China
တရုတ်နိုင်ငံက Chinasat-9C ဂြိုဟ်တု လွှတ်တင်

ရှီးချန်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအသစ်တစ်စင်းကို ဇွန် ၂၀ ရက်က အာကာသအတွင်း လွှတ်တင်ခဲ့ကြောင်း သိရသည်။
Chinasat-9C ဂြိုဟ်တုကို Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ည ၈:၃၇ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
ယခုအကြိမ်လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၅၈၂ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်လည်း ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Chinasat-9C ဂြိုဟ်တုတင်ဆောင်ထားသော Long March-3B သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
China launches satellite Chinasat-9C
XICHANG, June 20 (Xinhua) — China sent a new satellite into space on Friday from the Xichang Satellite Launch Center in the southwestern province of Sichuan.
The satellite Chinasat-9C was launched at 8:37 p.m. (Beijing Time) by a Long March-3B carrier rocket, and entered the preset orbit successfully.
The launch marks the 582nd flight mission of the Long March carrier rocket series.
Photo 1, 2: A Long March-3B carrier rocket carrying the satellite Chinasat-9C blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, June 20, 2025. (Photo by Xu Lihao/Xinhua)