Connect with us

China

၂၀၂၅ ရှီးအန်း မာရသွန်ပြိုင်ပွဲကို အောက်တိုဘာ ၁၉ ရက်တွင် ကျင်းပမည်

၂၀၂၅ ခုနှစ် ဟွမ်ရာကွမ်းခံတပ် မဟာတံတိုင်းကြီး နိုင်ငံတကာ မာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်‌ပြိုင်နေသည်ကို မေ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ရှီးအန်း မာရသွန်ပြိုင်ပွဲကို အောက်တိုဘာလ ၁၉ ရက်တွင် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဆန်ရှီး ပြည်နယ်၏ မြို့တော် ရှီးအန်းမြို့၌ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်များသည် ဇူလိုင် ၅ ရက်မှ ၂၇ ရက်အထိ တရားဝင်ဝက်ဘ်ဆိုက် သို့မဟုတ် ချွီကျန်း ပွဲစီစဉ်သူများ၏ WeChat အများပြည်သူသုံးပလက်ဖောင်းမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း၊ စုစုပေါင်း ပြိုင်ပွဲဝင် ၃၈,၀၀၀ ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၃ ရက် တရားဝင်ကြေညာချက်အရ သိရသည်။
၂၀၁၇ ခုနှစ်မှ စတင်၍ကျင်းပခဲ့သော ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ် ရွှေတံဆိပ်အပြေးပြိုင်ပွဲ၏ ၂၀၂၄ ခုနှစ် မာရသွန်၊ တာဝက်မာရသွန်နှင့် ၇ ကီလိုမီတာ ပြိုင်ပွဲများ၌ အပြေးသမားပေါင်း ၃၄,၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ယမန်နှစ်က ကျင်းပခဲ့သော အမျိုးသားမာရသွန်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ကျာအယ်ရင်ကျားက ၂ နာရီ ၁၂ မိနစ် ၁၃ စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲခဲ့သည်။ (Xinhua)
………………….
(English Version)
2025 Xi’an Marathon set for October in NW China’s Shaanxi
XI’AN, July 3 (Xinhua) — The 2025 Xi’an Marathon will be held on October 19 in the capital city of northwest China’s Shaanxi Province.
“Runners can register through the official website or Qujiang event’s WeChat public platform from July 5 to 27,” read an official announcement released on Thursday. “A total of 38,000 competitors will be selected to participate in the event.”
The World Athletics gold label road race, which was first run in 2017, attracted around 34,000 marathon, half-marathon and seven-kilometer participants in its 2024 edition.
Jia E’renjia of China won the men’s marathon event last year in 2:12:13.

Participants compete during the 2025 Huangyaguan Great Wall International Marathon on May 17. (Xinhua/Li Ran)