Connect with us

China

စင်ကာပူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်၏ တရုတ်နိုင်ငံခရီးစဉ်ဆိုင်ရာ အစီအစဉ်များကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မိတ်ဆက်ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ဇွန် ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်၏ ဖိတ်ကြားမှုအရ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်သည် ဇွန် ၂၂ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင် ခရီးစဉ် လာရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ယခုအကြိမ်ခရီးစဉ်၏ သက်ဆိုင်ရာအစီအစဉ်များကို ဇွန် ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ပြောကြားခဲ့သည်။

စင်ကာပူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်က မေလတွင် ရာထူးစတင်ထမ်းဆောင်ပြီးနောက် အာဆီယံမှအပ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရွေးချယ်ခဲ့ရာ တရုတ်-စင်ကာပူ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အထူးအလေးထားကြောင်း အပြည့်အဝ ပြသခဲ့သည်ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
ခရီးစဉ်ကာလအတွင်း သမ္မတ ရှီကျင့်ဖိန်သည် ဝန်ကြီးချုပ် လောရင့်စ်ဝေါင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သလို ဝန်ကြီးချုပ် လီချန်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့ကလည်း ၎င်းနှင့် အသီးသီးတွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး တရုတ်-စင်ကာပူ ဆက်ဆံရေးနှင့် ဘုံအာရုံစိုက်သော နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဖက်က နက်ရှိုင်းစွာ အမြင်သဘောထားချင်း ဖလှယ်ကြမည်ဖြစ်ကြောင်း ကောကျားခွန်းက မိတ်ဆက်ပြောကြားခဲ့သည်။

တရုတ်နှင့် စင်ကာပူသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနှင့် အရေးပါသော ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာ လမ်းညွှန်မှုအောက်တွင် တရုတ်-စင်ကာပူ ဆက်ဆံရေးသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ၂၀၂၃ ခုနှစ်တွင် ဘက်စုံထောင့်စုံ အရည်အသွေးမြင့် အနာဂတ်သို့ ရှေးရှုသည့် မိတ်ဖက်ဆက်ဆံရေး အနေအထားကို တည်ထောင်ခဲ့ရာ ခေတ်သစ် တရုတ်-စင်ကာပူ ဆက်ဆံရေးအတွက် ဦးတည်ချက်ကို လမ်းညွှန်ပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ယခုနှစ်သည် တရုတ်-စင်ကာပူ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၃၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်တယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ယခုအကြိမ်ခရီးစဉ်မှတစ်ဆင့် စင်ကာပူနိုင်ငံနှင့်အတူ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုကို တစ်ဆင့်တိုး မြှင့်တင်ကာ ကဏ္ဍအသီးသီး ကူးလူးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်သော ကုန်သွယ်မှုကို အတူလက်တွဲ ထိန်းသိမ်းကာကွယ်ကာ တရုတ်-စင်ကာပူဆက်ဆံရေးကို စမှတ်အသစ်တွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအား တွန်းအားပေးရန်၊ ဒေသတွင်းနှင့် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်သာယာဝပြောရေးအတွက် ပိုမိုကြီးမားသော ပံ့ပိုးကူညီမှုများဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………
(Chinese Version)
外交部介绍新加坡总理黄循财访华有关安排
新华社北京6月20日电(记者成欣、袁睿)应国务院总理李强邀请,新加坡总理黄循财将于6月22日至26日对中国进行正式访问。外交部发言人郭嘉昆20日在例行记者会上介绍了此访有关安排。
郭嘉昆说,黄循财总理5月就职后将中国作为东盟外首访国家,充分体现了对发展中新关系的高度重视。访问期间,习近平主席将会见黄循财总理,李强总理、赵乐际委员长将分别同他举行会谈会见,双方将就中新关系和共同关心的国际和地区问题深入交换意见。
郭嘉昆表示,中国和新加坡是友好近邻和重要合作伙伴。在两国领导人战略引领下,中新关系保持良好发展势头。两国领导人2023年确立了全方位高质量的前瞻性伙伴关系定位,为新时期中新关系发展指明了方向。
“今年是中新建交35周年。”郭嘉昆说,中方期待通过此访,同新方进一步加强战略沟通,深化各领域交流合作,携手维护多边主义和自由贸易,推动中新关系在新的起点上实现更大发展,为地区和世界的发展繁荣作出更大贡献。(完)