Connect with us

Politics, Law & Military

ဒစ်ဂျစ်တယ် စီးပွားရေး၊ လေကြောင်းနှင့်အာကာသ နယ်ပယ်တို့တွင် ဘရာဇီးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် ပြောကြား

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

အပြန်အလှန် တွဲဖက်ညီသော အားသာချက်များကို ထိထိရောက်ရောက် အသုံးချကာ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု၊ လေကြောင်းနှင့်အာကာသ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ဘရာဇီးနိုင်ငံနှင့် အတူလက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။ဘရာဇီး သမ္မတ လူးဝစ်စ် အီနာစီယို လူလာ ဒါဆေးလ်ဗားနှင့် တွေ့ဆုံစဉ် လီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ၁၇ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဇူလိုင် ၅ ရက်က ရီယိုဒီဂျနေးရိုးမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

လီက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ နွေးထွေးပျူငှာသော နှုတ်ခွန်းဆက်စကားများကို လူလာအား တစ်ဆင့်ပြောကြားခဲ့ပြီး တရုတ်-ဘရာဇီး ဆက်ဆံရေးမှာ အကောင်းဆုံးအခြေအနေ၌ ရှိနေသလို နှစ်ဖက်စလုံးကလည်း ပိုမိုတရားမျှတ၍ ပိုမိုရေရှည်တည်တံ့သော ကမ္ဘာကြီးအတွက် တရုတ်-ဘရာဇီး အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရန် အတူတကွ ကြိုးပမ်းလျက်ရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။

မေလ၌ တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည့် လူလာ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် တရုတ်-ဘရာဇီး အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေး တွန်းအားပေးလုပ်ဆောင်ရန်နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းရန် အရေးကြီး ဘုံသဘောတူညီမှု ရရှိခဲ့ကြောင်း လီက ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးနယ်ပယ် ပိုမိုကျယ်ပြန့်တိုးတက်ရေး၊ နှစ်နိုင်ငံ ပြည်သူများအတွက် ကောင်းကျိုးများကို ပိုမိုဆောင်ကြဉ်းပေးနိုင်ရန်အလို့ငှာ ပိုမိုပီပြင်ခိုင်မာသော ရလဒ်များ ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းရာတွင် ဘရာဇီးနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။

ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်တို့တွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာ၍ နက်နက်ရှိုင်းရှိုင်းရှိရေးအတွက် ဘရာဇီးနိုင်ငံနှင့် အတူလက်တွဲ ဆောင်ရွက်သွားရန်လည်း တရုတ်နိုင်ငံအနေဖြင့် ဆန္ဒရှိကြောင်း ဝန်ကြီးချုပ်လီက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4Xs
#China #Brazil #PremierLiQiang #တရုတ်နိုင်ငံ #ဘရာဇီးနိုင်ငံ #ဝန်ကြီးချုပ်လီချန်
………………………………………………………………………..
(English Version)
Chinese premier says to expand cooperation with Brazil in digital economy, aerospace
RIO DE JANEIRO, July 5 (Xinhua) — Chinese Premier Li Qiang said on Saturday that China is willing to work with Brazil to leverage each other’s complementary advantages and expand cooperation in such areas as digital economy, green economy, sci-tech innovation and aerospace.
Li made the remarks during his meeting with Brazilian President Luiz Inacio Lula da Silva. The Chinese premier arrived in Rio de Janeiro on Saturday to attend the 17th BRICS Summit.
Li conveyed Chinese President Xi Jinping’s warm greetings to Lula, noting that China-Brazil relations are in their best shape ever, with both sides working together to build a China-Brazil community with a shared future for a more just world and a more sustainable planet.
During Lula’s visit to China in May, the two heads of state reached important consensus on pushing for building a China-Brazil community with a shared future and upholding multilateralism, Li said.
China stands ready to work with Brazil to continue the efforts in enriching the dimensions of bilateral relations and achieving more concrete results in cooperation so as to deliver more benefits to the two peoples, Li added.
China is willing to work with Brazil to further consolidate and deepen bilateral cooperation in trade, finance and infrastructure development under the framework of high-quality Belt and Road cooperation, said the premier.
English Caption
Chinese Premier Li Qiang meets with Brazilian President Luiz Inacio Lula da Silva in Rio de Janeiro, Brazil, July 5, 2025. (Xinhua/Liu Bin)