Connect with us

North America

အမေရိကန် “လွတ်လပ်ရေးနေ့” တွင် ဒေသအများအပြား၌ ထရမ့်အစိုးရအား ဆန့်ကျင်သည့် ကန့်ကွက်ဆန္ဒပြမှုများ လုပ်ဆောင်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ အမေရိကန်လွှတ်တော် အဆောက်အဦအား ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေးနှင့် နိုင်ငံခြားရေး စသည့် မူဝါဒများအား ဆန့်ကျင်သည့် ဆန္ဒပြမှုများကို အမေရိကန်နိုင်ငံတစ်ဝန်း ဒေသအများအပြား၌ ဒေသစံတော်ချိန် ဇူလိုင် ၄ ရက်က လုပ်ဆောင်ခဲ့သည်။ ပါဝင်သူများသည် စုစုပေါင်း သိန်းချီရှိကြောင်း ဒေသတွင်းမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။

ထိုနေ့တွင် အမေရိကန်နိုင်ငံ ချီကာဂိုမှ လော့စ်အိန်ဂျလိစ်အထိ၊ ဗာဂျီးနီးယားပြည်နယ် ရိုအာနို့ခ်မှ တောင်ဒါကိုတာပြည်နယ် ဆိုက်ယောစ်ဖောလ်စ်အထိ ထိုမှတစ်ဆင့် အိုရီဂွန်ပြည်နယ် ယူဂျင်းအထိ အမေရိကန် ဒေသအများအပြားတွင် ပမာဏ မတူညီသော ဆန္ဒပြမှုများလုပ်ဆောင်ခဲ့သည်။ ဆန္ဒပြသူများက လမ်းမထက်သို့ချီတက်ကာ ဆန္ဒပြစာတန်းများ ကိုင်ဆောင်၍ ထရမ့်အစိုးရ၏ ပြည်တွင်းပြည်ပမူဝါဒအပေါ် မကျေနပ်မှုများကို ဖော်ပြခဲ့ကြသည်။

ဆန္ဒပြမှုကို “50501 လှုပ်ရှားမှု (ဆန္ဒပြမှု ၅၀၊ ပြည်နယ် ၅၀၊ လှုပ်ရှားမှု ၁ ခု)” စသည့် အဖွဲ့အစည်းမှ စတင်ဖော်ဆောင်ခြင်းဖြစ်ကာ ခေါင်းစဉ်မှာ “အမေရိကန်လွတ်မြောက်ရေး” ဖြစ်သည်။ ဇူလိုင် ၄ ရက် ဆန္ဒပြမှုသည် အဓိကအားဖြင့် တောင်းဆိုချက်ကြီးလေးရပ်ဖြစ်သည့် “လောဘကြီးသည့် ဘီလီလျံနာများ လက်ထဲမှ အမေရိကန် လွတ်မြောက်စေရန်” ၊ “ဆင်းရဲနွမ်းပါးမှုထဲမှ အမေရိကန် လွတ်မြောက်စေရန်” ၊ “စိတ်ကြိုက် အလုပ်ဖြုတ်မှုနှင့် တရားမဝင်အမိန့်ကြေညာချက်များမှ အမေရိကန် လွတ်မြောက်စေရန်” ၊ “အမုန်းတရားနှင့် ထိတ်လန့်စေမှု နိုင်ငံရေး အချုပ်အနှောင်များမှ အမေရိကန် လွတ်မြောက်စေရန်” တို့အား ထင်ဟပ်စေရန်ဖြစ်ကြောင်း “50501 လှုပ်ရှားမှု” က ၎င်းတို့တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယခုအကြိမ် ဆန္ဒပြလှုပ်ရှားမှုအစီအစဉ်သည် ဇူလိုင် ၄ ရက်မှ ၆ ရက်အထိဖြစ်ကာ အမေရိကန် “လွတ်လပ်ရေးနေ့” ပိတ်ရက်ကာလတစ်ခုလုံး ပါဝင်သည်။ ဒေသအများအပြား၌ လှုပ်ရှားမှု ၃၀၀ ကျော် ကျင်းပသွားမည်ဖြစ်ကာ ဇွန်လတွင် အမေရိကန် နိုင်ငံတစ်ဝန်း၌ကျင်းပသည့် “ဘုရင်အလိုမရှိ (No Kings)” ဆန္ဒပြလှုပ်ရှားမှုအား အဆင့်မြှင့်ထားသည့်ဗားရှင်း ဟုလည်းခေါ်ဆိုထားသည်။

စုဝေးမှုနှင့် ဆန္ဒပြမှုများအပြင် လှုပ်ရှားမှုဖော်ဆောင်သူများကလည်း ရပ်ကွက်ကို အခြေခံ၍ လမ်းမထက်ပါတီ၊ ဆန္ဒပြစာတန်းများချိတ်ဆွဲခြင်း၊ အနုပညာဖန်တီးမှု စသည်တို့အပါအဝင် အခြားသောလှုပ်ရှားမှုများလည်း လုပ်ဆောင်ခဲ့သည်။

ဇွန် ၁၄ ရက်တွင် အမေရိကန် နိုင်ငံတစ်ဝန်း၌ ဆန္ဒပြစီတန်းလှည့်လည်မှု ၂,၀၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဥပဒေပြုရေး စသည့်ကဏ္ဍများတွင် မူဝါဒများကို ဆန့်ကျင်ခဲ့ရာ စုစုပေါင်း လူဦးရေသန်းချီပါဝင်ခဲ့ကြောင်းသိရသည်။ အဆိုပါဆန္ဒပြလှုပ်ရှားမှု၏အမည်မှာ “ဘုရင်အလိုမရှိ (No Kings)” ဖြစ်သည်။ (Xinhua)

——————
(Chinese Version)
美“独立日”多地举行反特朗普政府抗议
新华社洛杉矶7月4日电(记者黄恒)当地时间4日,美国全国多地举行反对特朗普政府移民、经济和外交等政策的示威抗议。据当地媒体报道,参与者共有数十万人。
当天,从芝加哥到洛杉矶,从弗吉尼亚州罗阿诺克到南达科他州苏福尔斯再到俄勒冈州尤金,美国多地举行了规模不一的抗议。示威者走上街头,手持标语,表达对特朗普政府一系列内外政策的不满。
抗议由“50501运动(50场抗议,50个州,1个运动)”等组织发起,主题为“解放美国”。“50501运动”在其官方网站说,4日的抗议活动主要在于展现四大诉求,即“将美国从贪婪的亿万富翁手中解放出来”“将美国从贫困中解放出来”“将美国从任意解雇和大量非法政令中解放出来”“将美国从仇恨和恐惧政治的枷锁中解放出来”。
此次抗议活动计划从4日持续到6日,贯穿整个美国“独立日”假期周末,将在多地举行300多场活动,也被称为6月全美举行的“不要国王”抗议活动的升级版。
除了集会和示威,组织者还基于社区展开其他类型活动,包括街区派对、横幅投放、艺术创作等。
6月14日,美国各地爆发约2000场示威游行,反对特朗普政府移民、卫生、教育、立法等方面政策,共计数百万人参加。抗议活动以“不要国王”为名。(完)
图说:这是7月3日在美国首都华盛顿拍摄的美国国会大厦。新华社记者 胡友松 摄