Media
ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ မီးရထားကဏ္ဍရင်းနှီးမြှုပ်နှံမှုမှာ ၅.၅ ရာခိုင်နှုန်း မြင့်တက်
ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မီးရထားတည်ဆောက်ရေးလုပ်ငန်းသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် (H1) တွင် တည်ငြိမ်သော တိုးတက်မှုများရှိပြီး မရွှေ့မပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း နိုင်ငံပိုင် မီးရထားလုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီလမှ ဇွန်လအထိ ကာလအတွင်း မီးရထားကဏ္ဍတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၃၅၅.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ နီးပါး) အထိ ရောက်ရှိခဲ့ကြောင်း China State Railway Group Co., Ltd. ၏ အချက်အလက်များအရ သိရသည်။
ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့ပြီး မီးရထားကဏ္ဍရင်းနှီးမြှုပ်နှံမှုတွင် ရှည်လျားကျယ်ပြန့်သော စက်မှုလုပ်ငန်းကွင်းဆက် ပါဝင်ပြီး ကဏ္ဍအများအပြားကိုလည်း လွှမ်းခြုံထားသဖြင့် အရေးပါသော တိုးတက်မှုမောင်းနှင်အား ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ယခုနှစ်တွင် တရုတ်နိုင်ငံ တစ်နိုင်ငံလုံး၌ မီးရထားစီမံကိန်းများ တည်ငြိမ်စွာ တိုးတက်လျက်ရှိပြီး ၃၀၁ ကီလိုမီတာ ရှည်လျားသော လမ်းကြောင်းသစ်များကို စတင်အသုံးပြုနိုင်ခဲ့ကာ နောက်ထပ် လမ်းကြောင်းသစ်များ တည်ဆောက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကလည်း တိုးတက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
China’s railway investment up 5.5 pct in H1
BEIJING, July 13 (Xinhua) — China’s railway construction saw stable progress in the first half (H1) of 2025, with fixed-asset investment expanding 5.5 percent year on year, according to the country’s railway operator.
During the January-June period, fixed-asset investment in the railway sector reached 355.9 billion yuan (nearly 50 billion U.S. dollars), according to data from China State Railway Group Co., Ltd.
The investment volume has remained high, the company said, noting that railway investment involves a long industrial chain and covers a wide range of sectors, thus serving as a significant growth driver.
Railway projects have advanced steadily across the country this year, with 301 km of new routes put into operation and the preparatory work for the construction of new lines making headway.