Connect with us

China

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ယူနန်ခရီးသွားနေထိုင်ခြင်းပြခန်းဇုန်သို့ သွားရောက်ရာဝယ်

၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ယူနန်ခရီးသွားနေထိုင်ခြင်းပြခန်းဇုန်တွင် လာရောက်လေ့လာသူများက ဒေသထွက်စားသောက်ကုန်များအား ရွေးချယ်ဝယ်ယူနေသည်ကို ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန် ၁၉ ရက်မှ ၂၄ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပခဲ့သည်။ ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ပထမဆုံးအကြိမ် ခင်းကျင်းပြသသည့် ယူနန်ခရီးသွားနေထိုင်ခြင်းပြခန်းဇုန်၌ ယူနန်ခရီးသွားနေထိုင်ခြင်း၊ ယူနန်တွင်နေထိုင်ခြင်း၊ ကျန်းမာရေးအတွက် နေထိုင်ရန်နေရာဟူသောခေါင်းစဉ်ဖြင့် ပြခန်းဇုန်သုံးခု ခင်းကျင်းပြသထားသည်။ ခရီးသွားနေထိုင်မှုအရင်းအမြစ်များအား ခင်းကျင်းပြသမှု၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ တင်ဆက်ဖျော်ဖြေမှု၊ ခရီးသွားနေထိုင်မှုလုပ်ငန်းအခြေအနေနှင့် ထုတ်ကုန်မိတ်ဆက်ပေးမှု၊ ရွှေ့ပြောင်းနေထိုင်ရန်လုပ်ငန်းကုမ္ပဏီများ လက်မှတ်ရေးထိုးရန် ချိတ်ဆက်ဆွေးနွေးမှု စသည့်ပုံစံများဖြင့် ယူနန်ပြည်နယ်၏ “တောတောင်ရေမြေများတွင် စတင်ကာ လူနေမှုဘဝသို့ ရောက်ရှိခြင်း” ဟူသည့် သာယာချမ်းမြေ့မှုကို ဘက်စုံတင်ဆက်ခဲ့သည်။
လတ်တလောနှစ်ပိုင်းအတွင်း ယူနန်ပြည်နယ်သည် မိမိကိုယ်ပိုင် တစ်မူထူးခြားသည့်အားသာချက်ဖြင့် ခရီးသွားနေထိုင်သူများ၏ ဦးတည်ရာနေရာဖြစ်လာခဲ့သည်။ စာရင်းကောက်ယူမှုများအရ ယခုနှစ် ပထမသုံးလပတ်အတွင်း ယူနန်ပြည်နယ်၌ ခရီးသွားနေထိုင်သူ လူဦးရေသည် ၂.၂၈၈၁ သန်းရှိပြီး ယမန်နှစ်ကာလတူထက် ၅၆.၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။ (Xinhua)

၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ယူနန်ခရီးသွားနေထိုင်ခြင်းပြခန်းဇုန် ကျောင်းထုံးပြခန်းတွင် စိုက်ပျိုးရေးထုတ်ကုန်များအား လေ့လာကြည့်ရှုနေသူများကို ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ယူနန်ခရီးသွားနေထိုင်ခြင်းပြခန်းဇုန်တွင် တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသော ဝန်ထမ်းများက လာရောက်ကြည့်ရှုသူများကို အတူကခုန်ရန် ဖိတ်ခေါ်နေသည်ကို ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
新华全媒+丨走进南博会旅居云南馆
新华社照片,昆明,2025年6月20日
第9届中国—南亚博览会于6月19日至24日在云南昆明举行。本届南博会首次设立的旅居云南馆设旅居云南、住在云南、康养胜地三大主题展区,通过旅居资源展示、非遗展演、旅居业态和产品推介、旅居企业签约洽谈等形式,全方位呈现云南“始于山水、归于烟火”的美好。
近年来,云南凭借自身独特优势,成为众多旅居者的目的地。据统计,今年一季度,云南省旅居人数达228.81万人,同比增长56.9%。
1、6月20日,观众在第9届中国—南亚博览会旅居云南馆选购特色食品。新华社记者 胡超 摄
2、6月20日,观众在第9届中国—南亚博览会旅居云南馆昭通展位了解特色农产品。新华社记者 高咏薇 摄
3、6月20日,在第9届中国—南亚博览会旅居云南馆,身着民族服饰的工作人员邀请现场观众一起跳舞。新华社记者 胡超 摄