China
ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa နှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး

ဘရပ်ဆဲလ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa သည် ဒေသစံတော်ချိန် ဇူလိုင် ၂ ရက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် António Costa က ယခုနှစ်သည် ဥရောပသမဂ္ဂ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် ဖြစ်ပြီး နှစ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အခွင့်အလမ်း သယ်ဆောင်လာပေးကြောင်း၊ ဥရောပသမဂ္ဂ-တရုတ် နှစ်ဖက်လုံးသည် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထောက်ခံအားပေးကြောင်း၊ မသေချာမရေရာမှုများ တိုးပွားလာသည့်ကမ္ဘာကြီးအား ရင်ဆိုင်ရာတွင် နှစ်ဖက်လုံးက အချက်အချာကျသည့် အရေးကိစ္စများ၌ ရှင်းလင်း၍ အားကောင်းသော သတင်းစကားကို အတူတကွ ထုတ်လွှင့်ပြီး ကမ္ဘာကြီးအတွက် တည်ငြိမ်မှု ယုံကြည်ချက်နှင့် အပြုသဘောဆောင်သော မျှော်မှန်းချက်များ ဖြည့်တင်းပေးရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ-တရုတ်သည် ကွာဟမှုများရှိသော်လည်း ဥရောပဘက်က တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန်လေးစား၍ ကွဲလွဲမှုများကို ကျော်ဖြတ်ကာ နားလည်မှုများ မြှင့်တင်သွားပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူလက်တွဲ ရင်ဆိုင်သွားလိုကြောင်း၊ နှစ်ဖက် အတူတကွကြိုးပမ်း၍ ဥရောပသမဂ္ဂ-တရုတ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု အသစ်တစ်ကြိမ် အောင်မြင်စွာပြီးစီးရေး တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်သည် ယခုနှစ် နှစ်ဆန်းပိုင်း၌ အဆွေတော် ဥက္ကဋ္ဌနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ တရုတ်-ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်က မိတ်ဖက်ဆက်ဆံရေး အနေအထားကို ကိုင်စွဲထားရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းရန်၊ ကွဲလွဲမှုနှင့် ပွတ်တိုက်မှုများကို သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းရန် သဘောတူညီခဲ့သောကြောင့် တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်ကို အတည်ပြုပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဥရောပတိုက်ကို ဗဟုဝင်ရိုးအသွင်ကမ္ဘာကြီးတွင် အရေးကြီးသောဝင်ရိုးတစ်ခုအဖြစ် ရှုမြင်ထားပြီး ဥရောပမူဝါဒတွင် စဉ်ဆက်မပြတ်ရှိမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားကြောင်း၊ ဥရောပတိုက်က ကောင်းမွန်သော အခြေအနေ၌ ရောက်ရှိနေသည်ဖြစ်စေ ဆိုးရွားသောအခြေအနေ၌ ရောက်ရှိနေသည်ဖြစ်စေ တရုတ်နိုင်ငံအနေဖြင့် ဥရောပတိုက် တစ်သားတည်းအသွင်ပြောင်းရေးကို အစဉ်အမြဲထောက်ခံပြီး ဥရောပသမဂ္ဂ မဟာဗျူဟာ ကိုယ်ပိုင်ရပ်တည်မှု မြှင့်တင်ခြင်းဖြင့် နိုင်ငံတကာစင်မြင့်ထက်တွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်မှုကို တွေ့မြင်လိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့်အတူ ချိတ်ဆက်ညှိနှိုင်းမှု တိုးမြှင့်ကာ ခေါင်းဆောင်များ အသစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုကို ကောင်းမွန်စွာစီစဉ်ပြီး တရုတ်-ဥရောပသမဂ္ဂ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် အနှစ်သာရအသစ်များ ဖြည့်တင်း၍ အနာဂတ်အသစ် ဖွင့်လှစ်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိကမ္ဘာကြီးတွင် ပြောင်းလဲရှုပ်ထွေးမှုများ ရောယှက်လျက်ရှိပြီး တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျစိုးမိုးမှု လုပ်ရပ်များသည် နိုင်ငံတကာစည်းစနစ်နှင့် နိုင်ငံတကာစည်းမျဉ်းများကို ပြင်းထန်စွာ ထိုးနှက်လျက်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ကမ္ဘာ့အင်အားကြီးနှစ်ရပ်၊ စီပွားရေးအစုအဖွဲ့ကြီးနှစ်ခုအနေဖြင့် တရုတ်-ဥရောပသမဂ္ဂသည် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို လက်ကိုင်ထားသဖြင့် အုပ်စုဖွဲ့ အတိုက်အခံပြုမှု မဖြစ်လာနိုင်ကြောင်း၊ တရုတ်-ဥရောပသမဂ္ဂသည် တံခါးဖွင့်၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို ရွေးချယ်ထားသဖြင့် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှု ရေစီးကြောင်းသည် နောက်ပြန်မစီးနိုင်ကြောင်း၊ တရုတ်-ဥရောပသမဂ္ဂသည် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူလက်တွဲဖော်ဆောင်သဖြင့် ကမ္ဘာသည် ဆိုးရွားစွာရှုပ်ထွေးလာမည်မဟုတ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
နိုင်ငံတကာအခြေအနေ ပိုမိုဆိုးရွားရှုပ်ထွေးလာလေ တရုတ်-ဥရောပသမဂ္ဂသည် စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပြီး လှုပ်ခတ်နေသော ကမ္ဘာကြီးတွင် တည်ငြိမ်မှုအင်အားအဖြစ် ခိုင်မြဲစွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အပြန်အလှန်၏ အဓိကအကျိုးစီးပွားကို လက်တွေ့ကျကျ လေးစား၍ အပြန်အလှန် နားလည်မှုတိုးမြှင့်ကာ အပြန်အလှန်အောင်မြင်မှုကို ဖြည့်ဆည်းလုပ်ဆောင်ပေးပြီး ကမ္ဘာကြီးကို ထွန်းလင်းရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
နှစ်ဖက်က ယူကရိန်းအကျပ်အတည်း စသည်တို့နှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် ကိစ္စရပ်၏ ပင်ကို အမှားအမှန်ဖြစ်ပျက်ပုံဖြင့် မိမိ၏ရပ်တည်ချက်ကို အစဉ်အမြဲ ဆုံးဖြတ်လေ့ရှိကြောင်း၊ ငြိမ်းချမ်းရေးဘက်တွင် ဆက်လက်ခိုင်မြဲစွာ ရပ်တည်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေး၊ အကျပ်အတည်းအား နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ဝမ်ရိက ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ဒေသစံတော်ချိန် ဇူလိုင် ၂ ရက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
欧洲理事会主席科斯塔会见王毅
新华社布鲁塞尔7月2日电 当地时间7月2日,欧洲理事会主席科斯塔在布鲁塞尔会见中共中央政治局委员、外交部长王毅。
科斯塔表示,今年欧中迎来建交50周年,为双方关系进一步发展带来重要契机。欧中都支持多边主义,面对不确定性上升的世界,双方有责任在关键议题上共同发出清晰和强有力信号,为世界注入稳定信心和积极预期。欧中虽存在差异,但欧方愿同中方相互尊重、超越分歧、增进理解,携手应对全球性挑战,期待双方共同努力,推动新一次欧中领导人会晤取得圆满成功。欧盟将继续坚定奉行一个中国政策。
王毅说,习近平主席今年初同主席先生通电话,拉开了中欧庆祝建交50周年序幕。双方同意应坚持伙伴定位、开展互利合作、维护多边主义、妥处分歧摩擦,为中欧关系发展明确了方向。中国视欧洲为多极世界中的重要一极,对欧政策保持连续性稳定性。无论欧洲处于顺境还是逆境,中方始终支持欧洲推进一体化,乐见欧盟加强战略自主,在国际舞台上发挥更大作用。中方愿同欧方加强沟通协调,筹备好新一次领导人会晤,为中欧全面战略伙伴关系注入新内涵、开辟新前景。
王毅表示,当今世界变乱交织,单边主义、霸凌行径严重冲击国际秩序和国际规则。作为世界两大力量、两大经济体,中欧坚持对话合作,阵营对立就难以形成;中欧选择开放共赢,经济全球化潮流就不会逆转;中欧携手践行多边主义,世界就乱不到哪儿去。国际形势越是严峻复杂,中欧就越需要加强团结协调,坚定做动荡世界中的稳定性力量。要切实尊重彼此核心利益,增进理解互信,相互成就,照亮世界。
双方还就乌克兰危机等交换了看法。王毅强调,中方始终根据事情本身的是非曲直决定自身立场,将继续坚定站在和平一边,为劝和促谈、政治解决危机发挥建设性作用。
同日,王毅同欧盟委员会主席冯德莱恩会见。(完)
图说:当地时间7月2日,欧洲理事会主席科斯塔在布鲁塞尔会见中共中央政治局委员、外交部长王毅。 新华社记者 彭子洋 摄