Connect with us

China

ကုန်းပြင်မြင့်ရှိ အမြန်လမ်းမကြီးက ဆီးနှင်းဒေသမှ ပြည်သူများ၏ ပျော်ရွှင်မှုလမ်းကြောင်း ဖြစ်လာ

တရုတ်နိုင်ငံ ရှီးကျန့်ဒေသ နာ့ချွီမြို့မှ လားဆမြို့သို့သွားရာ အဆင့်မြင့် အမြန်လမ်းမကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပါတီညီလာခံမှစ၍ တရုတ်နိုင်ငံ ရှီးဇန့်ဒေသ အမြန်လမ်း ဆောက်လုပ်ရေးလုပ်ငန်းသည် အရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ရှီးဇန့်‌ဒေသတွင် ပြီးမြောက်ခဲ့သော အမြန်လမ်းမ လမ်းပန်းဆက်သွယ်ရေး မရွှေ့ပြောင်းနိုင်သောပစ္စည်းရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ယွမ် ၄၀၁.၉၂၅ ဘီလီယံရှိပြီး လမ်းမအရှည်စုစုပေါင်းသည် ၂၀၁၂ ခုနှစ်က ၆၅,၂၀၀ ကီလိုမီတာ မှ ၂၀၂၄ နှစ်နှောင်းပိုင်းတွင် ၁၂၄,၉၀၀ ကီလိုမီတာ အထိ တိုးတက်လာခဲ့သည်။
ယခုအခါ ရှီးဇန့်ဒေသတွင် လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံ တည်ဆောက်မှုမှာ နေ့စဉ်အသစ်တိုးတက်လျက်ရှိရာ လားဆမြို့ကို ဗဟိုပြု၍ ရစ်ခါးကျယ်၊ ဆန်းနန်၊ လျင်ကျီ၊ နာ့ချွီ မြို့များသို့ ဖြန့်ကြက်ထားသော စုံလင်ပြည့်ဝသည့် လမ်းပန်းဆက်သွယ်ရေးကွန်ရက်ကြီး ဘက်စုံပြီးစီးခဲ့ပြီး စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုကာ တိုင်းရင်းသားလူထုအားလုံးအပေါ် အကျိုးပြုလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးကျန့်ဒေသ လားဆမြို့မှ လျင်ကျီမြို့သို့သွားရာ အဆင့်မြင့် အမြန်လမ်းမကို ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………….
(Chinese Version)
高原公路成为雪域人民的幸福路
新华社照片,拉萨,2025年7月31日
党的十八大以来,西藏公路建设突飞猛进。2012年至2024年,西藏累计完成公路交通固定资产投资4019.25亿元,公路总里程从2012年的6.52万公里增加到2024年底的12.49万公里。
现在的西藏,交通基础设施建设日新月异,以拉萨为中心,辐射日喀则、山南、林芝、那曲的综合立体交通网络全面建成,助力经济社会发展,惠及各族群众。
图说1:西藏那曲至拉萨的高等级公路(无人机照片,2021年9月27日摄)。 华社记者 晋美多吉 摄
图说2:拉萨至林芝的高等级公路(无人机照片,2025年4月1日摄)。新华社记者 晋美多吉 摄