Connect with us

China

ရှီကျင့်ဖိန်နှင့် မိုဇမ်ဘစ်နိုင်ငံ သမ္မတ Daniel Chapo တို့ တရုတ်-မိုဇမ်ဘစ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မိုဇမ်ဘစ်နိုင်ငံ သမ္မတ Daniel Chapo တို့သည် ဇွန် ၂၅ ရက်တွင် တရုတ်-မိုဇမ်ဘစ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ အတွင်း၌ နိုင်ငံတကာအခြေအနေ မည်ကဲ့သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံနှင့် မိုဇမ်ဘစ်နိုင်ငံတို့သည် အပြန်အလှန် ယုံကြည်အားထား၍ အပြန်အလှန် ထောက်ခံအားပေးခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် ကျောက်ဆောင်ပမာ ခိုင်မြဲကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ နှစ်ဖက်က သံတမန်ဆက်ဆံရေး ထူ‌ထောင်သည့် မူလရည်မှန်းချက်ကို အရင်းခံ၍ ရှေ့သို့လက်တွဲချီတက်ပါက နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုထွန်းတောက်သည့် အနာဂတ်ရရှိလာမည်ကို မိမိအနေဖြင့် ခိုင်မာစွာ ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-မိုဇမ်ဘစ် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို မိမိအနေဖြင့် များစွာအလေးထားကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်ကို စမှတ်အသစ်အဖြစ် ထားရှိကာ အစဉ်အလာချစ်ကြည်ရေး တိုးတက်လာစေရန် လုပ်ဆောင်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ရေးနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် စသည့် မူဘောင်များအတွင်း၌ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-မိုဇမ်ဘစ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာမျက်နှာသစ်အား အတူတကွရေးသားသွားရန် အဆွေတော် သမ္မတနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သဝဏ်လွှာတွင် Daniel Chapo က နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၅၀ နှစ်ပြည့်သည် မိုဇမ်ဘစ်နိုင်ငံ လွတ်လပ်ရေးရရှိခြင်း နှစ် ၅၀ ပြည့်နှင့် တိုက်ဆိုင်လျက်ရှိရာ နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုနှင့် ညီရင်းအစ်ကိုပမာ သံယောဇဉ်ကို ပေါ်လွင်စေကြောင်း၊ တရုတ်နိုင်ငံက မိုဇမ်ဘစ်နိုင်ငံ လွတ်လပ်ရေးဖော်ဆောင်သည့် လမ်းကြောင်းတွင် ခြွင်းချက်မရှိ ထောက်ခံအားပေးမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မိုဇမ်ဘစ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်လိုက်နာကာ တရုတ်နိုင်ငံအစိုးရ၏ နိုင်ငံတော်ပေါင်းစည်းဖြစ်တည်မှုအတွက် အလုံးစုံကြိုးပမ်းမှုကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံ၏ အရေးကြီးအဆိုပြုချက်များကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန် လေးစားသော၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော အခြေခံပေါ်တွင် နှစ်ဖက်ဆက်ဆံရေး ဆက်လက်နက်ရှိုင်းလာစေပြီး လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့၍ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူတကွကာကွယ်ကာ ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် စည်ပင်ဝပြောရေးကို မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
习近平同莫桑比克总统查波就中莫建交50周年互致贺电
新华社北京6月25日电 6月25日,国家主席习近平同莫桑比克总统查波互致贺电,庆祝两国建交50周年。
习近平指出,建交50年来,无论国际形势如何变化,中国和莫桑比克都彼此信赖、相互支持,两国友好坚如磐石。我坚信,只要双方秉持建交初心、携手并进,两国关系就必将迎来更加光明的未来。我高度重视中莫关系发展,愿同总统先生一道努力,以建交50周年为新起点,弘扬传统友谊,在高质量共建“一带一路”和中非合作论坛等框架内深化互利合作,共同书写中莫全面战略合作伙伴关系新篇章。
查波表示,两国建交50周年恰逢莫桑比克独立50周年,彰显两国传统友好和兄弟情谊。感谢中方在莫争取独立道路上给予的无条件支持。莫方将继续恪守一个中国原则,支持中国政府为实现国家统一所作一切努力,支持中方重大倡议,愿同中方在相互尊重、互利共赢基础上持续深化双边关系,拓展务实合作,共同捍卫多边主义,促进世界和平、安全与繁荣。(完)