Connect with us

International Organizations

ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် အိမ်ရှင်ပရိသတ်များ၏ အချစ်တော် ရာဒူကာနူက ချန်ပီယံဟောင်း ဗွန်ဒရူဆိုဗာကို အနိုင်ရရှိ

လန်ဒန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ဇွန် ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲတွင် အိမ်ရှင်ပရိသတ်များ၏ အချစ်တော် တင်းနစ်ကြယ်ပွင့် အမ်မာ ရာဒူကာနူက ချန်ပီယံဟောင်းဖြစ်သူ ချက်တင်းနစ်မယ် မာကီတာ ဗွန်ဒရူဆိုဗာကို ၆-၃၊ ၆-၃ ဖြင့် အနိုင်ယူကာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ရာဒူကာနူမှာ ပွဲစဉ်တစ်လျှောက်လုံး လက်ရည်အသာစီးဖြင့် ယှဉ်ပြိုင်သွားခဲ့ပြီး ၂၀၂၃ ခုနှစ် ဝင်ဘယ်ဒန်ချန်ပီယံ ဗွန်ဒရူဆိုဗာမှာမူ unforced error များကြောင့် ရုန်းကန်ခဲ့ရသည်။ ရာဒူကာနူအနေဖြင့် ပွဲချိန် ၈၂ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြိုင်ဘက်အား အနိုင်ရရှိခဲ့ကာ နောက်တစ်ဆင့်၌ ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဆာဘလန်ကာမှာ Center Court တင်းနစ်ကွင်း၌ ချက်တင်းနစ်မယ် မာရီ ဘူဇ်ကိုဗာကို ၇-၆ (၄)၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
“ဒါက အချိန်အတော်ကြာအတွင်း ကျွန်မကစားခဲ့တဲ့ ပွဲစဉ်တွေထဲမှာ အကောင်းဆုံးပွဲတစ်ပွဲလို့ ထင်ပါတယ်။ အဲဒီအတွက် ကျွန်မ သိပ်ကိုဂုဏ်ယူပါတယ်” ဟု ရာဒူကာနူက ဆိုသည်။ “တစ်ချိန်တည်းမှာပဲ ကျွန်မအနေနဲ့ လက်မခံနိုင်လောက်တဲ့ အရာတွေ မလုပ်မိဘူးလို့ ခံစားရတဲ့အတွက်လည်း အများကြီး ယုံကြည်မှုရှိစေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရာဒူကာနူမှာ ၎င်း၏ ဂရင်းစလင်းပြိုင်ပွဲ ပွဲဦးထွက်အဖြစ် လွန်ခဲ့သော လေးနှစ်က ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် wild card အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံး ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့သဖြင့် တစ်နိုင်ငံလုံး၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် အဆိုပါနှစ် နှောင်းပိုင်းတွင်လည်း ရာဒူကာနူမှာ ယူအက်စ်အိုးပင်း ပြိုင်ပွဲ၌ လက်ရည်စစ်ပွဲမှတစ်ဆင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၁၀ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။
ထို့နောက် ၎င်းအနေဖြင့် တစ်ဟုန်ထိုး အောင်မြင်ကျော်ကြားလာခဲ့သော်လည်း ဒဏ်ရာပြဿနာများ၊ စိန်ခေါ်မှုများနှင့် ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး နည်းပြများကို မကြာခဏပြောင်းလဲခဲ့သော်လည်း တင်းနစ်ပြန်လည်ကစားရာတွင် ဆုဖလားများ ထပ်မံရယူနိုင်ခဲ့ခြင်းမရှိပေ။ (Xinhua)


………………..
(English Version)
Home favorite Raducanu ousts former champion Vondrousova at Wimbledon
LONDON, July 2 (Xinhua) — Home favorite Emma Raducanu knocked out former champion Marketa Vondrousova of the Czech Republic 6-3, 6-3 to reach the women’s singles third round at the Wimbledon Championships on Wednesday.
Raducanu, 22, held the upper hand throughout, while the 2023 Wimbledon champion Vondrousova struggled with unforced errors. After wrapping up the match in 82 minutes, Raducanu set up a clash with world No. 1 Aryna Sabalenka, who earlier defeated Marie Bouzkova of the Czech Republic 7-6(4), 6-4 on Center Court.
“I think that was one of the best matches I’ve played in a long time, which I’m very proud of,” said Raducanu. “At the same time, I didn’t feel like I was doing anything outrageous, which gives me a lot of confidence.”
Raducanu made her Grand Slam debut at Wimbledon four years ago as a wild card and reached the last 16, capturing national attention. She then won 10 straight matches from the qualifiers to claim the US Open title later that year.
Since then, she has faced a series of injuries and challenges stemming from her rapid rise to fame. She has changed coaches frequently and has yet to add another title to her resume.