China
ဖုဟွာနှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ Juan Antonio Samaranch တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ဒုတိယ ဥက္ကဋ္ဌ၊ Samaranch အားကစားဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တည်ထောင်သူ Juan Antonio Samaranch နှင့် ဇူလိုင် ၂၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဖုဟွာက ဆင်ဟွာသတင်းဌာနသည် အားကစားသတင်းတင်ဆက်မှုကို အထူးအလေးထားကြောင်း၊ အားကစားသတင်းအား ကမ္ဘာနှင့်ချိတ်ဆက်သော၊ ချစ်ကြည်ရေးလက်ဆင့်ကမ်းသော အရေးကြီးအချိတ်အဆက်အဖြစ် ရှုမြင်ရာ ကမ္ဘာသို့ အိုလံပစ်အားကစားအကြောင်းအရာ ဖြန်ချိရေး၊ အိုလံပစ်စိတ်ဓာတ်မြှင့်တင်ရေးကို ရေရှည်အားထားဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆင်ဟွာသတင်းဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC)၊ Samaranch အားကစားဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့် အတူကြိုးပမ်းကာ လက်တွဲ၍ ရှေ့သို့ လျှောက်လှမ်းသွားလိုကြောင်း၊ တရုတ်အားကစားယဉ်ကျေးမှုလုပ်ငန်း တိုးတက်ရေး တွန်းအားပေးရန်၊ အိုလံပစ် ရည်မှန်းချက် ဖြန့်ချိရန်၊ အပြည်ပြည်ဆိုင်ရာ အားကစားယဉ်ကျေးမှု ဖလှယ်ရေး မြှင့်တင်ရန် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Samaranch က အပြည်ပြည်ဆိုင်ရာ အားကစားကိစ္စရပ်များ၊ အိုလံပစ်စိတ်ဓာတ်မြှင့်တင်ရေး၊ အားကစားယဉ်ကျေးမှု ဖြန့်ချိရေးတို့တွင် ဆင်ဟွာသတင်းဌာန၏ ကာလကြာရှည် တက်ကြွစွာ ပါဝင်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ကာ အားကစားလှုပ်ရှားမှုကျယ်ပြန့်တိုးတက်ရေး တွန်းအားပေးရန်၊ အားကစားကို ဆောင်ကြဉ်းရာအဖြစ်ထားရှိကာ တက်ကြွမှု၊ တိုးတက်မှု ရှိသည့် အိုလံပစ်စိတ်ဓာတ်ကို ဖြန့်ချိရန်၊ လူမှုအသိုက်အဝန်းထံသို့ အပြုသဘောစွမ်းအားများ လက်ဆင့်ကမ်းပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးသည့်ကာလအတွင်း ဆင်ဟွာသတင်းဌာနနှင့် Samaranch အားကစားဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့သည် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြရာ အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲ ပွဲစဉ်များ၏အရင်းအမြစ်ကို စုစည်းခြင်း၊ ကိုယ်ပိုင်ပြိုင်ပွဲအမှတ်တံဆိပ်များကို အတူတကွ ထူထောင်လည်ပတ်ခြင်း၊ အမှတ်တံဆိပ် အတူတကွတည်ဆောက်ခြင်းနှင့် ကျယ်ပြန့်စေခြင်း၊ ကိုယ်ပိုင်ပွဲစဉ်အမှတ်တံဆိပ်အား စီးပွားဖြစ် ဖော်ဆောင်လည်ပတ်ခြင်း၊ အများအကျိုးပြုလှုပ်ရှားမှုများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖြန့်ချိမှု စသည့်ကဏ္ဍများ၌ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
傅华会见国际奥委会副主席萨马兰奇
新华社北京7月26日电(记者董意行)新华社社长傅华26日在北京会见国际奥委会副主席、萨马兰奇体育发展基金会创始人胡安·安东尼奥·萨马兰奇并签署战略合作协议。
傅华表示,新华社高度重视体育新闻报道,将体育报道视为连接世界、传递友谊的重要纽带,长期致力于向世界传播奥运故事,弘扬奥林匹克精神。新华社希望与国际奥委会、萨马兰奇体育发展基金会共同努力、携手前行,推动中国体育文化事业发展,传播奥林匹克理想,促进国际体育文化交流。
萨马兰奇对新华社长期积极参与国际体育事务、弘扬奥林匹克精神、传播体育文化表示感谢。他说,希望双方加强合作推动体育运动的普及发展,并以体育为载体,传播积极向上的奥林匹克精神、向社会传递正能量。
会见期间,新华社同萨马兰奇体育发展基金会签署战略合作协议,将在整合国际体育赛事资源、共同创立与运营自主赛事品牌、品牌共建与推广、自主赛事品牌商业开发与运营、公益活动的合作与传播等领域深化合作。(完)
1. 7月26日,新华社社长傅华在北京会见国际奥委会副主席、萨马兰奇体育发展基金会创始人胡安·安东尼奥·萨马兰奇并签署战略合作协议。 新华社记者 蔡湘鑫 摄