Connect with us

China

AIIB ဥက္ကဋ္ဌအသစ်အဖြစ် ကျို့ကျားရီအား ရွေးချယ်

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၏ လာမည့် ဥက္ကဋ္ဌသစ်အဖြစ် ကျို့ကျားရီအား ရွေးချယ်လိုက်ကြောင်း AIIB အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေကျင်းမြို့တွင် ဇွန် ၂၄ ရက်၌ ကြေညာခဲ့သည်။
AIIB တည်ထောင်သူဥက္ကဋ္ဌ ကျင်းလိချွင်၏ ဒုတိယမြောက် ငါးနှစ်သက်တမ်းပြီးဆုံးသည့်နေ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ကျို့၏ ငါးနှစ်သက်တမ်း စတင်မည်ဖြစ်သည်။
ကျို့သည် ကမ္ဘာငွေကြေးမူဝါဒရေးရာတွင် ဆယ်စုနှစ် သုံးခုကြာ အတွေ့အကြုံများရှိသည့် အတွေ့အကြုံရင့်ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ယင်းဘဏ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ ဒုတိယဘဏ္ဍာရေးဝန်ကြီးဟောင်းတစ်ဦးလည်း ဖြစ်သူ ကျို့သည် အဓိက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများနှင့်အတူ တရုတ်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းရာတွင် အရေးပါသော အတွေ့အကြုံလည်းရှိသူ ဖြစ်သည်။ ၎င်း၏ အတွေ့အကြုံက ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ်နှင့် New Development Bank စသည့် အဖွဲ့အစည်းများအား ပါဝင်အားဖြည့်ပေးခဲ့သည်။
“ကျွန်မကို ယုံကြည်စွာနဲ့ နေရာပေးတဲ့ AIIB အဖွဲ့ဝင်များကို ကျေးဇူးလည်းတင်ပါတယ်။ ဂုဏ်လည်းယူပါတယ်” ဟု ကျို့က ပြောခဲ့သည်။ AIIB အနေဖြင့် အဖွဲ့ဝင်နိုင်ငံ ၃၈ နိုင်ငံရှိ စီမံကိန်း ၃၂၂ ခု၊ အခြား ထိပ်တန်း နိုင်ငံစုံ ဖွံ့ဖြိုးတိုးတက်မှုဘဏ်များနှင့် မိတ်ဖက်ဆောင်ရွက်သည့် ကိစ္စရပ်များစွာ၌ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မတည်ရင်းနှီးငွေများလည်း မြှုပ်နှံထားပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
AIIB သည် အနာဂတ်အတွက် စဉ်ဆက်မပြတ်စွမ်းဆောင်နိုင်မှုကို ဗဟိုပြုလျက် “မနက်ဖြန်အတွက် အခြေခံအဆောက်အအုံ” ငွေကြေးပံ့ပိုးပေးရန် စိတ်နှစ်မြှုပ်လုပ်ဆောင်ခဲ့သည့် နိုင်ငံစုံဖွံ့ဖြိုးတိုးတက်မှုဘဏ် တစ်ခု ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် လုပ်ငန်းစတင်လည်ပတ်ခဲ့သော AIIB သည် ကမ္ဘာတစ်ဝန်း အတည်ပြုအဖွဲ့ဝင်နိုင်ငံပေါင်း ၁၁၀ ရှိလာကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Zou Jiayi elected as next AIIB president
BEIJING, June 24 (Xinhua) — Zou Jiayi has been elected as the next president of the Asian Infrastructure Investment Bank (AIIB), the chair of AIIB’s Board of Governors announced in Beijing on Tuesday.
Zou’s five-year term will begin Jan. 16, 2026, the day after founding President Jin Liqun concludes his second five-year term.
Zou is an experienced leader with over three decades of experience in global financial policy, according to the bank’s official website. As the former Chinese vice minister of finance, she has been instrumental in China’s engagement with major international financial institutions. Her experience spans organizations such as the World Bank Group, the Asian Development Bank and the New Development Bank.
“I am humbled and honored by the trust that AIIB members have placed in me,” Zou said, adding that AIIB has already invested development capital in 322 projects across 38 member economies, in many cases in partnership with other leading multilateral development banks.
The AIIB is a multilateral development bank dedicated to financing “infrastructure for tomorrow,” with sustainability at its core. Having started operations in 2016, the AIIB now has 110 approved members worldwide.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.