တရုတ်-နယူးဇီလန်အကြားတွင် သမိုင်းရန်ငြိုးနှင့် အငြင်းပွားမှု မရှိသလို အခြေခံအကျိုးစီးပွား ပဋိပက္ခလည်း မရှိကြောင်း၊ အပြန်အလှန်လေးစားကာ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းထားရမည်ဖြစ်သလို နှစ်နိုင်ငံ၏ ခြားနားမှုနှင့် ကွဲလွဲမှုများကို မှန်ကန်စွာ ရှုမြင်ရမည် ဖြစ်ကြောင်း၊ ယခုနှစ်သည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်နှင့် ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ စစ်ပွဲအပြီး နိုင်ငံတကာစည်းစနစ်အား တည်ဆောက်သူနှင့် ထိန်းသိမ်းသူ အနေဖြင့် တရုတ်-နယူးဇီလန် နှစ်နိုင်ငံသည် ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို အတူတကွ ကာကွယ်ရမည် ဖြစ်သလို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဗဟိုပြုသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို အတူတကွ ကာကွယ်ထိန်းသိမ်းကာ နိုင်ငံတကာစည်းစနစ် ပို၍ တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည့် ဦးတည်ချက်သို့ တိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Christopher Luxon က နယူးဇီလန်-တရုတ် ဆက်ဆံရေး အနက်အဓိပ္ပာယ် ကြီးမားကြောင်း ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖိန်သည် နယူးဇီလန်သို့ ခရီးစဉ်လာရောက်ခဲ့ရာ နှစ်ဖက်အနေဖြင့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ထူထောင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ နယူးဇီလန်သည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို အထူးအလေးထားရာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် နားလည်မှုကို အခိုင်အမာ လက်ကိုင်ထားကာ အဆင့်မြင့်အလွှာကူးလူးဖလှယ်မှုကို ထိန်းသိမ်းသွားလိုကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏကို တိုးချဲ့သွားလိုကြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ နို့ထွက်ကုန်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ ခရီးသွားလာရေး၊ ပညာရေး စသည့်နယ်ပယ်များ၏ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို အနီးကပ် ဆောင်ရွက်၍ နယူးဇီလန်-တရုတ် ဆက်ဆံရေး ပိုမိုကြီးမားသော တိုးတက်မှုရရှိအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိကမ္ဘာသည် မရေရာမှုများနှင့်ပြည့်နှက်လျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်ကြကြောင်း၊ နယူးဇီလန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ တက်ကြွစွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လိုကြောင်း၊ နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်သွားလိုကြောင်း၊ တရုတ်နိုင်ငံက လာမည့်နှစ်တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (APEC) အစည်းအဝေး ကျင်းပမည့်အပေါ် နယူးဇီလန်အနေဖြင့် ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဝမ်ရိ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
习近平会见新西兰总理拉克森
新华社北京6月20日电(记者董雪)6月20日上午,国家主席习近平在北京人民大会堂会见来华进行正式访问的新西兰总理拉克森。
习近平指出,建交50多年来,中新关系历经国际形势风云变幻,双方始终相互尊重、携手前行,两国关系长期走在中国同西方发达国家关系前列,给两国人民带来实实在在的福祉。在中新全面战略伙伴关系开启第二个10年之际,双方要共同推动中新关系在新的10年取得更大发展,更好造福两国人民。
习近平强调,中新双方要把合作放在双边关系中更加突出的位置,发挥互补优势,深化贸易和投资合作,挖掘科技创新、应对气候变化、基础设施等领域合作潜力,加强教育、文化、青年、民间、地方交流,丰富双边关系内涵。中新之间没有历史恩怨纠葛,没有根本利益冲突,要相互尊重、求同存异,正确看待和处理两国差异和分歧。今年是世界反法西斯战争胜利80周年和联合国成立80周年,作为战后国际秩序的建设者和维护者,中新两国要共同捍卫以联合国为核心的国际体系,维护以世界贸易组织为核心的多边贸易体制,共同维护国际公平正义,推动国际秩序朝着更加公正合理的方向发展。
拉克森表示,新中关系意义重大。2014年,习近平主席访问新西兰,双方建立全面战略伙伴关系。在两国领导人战略引领下,各领域合作蓬勃发展。新方高度重视对华关系,将继续奉行一个中国政策,愿同中方坚持相互尊重、相互理解,保持高层交往,扩大贸易、投资规模,深化农业、渔业、乳业合作,密切旅游、教育等领域人文交流,推动新中关系取得更大发展。当今世界充满不确定性,国际社会期待中国发挥更大作用。新方愿同中方积极沟通协调,维护多边贸易体制,共同应对全球挑战。新方支持中国明年举办亚太经合组织会议。
王毅参加会见。(完)
1. 6月20日上午,国家主席习近平在北京人民大会堂会见来华进行正式访问的新西兰总理拉克森。 新华社记者 申宏 摄