Connect with us

Asia

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူ ၁၀ ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Nghe An ပြည်နယ်တွင် ရေကြီးမှုဒဏ်ခံစားနေသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - VNA/Handout via Xinhua)

ဟနွိုင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)
ဇူလိုင် ၃၁ မှ သြဂုတ် ၁ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Dien Bien နှင့် Son La ပြည်နယ်များတွင် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ် သဘာဝဘေးအန္တရာယ်နှင့် တာတမံ စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က သြဂုတ် ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Dien Bien ပြည်နယ်တွင် ပျောက်ဆုံးနေသူ နှစ်ဦးကို တွေ့ရှိပြီးနောက် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး အိမ် ၉၇ လုံး မျောပါခြင်း သို့မဟုတ် ပြင်းထန်စွာ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အခြားသူ ၁၉၆ ဦးမှာ ရေလွှမ်းမိုးမှုဒဏ် သို့မဟုတ် မြေပြိုမှုဒဏ်ခံခဲ့ကြရသည်။

Son La ပြည်နယ်တွင်လည်း လူလေးဦး ဒဏ်ရာရရှိကာ နေအိမ် ၁၇ လုံး ပျက်စီး သို့မဟုတ် မျောပါသွားကာ လမ်းများ ပျက်စီးကာ တံတားများ ထိခိုက်သွားမှုများကြောင့် နယ်မြေနှစ်ခုရှိ ကျေးရွာ ၁၂ ရွာမှာ အဆက်အသွယ်ပြတ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဘေးဒဏ်သင့်သူများကို ရှာဖွေရန်၊ ဒုက္ခရောက်နေသော မိသားစုများကို ထောက်ပံ့ရန်၊ လူများနှင့် ဥစ္စာပစ္စည်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန်အတွက် အာဏာပိုင်များက ကယ်ဆယ်ရေးအဖွဲ့များကို ဖြန့်ကြက်ဆောင်ရွက်လျက်ရှိသည်။

ဗီယက်နမ်အစိုးရသည် Dien Bien၊ Son La နှင့် တောင်ပိုင်းပြည်နယ် Nghe An တို့၏ သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးနှင့် ဒေသခံပြည်သူများ တည်ငြိမ်အေးချမ်းရေးအတွက် ဗဟိုဘတ်ဂျက်မှ ဗီယက်နမ်ဒေါင် ၂၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉.၅၃ သန်းခန့်) ကို အတည်ပြုခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက သြဂုတ် ၃ ရက်တွင် ဖော်ပြခဲ့သည်။ (Xinhua)
………………….
(English Version)

Torrential rains leave 10 dead in N. Vietnam

HANOI, Aug. 3 (Xinhua) — Heavy rains from Thursday to Friday triggered deadly floods and landslides in northern Vietnam’s Dien Bien and Son La provinces, leaving 10 people dead and four injured, the Vietnam Disaster and Dyke Management Authority reported on Sunday.

In Dien Bien province, 10 people have been confirmed dead after two missing individuals were found, while 97 houses were swept away or severely damaged, and 196 others were inundated or affected by landslides.

In Son La province, four people were injured, and 17 houses were damaged or swept away, with 12 villages in two communes isolated due to collapsed roads and destroyed bridges, the report added.

Authorities have deployed rescue teams to search for victims, support affected families, and relocate people and property to safe areas.

The Vietnamese government approved 250 billion Vietnamese dong (about 9.53 million U.S. dollars) from the central budget to aid Dien Bien, Son La, and the southern province of Nghe An in disaster recovery and stabilizing local communities, the Vietnam News Agency reported on Sunday. ■
This photo taken on Sept. 27, 2023 shows a house in flood water in Vietnam’s central Nghe An province. (VNA/Handout via Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.