Asia
ကမ္ဘောဒီးယားက ထိုင်းစစ်သည်ဝင်ရောက်သော နယ်နိမိတ်မှာ ၎င်းနယ်နိမိတ်ဟု ဆို၊ အဆိုပါဒေသမှာ ထိုင်းနယ်နိမိတ်ဟု ထိုင်းဘက်က တုံ့ပြန်ပြောကြား

ဖနွမ်းပင်/ ဘန်ကောက်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
ထိုင်းစစ်သည်သည် ဩဂုတ် ၄ ရက် မွန်းတည့်ချိန်တွင် ကမ္ဘောဒီးယားစစ်တပ်၏ အပြင်းအထန်ကန့်ကွက်မှုကို မမှုဘဲ ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း ဝင်ရောက်ပြီး ဆူးကြိုးများ တပ်ဆင်ခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားဘက်က ရည်ညွှန်းသော ဒေသမှာ ထိုင်းနယ်နိမိတ်ဖြစ်ကြောင်း မကြာမီတွင် ထိုင်းဘက်က ပြန်လည်တုံ့ပြန်ခဲ့သည်။
ဤအပြုအမှုသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်၍ နှစ်နိုင်ငံ နယ်စပ်နှင့် အနီးအနားဒေသများ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေကြောင်း Maly Socheata က ပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံအား ၎င်းရဲ့ ကျူးကျော်လှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတကာ ဥပဒေကို လေးစားဖို့၊ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် ဒီခဲရာခဲဆစ်ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ မဆုတ်မနစ် ကြိုးပမ်းခဲ့ပြီး ၎င်းတို့ရဲ့ ဘက်စုံထိရောက်စွာ အကောင်အထည်ဖော်ဆောင်မှုကို မြင်လိုတဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ တွန်းအားပေးဖို့ ကမ္ဘောဒီးယားနိုင်ငံက တိုက်တွန်းပါတယ်”ဟု ၎င်းက ဆိုသည်။
ကမ္ဘောဒီးယားဘက်က ထိုင်းစစ်သည် ကျူးကျော်ဝင်ရောက်ခဲ့သည်မှာ An Sae ဒေသဖြစ်သည်ဟု စွပ်စွဲခဲ့ခြင်းအပေါ် ထိုင်းနိုင်ငံ ကြည်းတပ်က ကမ္ဘောဒီးယားဘက် ရည်ညွှန်းသောဒေသမှာ ထိုင်းနိုင်ငံ Chong An Ma ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပိုင်နက်ဖြစ်ကြောင်း ၎င်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တုံ့ပြန်ဖြေကြားခဲ့သည်။
ယင်းမတိုင်မီ ကမ္ဘောဒီးယားသည် Chong An Ma ဒေသကို ကျူးကျော်၍ နေအိမ်အဆောက်အအုံများ တည်ဆောက်ခဲ့ရာ ထိုင်းနိုင်ငံသည် ကြိမ်ဖန်များစွာ ကန့်ကွက်ခဲ့သော်လည်း ကမ္ဘောဒီးယားဘက်က ပြုပြင်ခြင်းမရှိခဲ့ကြောင်း၊ လတ်တလော လှုပ်ရှားမှုတွင် ထိုင်းနိုင်ငံသည် အဆိုပါဒေသ ထိန်းချုပ်ခွင့်ကို ပြန်လည်ရယူခဲ့ပြီး လုံခြုံရေး ပိုမိုအားကောင်းစေရေး၊ စည်းစနစ် ပြန်လည်ထူထောင်ရေး၊ မိုင်းရှင်းလင်း လုပ်ငန်းများ အပါအဝင် စတင်ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းနိုင်ငံ ကြည်းတပ်က ဆိုခဲ့သည်။ (Xinhua)
………………………
(Chinese Version)
柬埔寨称泰士兵进入其领土 泰方回应称该地为泰国领土
新华社金边/曼谷8月4日电(记者吴长伟 夏康静)柬埔寨国防部发言人马莉淑洁达4日在新闻发布会上表示,泰国士兵当天上午不顾柬军强烈反对,进入柬埔寨领土并布设铁丝网。泰方随后回应称,柬方所指地区为泰国领土。
马莉淑洁达说,这一行为违反停火协议,对两国边境及周边地区的和平与安全构成威胁。“柬埔寨呼吁国际社会,特别是那些为实现这一来之不易的停火协议不懈努力并希望看到其全面有效执行的伙伴国家,敦促泰国立即停止其侵略行动,尊重国际法,特别是柬埔寨的主权和领土完整。”
针对柬方指控泰国士兵入侵安塞地区,泰国陆军4日通过泰国外交部回应称,柬方所指地区是泰国的崇安玛,属于泰国领土。
泰国陆军称,柬埔寨此前侵占崇安玛地区并修建房屋和定居点,泰方多次提出抗议,但柬方均未改正。在最近的行动中,泰方重新夺回对该地区的控制权,并着手加强安保、恢复秩序,包括开展排雷作业等。(完)
图说:这是8月1日拍摄的柬埔寨奥多棉吉省的一处边境检查站。新华社/柬新社