Asia
မလေးရှားတွင် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်အစည်းအဝေး ကျင်းပခြင်းကို ကမ္ဘောဒီးယား ကြိုဆိုကြောင်း

ဖနွမ်းပင်/ ဘန်ကောက်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
လာမည့်ရက်သတ္တပတ်တွင် နယ်စပ်အငြင်းပွားခြင်း ပြဿနာနှင့်စပ်လျဉ်း၍ မလေးရှားနိုင်ငံ၌ အစည်းအဝေးကျင်းပမည့် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ကြိုဆိုကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
“ကွာလာလမ်ပူမှာ နယ်စပ်ရေးရာ ပူးတွဲကော်မတီ အစည်းအဝေး ကျင်းပဖို့ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို ကမ္ဘောဒီးယားက ကြိုဆိုပါတယ်”၊ “ဒီဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပြီး ကြွယ်ဝတဲ့ အောင်မြင်မှုရလဒ်ကောင်းတွေ ရရှိမယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်” ဟု Maly Socheata က အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Tea Seiha နှင့် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Natthapon Nakpanich တို့လည်း အစည်းအဝေးတက်ရောက်မည်ဖြစ်ကြောင်း Maly Socheata က တစ်ချိန်တည်းတွင် မိတ်ဆက် ပြောကြားခဲ့သည်။
Nakpanich က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တင်းမာမှုအခြေအနေ ပြေလျော့ရေး၊ နယ်စပ်လုံခြုံရေးပြဿနာများ ဖြေရှင်းရေး နည်းလမ်းများ ဆွေးနွေးရန် နယ်စပ်ရေးရာ ပူးတွဲကော်မတီ အစည်းအဝေးကို တက်ရောက်ရန် ဆန္ဒရှိကြောင်း၊ ကမ္ဘောဒီးယား၏ ဖိတ်ကြားမှုကို စာဖြင့် အကြောင်းပြန်ကြားခဲ့ပြီးဖြစ်သည်ဟု ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရုံးခန်းက ဇူလိုင် ၃၁ ရက်တွင် လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။ သို့သော် လက်ရှိအခြေအနေ၏ ထိလွယ်ရှလွယ်မှုကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ထိုင်းဘက်က မလေးရှားနိုင်ငံတွင် အစည်းအဝေးကျင်းပရန် အဆိုပြုခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် အစည်းအဝေးကာလကို ဩဂုတ် ၄ ရက်မှ ၇ ရက်အထိ တိုးချဲ့ကျင်းပရန် စီစဉ်ထားသည်။ ယင်းအနက် ဩဂုတ် ၄ ရက်မှ ၆ ရက်တွင် အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကျင်းပမည်ဖြစ်ပြီး ဩဂုတ် ၇ ရက်တွင် နယ်စပ်ရေးရာ ပူးတွဲကော်မတီ အထူးအစည်းအဝေး ကျင်းပမည်ဖြစ်သည်။ (Xinhua)
…………………..
(Chinese Version)
柬埔寨欢迎在马来西亚举行柬泰边界会议
新华社金边/曼谷8月1日电(记者吴长伟 陈倩慈)柬埔寨国防部发言人马莉淑洁达8月1日表示,柬埔寨欢迎泰国提出的下周在马来西亚就边界争议问题举行会谈的提议。
马莉淑洁达当天举行新闻发布会说:“柬埔寨欢迎泰国提出的在吉隆坡举行边境联合委员会会议的提议。”“我们非常有信心,这次会谈将是建设性的,并取得丰硕成果。”
马莉淑洁达同时介绍说,柬埔寨副首相兼国防大臣迪西哈和泰国国防部副部长那达蓬·那帕尼将出席会议。
泰国国防部发言人办公室7月31日在社交媒体发文说,那帕尼已致函回应柬方邀请,表示愿意出席边境联合委员会会议,商讨缓解泰柬边境紧张局势、解决边境安全问题的途径。但鉴于当前局势敏感性,泰方提议将会议地点设在马来西亚,同时将会议时间延长为8月4日至7日,其中4日至6日举行秘书处会议,7日举行边境联合委员会特别会议。(完)
图说:7月31日,柬泰冲突中的撤离人员返回柬埔寨奥多棉吉省边境地区的家园。新华社发(尼多拉摄)