Connect with us

Media

ဖလူမင်နိစ်အသင်း ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်ရောက်

အော်လန်ဒို၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့တွင် ဇူလိုင် ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ ဘရာဇီးကလပ် ဖလူမင်နိစ်က ဆော်ဒီကလပ် အယ်လ်ဟီလာကို ဟာကယူလီစ်၏ အနိုင်ဂိုးနှင့်အတူ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရရှိသွားပြီဖြစ်သည်။
ပွဲကစားချိန် မိနစ် ၄၀ တွင် ဂါဘရီရယ် ဖွန်တေးစ်၏ ဖန်တီးပေးမှုကို မာသီးယက်စ် မာတင်နယ်လီက အဝေးထောင့်ဆီသို့ ဝေ့ဝိုက်ကန်သွင်းကာ ဖလူမင်နိစ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။
ပထမပိုင်း နာကျင်အချိန်ပိုတွင် အယ်လ်ဟီလာအသင်း ပင်နယ်တီရရှိခဲ့သော်လည်း ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီးနောက် ပြစ်ဒဏ်ကျူးလွန်ခြင်း မရှိဟုဆိုကာ ယင်းပင်နယ်တီအား ပယ်ဖျက်ခဲ့သည်။
ပွဲချိန် ၅၁ မိနစ်တွင် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း ချေပဂိုးပြန်လည်ရရှိသွားပြီး နောက်ခံလူ ကာလီဒူ ကူလီဘာလီ ဂိုးဧရိယာထဲသို့ ခေါင်းတိုက်ချပေးမှုကို မားကို့စ် လီယိုနာဒိုက ပိတ်သွင်းခဲ့ခြင်းဖြစ်ကာ အဆိုပါသွင်းဂိုးမှာ လီယိုနာဒိုအတွက် ယခုပြိုင်ပွဲ၌ စတုတ္ထမြောက်သွင်းဂိုးဖြစ်သည်။
သို့သော် အယ်လ်ဟီလာအနေဖြင့် မန်ချက်စတာစီးတီးနှင့် ပွဲစဉ်ကဲ့သို့ နောက်မှလိုက်ကစားကာ အနိုင်ပြန်ယူနိုင်ခြင်းမရှိဘဲ ဖလူမင်နိစ်ကစားသမား ဟာကယူလီစ်က မိနစ် ၇၀ တွင် အားပါသော ညာခြေကန်ချက်ဖြင့် အနိုင်ဂိုးသွင်းယူခဲ့သဖြင့် ဖလူမင်နိစ်အသင်း ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အယ်လ်ဟီလာနည်းပြ ဆီမြွန်နီ အင်ဇာဂီက ၎င်း၏အသင်းမှာ ကံမကောင်းစွာဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။ “ဒါက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာဖြစ်ခဲ့တာတွေကြောင့် စိတ်ပျက်စရာလေးတွေ ကျန်ခဲ့တာတော့ ကျိန်းသေပါတယ်။ ကျွန်တော်တို့ ဒီထက် အများကြီးပိုပြီးထိုက်တန်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဖလူမင်နိစ်နည်းပြ ရီနာတို ဂါအူချိုကမူ ပရိသတ်များအနေဖြင့် အသင်းဂျာစီကို လမ်းမပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်နိုင်ပြီဟု ဆိုသည်။ “ကျွန်တော်တို့ အခွင့်အရေးများများစားစား မရခဲ့ပေမဲ့ ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။ တစ်သင်းလုံး စိတ်နှစ်ပြီး ကြိုးစားခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Fluminense edges Al Hilal into Club World Cup semifinal
ORLANDO, July 4 (Xinhua) — Hercules scored the winner as Fluminense beat Al Hilal 2-1 in the FIFA Club World Cup here on Friday, securing a place for the Brazilian side in the FIFA Club World Cup semifinals.
Fluminense broke the deadlock in the 40th minute, when Matheus Martinelli curled the ball into the top far corner, assisted by Gabriel Fuentes.
Al Hilal was awarded a penalty in the stoppage time of the first half after a tangle of legs, but the referee’s decision was revoked by VAR for “no foul”.
The Saudi side found the equalizer in the 51st minute as Kalidou Koulibaly headed the ball into the goal area, allowing Marcos Leonardo to score his fourth goal of the tournament.

However, Al Hilal failed to repeat their comeback victory over Manchester City once again, Fluminense re-took the lead in the 70th minute, after Hercules netted with a powerful right-footed shot.
Al Hilal coach Simone Inzaghi said it had been unfortunate for his team to lose. “It has been a good World Cup for us, but clearly we leave with a little bit of a bitter taste in our mouth because after what happened in that second half, we deserved much more,” he said.
Fluminense coach Renato Gaucho said their fans can be proud for wearing a jersey in the street. “We didn’t have many chances, but we made the most of them, the entire group worked and were committed.”