Connect with us

Politics, Law & Military

BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင် အဆင့်မြင့်ဖိုရမ်တွင် ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်၍ အနာဂတ်အကြောင်းအတူဆွေးနွေး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ဇူလိုင် ၁၆ ရက်က ကျင်းပသည့် BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင် အဆင့်မြင့်ဖိုရမ် အခမ်းအနားကို တွေ့မြင်ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင် အဆင့်မြင့်ဖိုရမ်ကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၁၆ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်သို့ တက်ရောက်လာသော တရုတ်နိုင်ငံနှင့် နိုင်ငံတကာပုဂ္ဂိုလ်များက ဖိုရမ်သည် မီဒီယာနှင့် တတ်သိပညာရှင်များ “Greater BRICS” ခေတ် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်း ဆွေးနွေးရန်အတွက် အရေးကြီးပလက်ဖောင်း ပံ့ပိုးပေးလိုက်သဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း ထုတ်ဖော်ပြောဆိုသံများကို ချဲ့ထွင်ပေးရန်၊ မီဒီယာနှင့် တတ်သိပညာရှင်၏ လူမှုရေးတာဝန်များ လက်တွေ့ဖော်ဆောင်ရန် အထောက်အကူပြုကာ လွတ်လပ်သော၊ တရားမျှတသော၊ သမာသမတ်ကျသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရန်အတွက် အကျိုးပြုအင်အား ထမ်းဆောင်လိုက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

ဗဟိုအမေရိကန်လွှတ်တော်ဥက္ကဋ္ဌ Carlos Hernandez က ယခုအကြိမ်ဖိုရမ်ကျင်းပမှုသည် ပိုမိုတရားမျှတ၍ ပိုမိုအားလုံးပါဝင်မှုရှိသော နိုင်ငံတကာဖြန့်ချိတင်ဆက်မှုအခင်းအကျင်း တည်ဆောက်ရန်အတွက် ပလက်ဖောင်း ပံ့ပိုးပေးလိုက်ကြောင်း၊ BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များသည် ဉာဏ်ရည်တု (AI) စသည့် ထွန်းသစ်စနည်းပညာများဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ကာ ကမ္ဘာ့တောင်ဘက်ခြမ်းအသံများကို အားကောင်းအောင် လုပ်ဆောင်ပြီး နိုင်ငံအားလုံး တန်းတူညီမျှစွာ၊ ဂုဏ်သိက္ခာရှိစွာ တိုက်တွန်းသံများ ထုတ်ဖော်ပြောဆိုနိုင်ရန် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယား သတင်းဌာန (NAN) ဥက္ကဋ္ဌ Ali Muhammad Ali က BRICS နိုင်ငံများ၏ လူဦးရေသည် တစ်ကမ္ဘာလုံး၏ ထက်ဝက်နီးပါးခန့်ရှိကာ လျစ်လျူရှု၍မရသော ထွန်းသစ်စအင်အား ဖြစ်လာပြီဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ယခုအကြိမ်ဖိုရမ်ကို အားကိုး၍ BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များသည် “ကျယ်လောင်၍ ရှင်းလင်းတိကျသော” အသံများ ထုတ်ဖော်ပြောဆိုကာ ပိုမိုစည်ပင်ဝပြောသော ကမ္ဘာ့တောင်ဘက်ခြမ်း၊ ပိုမိုတရားမျှတ၍ သမာသမတ်ကျသော ကမ္ဘာကြီး တည်ဆောက်ရန်အတွက် အကျိုးထမ်းဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ TASS သတင်းဌာန ပထမ ဒုတိယဥက္ကဋ္ဌ Mikhail Gusman ၏အမြင်တွင် ယခုအကြိမ်ဖိုရမ်သည် မီဒီယာနှင့် တတ်သိပညာရှင်များစုစည်းထားသည့် ဆွေးနွေးရန်ပလက်ဖောင်းဖြစ်သည်သာမက ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသော သတင်းအချက်အလက်နေရာ တည်ဆောက်သည့် အရေးကြီးလမ်းကြောင်းလည်းဖြစ်ကာ သတင်းတု၊ သတင်းမှားများ ဖယ်ရှားမှု၊ သတင်း၏စစ်မှန်မှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင် လူမှုရေးတာဝန်ယူမှု စသည့် အခြေခံမူများ ခိုင်မာစေရေး၊ အတူတကွအဆိုပြုထားသည့် တရားမျှတသော ကမ္ဘာ့စည်းစနစ် ခိုင်မြဲစေရေးအတွက် အထောက်အကူဖြစ်သည်ဟု ယူဆသည်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Tia Ju က မသေချောမရေရာမှုများ ပြည့်နှက်နေသည့် ယနေ့ခေတ်တွင် မီဒီယာနှင့် တတ်သိပညာရှင်များက သတင်းလွတ်လပ်မှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ခြင်း၊ နည်းပညာ ဆန်းသစ်တီထွင်မှု တွန်းအားပေးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ခြင်း စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်ကြောင်း၊ ယခုအကြိမ်ဖိုရမ်ကျင်းပသည့်ကာလအတွင်း ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများမှ မီဒီယာနှင့် တတ်သိပညာရှင်များသည် တစ်နေရာတည်းတွင်စုစည်းကာ BRICS နိုင်ငံများ ပြောဆိုခွင့်အား တိုးချဲ့မှုအတွက် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများကို အတူတကွဆွေးနွေးကာ အချုပ်အခြာအာဏာ ကာကွယ်ထိန်းသိမ်းခြင်း၊ ဒေသတွင်း တစ်သားတည်းဖြစ်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု တွန်းအားပေးခြင်း စသည်တို့အတွက် ဉာဏ်ပညာနှင့် နည်းလမ်းများဖြင့် အကျိုးဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အများပြည်သူ ပြည်ပဆက်ဆံရေးအသင်း ဥက္ကဋ္ဌ ဝူဟိုင်လုံက BRICS နိုင်ငံများသည် ကမ္ဘာ့တောင်ဘက်ခြမ်းအုပ်စုများ တိုးတက်လာမှု၏ စုစည်း တင်ဆက်မှုဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း၏ အဓိကအင်အားနှင့် “ဦးဆောင်သူ” ဖြစ်ကြောင်း၊ ယခုအကြိမ်ဖိုရမ်ကို အခါအခွင့်အဖြစ်ထားရှိကာ နိုင်ငံအသီးသီးမှ မီဒီယာနှင့် တတ်သိပညာရှင်များက တစ်ကမ္ဘာလုံးထံသို့ BRICS ပူးပေါင်းဆောင်ရွက်မှု ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားလိုက်ပြီး အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုကို တိုးမြှင့်လိုက်ကြောင်း‌ ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းသည် “Greater BRICS” အား ရေရှည် တည်ငြိမ်စွာ လျှောက်လှမ်းစေပြီး ပြောင်းလဲရှုပ်ထွေးနေသော ကမ္ဘာကြီးအတွက် ပိုမိုများပြားသော တည်ငြိမ်မှု၊ သေချာရေရာမှုနှင့် အပြုသဘောအင်အားများ ဖြည့်တင်းပေးနိုင်လိမ့်မည်ဟု ၎င်းအနေဖြင့် ခိုင်မာစွာယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင် အဆင့်မြင့်ဖိုရမ်ကို ဆင်ဟွာသတင်းဌာနနှင့် ဘရာဇီး ဆက်သွယ်ရေးကုမ္ပဏီတို့ အတူတကွပူးတွဲကြီးမှူးကျင်းပခြင်းဖြစ်ရာ BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ မီဒီယာ၊ တတ်သိပညာရှင်၊ အစိုးရအဖွဲ့အစည်းနှင့် လုပ်ငန်းကုမ္ပဏီများ၊ ဗဟိုအမေရိကန်လွှတ်တော် စသည့် ဒေသတွင်း အဖွဲအစည်းပေါင်း ၁၅၀ နီးပါးမှ ကိုယ်စားလှယ်ပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့သည်။ ဖိုရမ်ကျင်းပစဉ်ကာလအတွင်း “‘BRICS ပူးပေါင်းဆောင်ရွက်မှု’ ဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း လက်တွဲအတူ တက်လှမ်းမှုအပေါ် တွန်းအားပေးခြင်း” တတ်သိပညာရှင် အစီရင်ခံစာ၊ “BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ ဉာဏ်ရည်တု (AI) ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်” တို့ကို ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် တတ်သိပညာရှင်များ ပူးပေါင်းဆောင်ရွက်မှု ဖြန့်ချိရေး မိတ်ဖက်အစီအစဥ်အား စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

#BRICS #Media #ThinkTank #Cooperation #မီဒီယာ #တတ်သိပညာရှင် #ပူးပေါင်းဆောင်ရွက်မှု
———————–
(Chinese Version)
综述丨金砖国家媒体智库高端论坛聚焦合作、共话未来
新华社里约热内卢7月16日电 新华社记者廖思维 赵焱
当地时间7月16日,金砖国家媒体智库高端论坛在巴西里约热内卢举行。与会中外人士表示,论坛为媒体智库探讨“大金砖”时代合作路径提供了重要平台,有助于扩大全球南方声音,践行媒体智库社会责任,为实现自由、公平、公正的全球发展贡献力量。
中美洲议会议长卡洛斯·埃尔南德斯表示,此次论坛的举办为构建更加公平和更具包容性的国际传播格局提供了平台。金砖国家媒体智库应以人工智能等新兴技术赋能发展,增强全球南方声音,让所有国家都能平等、有尊严地发出呼声。
尼日利亚通讯社社长阿里·穆罕默德·阿里指出,金砖国家人口已占全球近一半,已成为不可忽视的新兴力量。依托此次论坛,金砖国家媒体智库发出“响亮而清晰”的声音,为建设更加繁荣的全球南方、更加公平和公正的世界作出贡献。
在俄罗斯塔斯社第一副社长米哈伊尔·古斯曼看来,本次论坛不止是汇聚媒体智库的研讨平台,更是构建客观公正信息空间的重要渠道,有助于消除虚假信息,夯实新闻真实性、客观性和社会责任感等基本原则,巩固共同倡导的公平世界秩序。
巴西里约热内卢州议会副议长蒂娅·茹表示,在这个充满不确定性的时代,媒体智库应在维护新闻自由、打击虚假信息、推动技术创新和应对全球挑战等领域加强合作。本次论坛期间,全球南方国家媒体智库汇聚一堂,共同探讨扩大金砖国家话语权的可行方案,为捍卫主权、推动区域一体化和全球治理等贡献智慧和方案。
中国公共外交协会会长吴海龙表示,金砖国家是全球南方群体性崛起的集中体现,是全球南方的核心力量和“领头羊”。以此次论坛为契机,各国媒体智库向全世界阐释了金砖合作宗旨,增进了相互理解与信任。他坚信,这种合作模式将推动“大金砖合作”行稳致远,为变乱交织的世界注入更多稳定性、确定性和正能量。
本次金砖国家媒体智库高端论坛由新华通讯社联合巴西通讯公司共同主办,来自包括金砖成员国、伙伴国在内的36个国家近150家媒体、智库、政府机构和企业以及中美洲议会等地区组织的250余名代表出席。论坛期间发布了《“金砖合作”推动全球南方携手共进》智库报告、《金砖国家媒体智库人工智能合作与发展倡议》,并启动了全球南方媒体智库合作传播伙伴计划。(完)
图说:这是7月16日在巴西里约热内卢拍摄的金砖国家媒体智库高端论坛现场。新华社记者 李梦馨 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.