China
တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ဇွန်လတွင် ၅.၄ ရာခိုင်နှုန်း မြင့်တက်

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ အဓိကတိုင်းတာမှုတစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ဇွန်လတွင် တည်ငြိမ်စွာ တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များက ဇူလိုင် ၂၁ ရက်တွင် ဖော်ပြခဲ့သည်။
အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ (NEA) ၏ ထုတ်ပြန်ချက်အရ ဇွန်လတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ယမန်နှစ် ကာလတူထက် ၅.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ကီလိုဝပ်နာရီပေါင်း ၈၆၇ ဘီလီယံ အထိ ရောက်ရှိခဲ့သည်။
ဇွန်လအတွင်း ပထမတန်းနှင့် ဒုတိယတန်းလုပ်ငန်းများ၏ ဓာတ်အားသုံးစွဲမှုမှာ ယမန်နှစ် ကာလတူထက် ၄.၉ ရာခိုင်နှုန်းနှင့် ၃.၂ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ပြီး ကီလိုဝပ်နာရီပေါင်း ၁၃.၃ ဘီလီယံနှင့် ၅၄၈.၈ ဘီလီယံ အထိ ရှိခဲ့သည်။ တတိယတန်းလုပ်ငန်းများ၏ ဓာတ်အားသုံးစွဲမှုမှာ ယမန်နှစ် ကာလတူထက် ၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ကီလိုဝပ်နာရီပေါင်း ၁၇၅.၈ ဘီလီယံ အထိ ရှိခဲ့သည်။
ပြီးခဲ့သည့်လက နိုင်ငံအတွင်းရှိ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုစုစုပေါင်းမှာ ကီလိုဝပ်နာရီပေါင်း ၁၂၉.၁ ဘီလီယံ ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၁၀.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလမှ ဇွန်လအထိ တရုတ်နိုင်ငံ၏ စုစုပေါင်းဓာတ်အားသုံးစွဲမှုသည် ယမန်နှစ် ကာလတူထက် ၃.၇ ရာခိုင်နှုန်း တိုးတက် လာခဲ့ပြီး ကီလိုဝပ်နာရီပေါင်း ၄.၈၄ ထရီလီယံကျော် ရှိခဲ့သည်။
မကြာသေးမီက နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတွင် အပူချိန်မြင့်မားမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ဇူလိုင် ၁၆ ရက်တွင် သမိုင်းဝင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံလုံး သုံးစွဲမှုမှာ ကီလိုဝပ် ၁.၅၀၆ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ၎င်းသည် ပထမဆုံးအကြိမ်အဖြစ် ကီလိုဝပ် ၁.၅ ဘီလီယံကို ကျော်လွန်ခြင်းဖြစ်ကြောင်း NEA ၏ အချက်အလက်များက ဖော်ပြခဲ့သည်။ (Xinhua)
—————————–
English Version
China’s power use up 5.4 pct in June
BEIJING, July 21 (Xinhua) — China’s electricity consumption, a key barometer of economic activity, saw steady expansion in June, official data showed on Monday.
Power use rose 5.4 percent year on year in June to 867 billion kilowatt-hours, according to the National Energy Administration (NEA).
In June, power consumed by the primary and secondary industries rose 4.9 percent and 3.2 percent year on year to 13.3 billion kilowatt-hours and 548.8 billion kilowatt-hours, respectively, and power consumed by the tertiary sector increased 9 percent year on year to 175.8 billion kilowatt-hours.
The electricity consumption of the country’s residents last month totaled 129.1 billion kilowatt-hours — a year-on-year increase of 10.8 percent.
From January to June, China’s total power use climbed 3.7 percent year on year to over 4.84 trillion kilowatt-hours.
In recent days, many regions across the country have been experiencing high temperatures. As a result, China’s electricity consumption reached a historic high on July 16, with the national peak load hitting 1.506 billion kilowatts, the first time it has ever exceeded 1.5 billion kilowatts, the NEA data showed.
English Caption
Aerial panoramic photo combined on May 29, 2022 shows a view of the Baihetan hydropower station in southwest China’s Yunnan Province. (Xinhua/Hu Chao)