China
ရှီကျင့်ဖိန်နှင့် အီကွေဒေါနိုင်ငံ သမ္မတ Daniel Noboa တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နွေရာသီဒါဗို့စ်ဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် အီကွေဒေါနိုင်ငံ သမ္မတ Daniel Noboa နှင့် ဇွန် ၂၇ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-အီကွေဒေါ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၄၅ နှစ်မြောက်ဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအရှိန်အဟုန်ကောင်းမွန်လျက်ရှိကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
“ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး မိသားစုကြီးတွင် အီကွေဒေါနိုင်ငံပါဝင်လာပြီး နှစ်ဖက်အနေဖြင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့ကြရာ စွမ်းအင်၊ သတ္တု၊ လျှပ်စစ်ဓာတ်အား၊ အခြေခံအဆောက်အဦတည်ဆောက်ရေး စသည့် ကဏ္ဍများတွင် ကြွယ်ဝ၍ အောင်မြင်ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-အီကွေဒေါ ဆက်ဆံရေးကို မဟာဗျူဟာ မြင့်မားမှုနှင့် ရေရှည်ရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ရာ အီကွေဒေါနိုင်ငံနှင့်အတူ တရုတ်-အီကွေဒေါ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် နက်ရှိုင်းခိုင်မြဲစေရန်၊ နှစ်နိုင်ငံ ပြည်သူများ၏အကျိုးကို ပို၍ ကောင်းမွန်စွာ သယ်ပိုးသွားရန် တွန်းအားပေးဆောင်ရွက်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-အီကွေဒေါ နှစ်ဖက်သည် အပြန်အလှန်လေးစားယုံကြည်ကြသည့် မိတ်ဆွေကောင်း၊ အတူတကွဖွံ့ဖြိုးတိုးတက်ကြသည့် မိတ်ဖက်ကောင်းများအဖြစ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ အပြန်အလှန်ဗဟိုအကျိုးစီးပွားနှင့် အရေးကြီးစိုးရိမ်မှုများကို ဆက်လက်အခိုင်အမာရပ်တည်ကာ ကဏ္ဍစုံ၊ အလွှာစုံ ကူးလူးဖလှယ်မှုများကို အားဖြည့်ပြီး နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံဖလှယ်မှုများကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ အဓိက ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အကောင်အထည်ဖော်ကာ လက်တွေ့ကျသော အောင်မြင်မှုရလဒ်များ ရရှိရန် တွန်းအားပေးရမည်ဖြစ်သလို နှစ်ဖက်ကုန်သွယ်ရေး အဆင့်သစ်သို့ ထပ်မံတက်လှမ်းနိုင်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပညာရေး၊ ယဉ်ကျေးမှု၊ မီဒီယာ၊ လူငယ် စသည့် ကဏ္ဍဖလှယ်မှုများကို အားဖြည့်၍ အပြန်အလှန်သင်ယူလေ့လာမှုကို နက်ရှိုင်းစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး အောင်မြင်မှုရလဒ်များအား လက်တွေ့ဖော်ဆောင်ကာ တရုတ်-CELAC ချစ်ကြည်ရေးကို မြှင့်တင်လျက် ဖွံ့ဖြိုးတိုးတက်ရေးအတူကြိုးပမ်းခြင်း၊ တရုတ်- CELAC အေးအတူ ပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောစွမ်းအင် ဖြည့်တင်းပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Daniel Noboa က တရုတ်နိုင်ငံသည် ကမ္ဘာသိဖွံ့ဖြိုးတိုးတက်သည့် အောင်မြင်မှုများ ရရှိခဲ့ရာ လေးစားဖွယ်ထိုက်ကြောင်း ပြောကြားခဲ့သည်။ အီကွေဒေါ-တရုတ်သည် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို ရေရှည်လက်ကိုင်ထားကာ ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြောင်း၊ အီကွေဒေါနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံက အင်တိုက်အားတိုက် ကူညီပံ့ပိုးမှုကို အီကွေဒေါနိုင်ငံက ထာဝရ အမှတ်ရနေမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး စဉ်ဆက်မပြတ်နက်ရှိုင်းအောင် ဆောင်ရွက်ရန်၊ ကုန်သွယ်စီးပွားသွားလာမှုများ အားဖြည့်ရန်၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူငယ် စသည့် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ နီးကပ်စွာလုပ်ဆောင်ရန်၊ နှစ်နိုင်ငံပြည်သူများ၏အကျိုးကို ပိုမိုကောင်းမွန်စွာ သယ်ပိုးရန် အီကွေဒေါနိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များက “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အီကွေဒေါသမ္မတနိုင်ငံ၏ ‘ရပ်ဝန်းနှင့် ပိုးလမ်းမ’ တည်ဆောက်ရေး အတူတွန်းအားပေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်” လက်မှတ်ရေးထိုးမှုကို အတူတကွမျက်မြင်သက်သေပြုခဲ့ကြသည်။
အထက်ပါအခမ်းအနားများကို ဝမ်ရိ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————–
(Chinese Version)
习近平会见厄瓜多尔总统诺沃亚
新华社北京6月27日电(记者邵艺博)6月27日上午,国家主席习近平在北京人民大会堂会见来华出席夏季达沃斯论坛的厄瓜多尔总统诺沃亚。
习近平指出,今年是中厄建交45周年,两国关系发展势头良好。厄瓜多尔加入共建“一带一路”大家庭,双方签署自由贸易协定,在能源、矿业、电力、基础设施建设等领域开展了富有成效的合作。中方始终从战略高度和长远角度看待和发展中厄关系,愿同厄方一道努力,推动中厄全面战略伙伴关系不断走深走实,更好造福两国人民。
习近平强调,中厄双方要做互尊互信的好朋友、共同发展的好伙伴。继续坚定支持彼此核心利益和重大关切,加强各领域各层级交往,增进治国理政经验交流。落实好重点合作项目,推动取得切实成果,推动双边贸易再上新台阶。加强教育、文化、媒体、青年等领域交流,深化互学互鉴。落实好中拉论坛第四届部长级会议成果,促进中拉友好,共谋发展振兴,共建中拉命运共同体,为世界和平与发展注入正能量。
诺沃亚表示,中国取得举世瞩目发展成就,令人钦佩。厄中长期坚持相互尊重、平等互利,成功开展广泛合作,中方为厄经济社会发展提供大力支持帮助,厄方永远不会忘记。厄方期待不断深化对华关系,加强经贸往来,密切科技、文化、教育、青年等领域合作,更好造福两国人民。
会见后,两国元首共同见证签署《中华人民共和国政府与厄瓜多尔共和国政府关于共同推进“一带一路”建设的合作规划》。
王毅参加上述活动。(完)
1. 6月27日上午,国家主席习近平在北京人民大会堂会见来华出席夏季达沃斯论坛的厄瓜多尔总统诺沃亚。 新华社记者 黄敬文 摄