Asia
အမေရိကန်နှင့် စည်းကြပ်ခွန်ဆိုင်ရာ ဆွေးနွေးမှုများတွင် နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်မည်ဟု ဂျပန်ဝန်ကြီးချုပ် ကတိပြု

တိုကျို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ဂျပန်အပေါ် စည်းကြပ်ခွန်တိုးမြှင့်မည်ဟု အမေရိကန်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် စည်းကြပ်ခွန်ဆိုင်ရာ ဆွေးနွေးမှုများတွင်း နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန် အရေးကြီးကြောင်း ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက ဇူလိုင် ၂ ရက်၌ အလေးအနက်ပြောကြားခဲ့သည်။
ဂျပန်အနေဖြင့် အမေရိကန်တွင် ပမာဏအများဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သကဲ့သို့ အမေရိကန်၌ အလုပ်အကိုင်အများဆုံး ဖန်တီးပေးသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည့်အလျောက် “အခြားနိုင်ငံများနှင့် အခြေအနေချင်း မတူညီကြောင်း” ပါတီခေါင်းဆောင်များ၏ စကားစစ်ထိုးပွဲ၌ အီရှီဘာက ပြောကြားခဲ့သည်။
အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချရန် အရေးကြီးသော်လည်း စည်းကြပ်ခွန်များထက် ရင်းနှီးမြှုပ်နှံမှုကသာ အဓိကကျသော ဖြေရှင်းနည်းဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်နှင့် လုပ်ဆောင်နေသော ဆွေးနွေးမှုများအပေါ် သံသယရှိကြောင်း ပြောကြားခဲ့ပြီး စည်းကြပ်ခွန်များကို ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ ထပ်မံတိုးမြှင့်မည့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အီရှီဘာ၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်က ဂျပန်မှတင်သွင်းသော မော်တော်ယာဉ်နှင့် မော်တော်ယာဉ် အစိတ်အပိုင်းများအပေါ် ၂၅ ရာခိုင်နှုန်း၊ သံမဏိနှင့် အလူမီနီယံတို့အပေါ် ၅၀ ရာခိုင်နှုန်း အသီးသီး စည်းကြပ်ခွန်ကောက်ခံလျက်ရှိသည်။ နှစ်နိုင်ငံကြား ဝန်ကြီးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း စည်းကြပ်ခွန် ကင်းလွတ်ခွင့်ရရှိရေးအတွက် ဂျပန်နိုင်ငံ၏ ကြိုးပမ်းမှုများမှာ တိုးတက်မှုအနည်းငယ်သာ ရရှိခဲ့သည်။
၂၀၂၄ ခုနှစ်၌ ဂျပန်မှ အမေရိကန်သို့ မော်တော်ယာဉ်တင်ပို့မှုမှာ အမေရိကန်သို့ ပို့ကုန်တင်ပို့မှု စုစုပေါင်းပမာဏ၏ ၂၈.၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း အမေရိကန်သို့ မော်တော်ယာဉ်အစီးရေ ၁.၃၇ သန်း တင်ပို့ခဲ့သည်ဟု ဂျပန်မော်တော်ယာဉ် ထုတ်လုပ်သူများအသင်းထံမှ သိရသည်။ (Xinhua)
……………..
(English Version)
Japanese PM vows to protect national interests in U.S. tariff talks
TOKYO, July 3 (Xinhua) — Japanese Prime Minister Shigeru Ishiba on Wednesday emphasized the importance of safeguarding national interests during tariff negotiations after the United States threatened to increase tariffs on Japan.
Speaking at a party leader debate, Ishiba said Japan is the largest investor in the United States and one of the biggest creators of jobs there, making it “a different case from other countries.”
While reducing U.S. trade deficit is important, he emphasized that investment, rather than tariffs, is the fundamental solution.
The remarks came as U.S. President Donald Trump has expressed skepticism over the ongoing negotiations with Japan, floating the idea of further increasing tariffs to 30 percent or 35 percent.
Japan currently faces a 25 percent U.S.-imposed tariff on automobiles and auto parts, and a 50 percent tariff on steel and aluminum. Despite prior ministerial-level rounds of negotiations, little progress had been made in the country’s attempt to seek tax exemption.
In 2024, Japan’s automobile exports to the United States made up 28.3 percent of Japan’s total exports to the country.
According to the Japan Automobile Manufacturers Association, approximately 1.37 million vehicles were exported to the United States in 2024.
English Caption
U.S. President Donald Trump (R, rear) and visiting Japanese Prime Minister Shigeru Ishiba (L, rear) attend a joint press conference at the White House in Washington D.C., the United States, Feb. 7, 2025. (Xinhua/Hu Yousong)