Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ဇနီး ဖုန်လိယွမ် ၂၀၂၅ ခုနှစ် “ကူလိန်ယွမ်” တရုတ်-အမေရိကန် လူငယ် ချစ်ကြည်ရေး ဖလှယ်မှုအခမ်းအနားသို့ တက်ရောက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ဇနီး ဖုန်လိယွမ်က ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင် တရုတ်ပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်း၌ ၂၀၂၅ ခုနှစ် “ကူလိန်ယွမ်” တရုတ်-အမေရိကန် လူငယ် ချစ်ကြည်ရေးဖလှယ်မှု အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ဇနီး ဖုန်လိယွမ်သည် ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင် တရုတ်ပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်း၌ ၂၀၂၅ ခုနှစ် “ကူလိန်ယွမ်” တရုတ်-အမေရိကန် လူငယ် ချစ်ကြည်ရေး ဖလှယ်မှုအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

ဖုန်လိယွမ်သည် တရုတ်ပြည်တွင်း၊ ပြည်ပဧည့်သည်တော်များနှင့်အတူ ၂၀၂၅ ခုနှစ် “ကူလိန်ယွမ်” တရုတ်-အမေရိကန် လူငယ် သံပြိုင်သီဆိုမှု သီတင်းပတ် လှုပ်ရှားမှုအခမ်းအနား ဗီဒီယိုကို အတူကြည့်ရှုခဲ့သည်။

အမေရိကန် “ကူလိန်မိတ်ဆွေ” စတင်တည်ထောင်သူ Elyn MacInnis ၊ အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှ မိတ်ဆွေ Luca Berrone တို့က ကူလိန်အကြောင်းအရာနှင့် ပါဝင်ခဲ့သည့် တရုတ်-အမေရိကန် အရပ်ဘက်ဆက်ဆံရေးနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံဖြစ်စဉ်များအကြောင်း တင်ဆက်ပြောကြားခဲ့ပြီး ၎င်းတို့က တရုတ်နိုင်ငံအပေါ် နက်ရှိုင်းသောသံယောဇဉ်ကို ဖော်ပြခဲ့သည်။ ၎င်းတို့က သမ္မတ ရှီကျင့်ဖိန်၏ တရုတ်-အမေရိကန် နှစ်နိုင်ငံလူငယ်များအပေါ် ဂရုပြု၊ ဂရုစိုက်မှုအား ကျေးဇူးတင်ရှိကြောင်း၊ တရုတ်-အမေရိကန် ချစ်ကြည်ရေး မြှင့်တင်မှုအတွက် အင်အားများဖြင့် ဆက်လက် အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်လူငယ်ကိုယ်စားလှယ်ကလည်း လာရောက်လည်ပတ်ရခြင်း၏ ပျော်ရွှင်ဖွယ်ခံစားချက်များကို မျှဝေခဲ့ပြီး ခေတ်သစ် အမေရိကန်-တရုတ် ချစ်ကြည်ရေးသံတမန်အဖြစ် ထမ်းဆောင်ကာ နှစ်နိုင်ငံချစ်ကြည်ရေး အကြောင်းအရာကောင်းများကို လက်ဆင့်ကမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

ဖုန်လိယွမ်က အမှာစကားပြောကြားရာတွင် နှစ်ပေါင်းရာချီကျော်ဖြတ်လာသည့် ကူလိန်အကြောင်းအရာနှင့် သမ္မတ ရှီကျင့်ဖိန်နှင့် အိုင်ဝါပြည်နယ်မှ မိတ်ဆွေ၏ နှစ်ပေါင်း ၄၀ ကြာ နက်ရှိုင်းသော ချစ်ကြည်ရေး သံယောဇဉ်သည် တရုတ်-အမေရိကန် ပြည်သူများ ချစ်ကြည်ရင်းနှီးမှု၏ ပုံရိပ်ငယ်ဖြစ်ကြောင်း၊ တရုတ်-အမေရိကန်နှစ်နိုင်ငံက သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစကားများ မတူညီသော်လည်း နှစ်နိုင်ငံပြည်သူများသည် မိသားစုကို ချစ်မြတ်နိုးပြီး စိတ်စေတနာကောင်းမွန်ကာ ချစ်ကြည်ရင်းနှီးမှု၊ လက်တွေ့ကျ၍ ကြိုးစားမှုရှိကြသဖြင့် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်လာနိုင်ကြောင်း‌ ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က “အနာဂတ် ၅ နှစ်အတွင်း အမေရိကန်လူငယ် ငါးသောင်း တရုတ်နိုင်ငံသို့ လာရောက်၍ ကူးလူးဖလှယ် လေ့လာသင်ယူရန် ဖိတ်ခေါ်ခြင်း” အဆိုပြုချက် အဆိုပြုပြီး ၁ နှစ်ကျော်အတွင်း အမေရိကန်လူငယ်များစွာ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လာရောက်ခဲ့ကြောင်း၊ ၎င်းတို့သည် စစ်မှန်သော တရုတ်နိုင်ငံကို ကိုယ်တွေ့ခံစားပြီး မိတ်ဆွေအသစ်များ မိတ်ဖွဲ့ခဲ့ကာ တရုတ်-အမေရိကန် ချစ်ကြည်ရင်းနှီးမှု၏ အကြောင်းအရာသစ်ကို အတူတကွရေးခြယ်ခဲ့ကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သလို ချစ်ကြည်ရင်းနှီးမှု၏ အနာဂတ်လည်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တရုတ်-အမေရိကန် ချစ်ကြည်ရင်းနှီးမှု၏ လက်ဆင့်ကမ်းသူ၊ ငြိမ်းချမ်းစွာ ချစ်ကြည်ရင်းနှီးမှု၏ မြှင့်တင်သူအဖြစ် ထမ်းဆောင်ကာ တရုတ်-အမေရိကန် ချစ်ကြည်ရေးပေါင်းကူးတံတား တည်ဆောက်ပြီး နှစ်နိုင်ငံ၏ သာယာချမ်းမြေ့သော အနာဂတ်အတွက် ငယ်ရွယ်မှုအင်အားများဖြင့် အကျိုးဆောင်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အခမ်းအနားပြီးဆုံးချိန်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံလူငယ်များက သီချင်းများ အတူသီဆိုကာ တရုတ်-အမေရိကန် ချစ်ကြည်ရေးသံယောဇဉ်ကို နက်ရှိုင်းစွာ ဖော်ပြခဲ့ကြသည်။ ဖုန်လိယွမ်သည် နှစ်နိုင်ငံလူငယ်နှင့် မိတ်ဆွေများနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနားတွင် ချစ်ကြည်ရင်းနှီးမှု အငွေ့အသက်များဖြင့် ကြိုင်လှိုင်ခဲ့သည်။

ဖလှယ်ရေးလှုပ်ရှားမှု အခမ်းအနားမတိုင်မီ ဖုန်လိယွမ်သည် Elyn MacInnis ၊ Luca Berrone တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့က တရုတ်-အမေရိကန် ချစ်ကြည်ရင်းနှီးမှုလုပ်ငန်းတွင် ကာလကြာရှည်စွာ ကြိုးပမ်းလုပ်ကိုင်မှုအတွက် တန်ဖိုးထားချီးကျူးကြောင်း၊ ၎င်းတို့က တရုတ်-အမေရိကန် နှစ်နိုင်ငံပြည်သူများ ကူးလူးဖလှယ်မှုနှင့် နားလည်မှု မြှင့်တင်ရေးအတွက် တက်တက်ကြွကြွ အကျိုးထမ်းဆောင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)

 

———————
(Chinese Version)
彭丽媛出席2025年“鼓岭缘”中美青少年联谊活动
新华社北京7月17日电 7月17日下午,国家主席习近平夫人彭丽媛在全国对外友协出席2025年“鼓岭缘”中美青少年联谊活动并致辞。
彭丽媛同中外嘉宾一道观看了“鼓岭缘”中美青少年合唱周活动视频。美国“鼓岭之友”召集人穆言灵、艾奥瓦州友人贝隆分别讲述了鼓岭故事和参与中美民间交往与地方合作的经历,表达了他们对中国的深厚感情,感谢习近平主席对中美两国青少年的关心关爱,表示将继续为促进中美友好贡献力量。美国青少年代表分享了参访的愉快感受,表示愿做新一代美中友好使者,传承两国友谊佳话。
彭丽媛在致辞中表示,跨越百年的鼓岭故事和习近平主席同艾奥瓦州老朋友延续40年的深厚友谊,是中美人民友好的缩影。中美两国历史、文化、语言不同,但两国人民都热爱家庭、善良友好、勤劳务实,完全可以成为好朋友、好伙伴。习近平主席提出“未来5年邀请5万名美国青少年来华交流学习”倡议一年多来,许多美国青少年应邀来华访问。他们亲身感受真实的中国,结交了新朋友,共同书写着中美友好的新故事。青少年是国家的未来,也是友好事业的未来。希望同学们成为中美友谊的传承者、和平友好的促进者,架起中美友谊之桥,为两国美好未来贡献青春力量。
活动结束时,中美青少年共同演唱歌曲,深情歌颂中美友谊。彭丽媛同两国青少年和友人合影留念,现场氛围热烈友好。
联谊活动前,彭丽媛会见了穆言灵和贝隆,对他们长期致力于中美友好事业表示赞赏,鼓励他们继续为增进中美两国人民的交流和理解作出积极贡献。(完)
图说:7月17日下午,国家主席习近平夫人彭丽媛在全国对外友协出席2025年“鼓岭缘”中美青少年联谊活动并致辞。 新华社记者 高洁 摄