Asia
အမေရိကန် စတင်ဖော်ဆောင်သည့် စည်းကြပ်ခွန်တိုက်ပွဲကြောင့် ကုန်သွယ်ရေးစည်းစနစ်အား ရှုပ်ထွေးစေ၊ ကမ္ဘာ့တောင်ဘက်ခြမ်းက ပူးပေါင်းဆောင်ရွက်၍ အနာဂတ်သို့ မျှော်မှန်းနေဟု မလေးရှားမီဒီယာ ဖော်ပြ

ကွာလာလမ်ပူ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
မလေးရှား “Sin Chew Daily” ဝက်ဘ်ဆိုက်သည် ဩဂုတ် ၄ ရက်တွင် “စည်းကြပ်ခွန်တိုက်ပွဲမှ ကမ္ဘာလုံးဆိုင်ရာ ဘုံအကျိုးစီးပွားဖြစ်ထွန်းရေးထွက်လမ်းကို ပြန်လည်သုံးသပ်ခြင်း” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရက စည်းကြပ်ခွန်တိုက်ပွဲကို တစ်ဖက်သတ်တွန်းအားပေးနေခြင်းသည် လက်ရှိ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွဖွံ့ဖြိုးတိုးတက်မှု ဟူသည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်များနှင့် ဆန့်ကျင်နေကြောင်း၊ နိုင်ငံများက လက်တွဲ၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တရားမျှတ၍ တံခါးဖွင့်သော ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို တည်ဆောက်မှသာလျှင် ဘုံအကျိုးစီးပွားဖြစ်ထွန်းမှုနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို ဖော်ဆောင်နိုင်မည်ဟု အဆိုပါဆောင်းပါးတွင် ဖော်ပြထားသည်။ ဆောင်းပါး အဓိကအကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ၁၉၉၅ ခုနှစ်တွင် တရားဝင်ထူထောင်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်က အဆင့်သစ်သို့ ဝင်ရောက်မှု၏ အမှတ်သင်္ကေတပြုခဲ့သည်။ လွတ်လပ်စွာကုန်သွယ်ရေးအား ဗဟိုပြုသည့် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများစွာအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ သယ်ဆောင်လာပေးခဲ့သည်။
ကမ္ဘာ့အကြီးဆုံး စီးပွားရေးအစုအဖွဲ့ဖြစ်သည့် အမေရိကန်သည် ယနေ့တွင်မူ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံး၍ စည်းကြပ်ခွန်ကို သံတမန်ရေးနှင့် စီးပွားရေးအရ ဖိအားပေးသည့်နည်းလမ်းအဖြစ် မကြာခဏ အသုံးပြုလာသည်။ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစည်းစနစ်ကို ရှုပ်ထွေးစေသည်သာမက ပို့ကုန်ကိုမှီခိုအားထားသည့် နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုက်ပျိုးရေးထုတ်ကုန်နှင့် ကုန်ထုတ်လုပ်ငန်းများအပေါ် ပြင်းထန်သည့် ထိုးနှက်မှု ဖြစ်စေခဲ့သည်။
အမေရိကန်၏ တင်းမာသောသဘောထားကို ရင်ဆိုင်ရာတွင် အချို့သောနိုင်ငံများက အမေရိကန်မူဝါဒ၏ မျှော်မှန်း၍ မရနိုင်မှုကို ပိုမိုသတိပြုမိလာပြီး ကုန်သွယ်ရေးအမျိုးကဏ္ဍစုံလင်စွာ ကွဲပြားမှုနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းများကို အရှိန်မြှင့်လာခဲ့သည်။
ပြင်ပဖိအားများကို ရင်ဆိုင်ရာတွင် အာဆီယံနိုင်ငံများက မိမိ၏အခြေခံကို ခိုင်မြဲအောင် လုပ်ဆောင်၍ အပြန်အလှန် ကုန်သွယ်ရေးကို မြှင့်တင်ကာ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မကြာသေးမီက တိုက်တွန်းပြောကြားခဲ့သည်။ ယင်းသည် မလေးရှားနိုင်ငံ၏ ရင်ဆိုင်မှုမူဝါဒကို ပေါ်လွင်စေသည့်အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများက ပြောင်းလဲလှုပ်ခတ်မှုများအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေသည့် လမ်းကြောင်းအသစ်ကိုလည်း ထင်ဟပ်စေပေသည်။
အမေရိကန်မှစတင်သော စည်းကြပ်ခွန်တိုက်ပွဲကြောင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက လက်ရှိ နိုင်ငံတကာစည်းစနစ်အတွင်း ဖွဲ့စည်းပုံ တရားမျှတမှုမရှိခြင်း ထပ်မံခံစားလာရစေပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အယူအဆ၏ အရေးပါမှုနှင့် လက်တွေ့တန်ဖိုးကို တစ်ဆင့်တိုး ပေါ်လွင်စေသည်ဟု ဆောင်းပါးတွင် ထောက်ပြထားသည်။
အဆိုပါအယူအဆသည် သမားရိုးကျ သူနိုင်ကိုယ်နိုင် အားပြိုင်မှု အတွေးအခေါ်ကို ထိုးဖောက်ကာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်မတူညီသည့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် တွေ့ဆုံဆွေးနွေးမှုကို တွန်းအားပေးရန် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံစုံမူဘောင်အောက်တွင် ဘုံအကျိုးစီးပွားဖော်ဆောင်သော၊ အတူတကွ စီမံခန့်ခွဲသော ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစနစ်ကို အလေးထားဖော်ပြလျက်ရှိသည်။
လက်ရှိတွင် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝဒါများ ဦးမော့လာလျက်ရှိပြီး BRICS ကိုယ်စားပြုသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းသည် အမျိုးအစားစုံလင်စွာပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု ပုံစံဖြင့် တစ်ကမ္ဘာလုံး တန်းတူညီမျှမှုမရှိသည့် အခင်းအကျင်းကို တုံ့ပြန်ရန် ကြိုးပမ်းလျက်ရှိသည်။
BRICS နိုင်ငံများ၏ New Development Bank (NDB) သည် မိမိနိုင်ငံငွေကြေးဖြင့် စာရင်းရှင်းမှုနှင့် အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုများကို တွန်းအားပေးဖော်ဆောင်လျက်ရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဘဏ္ဍာရေးဆိုင်ရာ အစားထိုးမှုလမ်းကြောင်း ပံ့ပိုးပေးပြီး အနောက်တိုင်းစနစ်အပေါ် မှီခိုအားကိုးမှုကို လျှော့ချပေးသည်။ ထိုကဲ့သို့ ဖွံ့ဖြိုးဆဲ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ စူးစမ်းလေ့လာမှုအသစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ ဘုံအကျိုးဖြစ်ထွန်း၍ ဖွံ့ဖြိုးတိုးတက်မှု၏ ဖြစ်နိုင်ခြေကို ဖော်ပြလိုက်ပေသည်။ (Xinhua)
———————
(Chinese Version)
全球瞭望|马来西亚媒体:美发起关税战扰乱贸易秩序 全球南方合作向未来
新华社吉隆坡8月5日电(记者王嘉伟 毛鹏飞)马来西亚《星洲日报》网站4日刊登《从关税战反思全球共赢的出路》一文。文章指出,美国政府一意孤行地推动关税战,背离当前多边合作与共同发展的全球共识。各国唯有携手加强协作、构建公平开放的合作机制,方能实现共赢与和平发展的未来。文章摘要如下:
世界贸易组织在1995年正式成立,标志着全球多边贸易体制迈入新阶段。以自由贸易为核心的经济全球化为诸多发展中国家带来发展机遇。作为全球最大经济体的美国,如今却高举贸易保护主义大旗,频频以关税作为外交和经济施压手段。这不仅扰乱了全球贸易秩序,也对众多依赖出口的国家,特别是发展中国家的农产品与制造业领域造成沉重打击。
面对美国的强硬立场,部分国家愈发意识到美国政策的不可预测性,转而加速贸易多元化与区域合作的步伐。马来西亚总理安瓦尔日前呼吁,面对外部压力,东盟国家需要巩固自身基础,加强彼此贸易并增加相互投资。这不仅体现了马来西亚的应对策略,也反映了发展中国家在动荡中寻求南南合作的新路径。
文章指出,美国发起的关税战让全球南方国家再次感受到当前国际秩序中的结构性不公,进一步凸显了人类命运共同体理念的重要性与现实价值。这一理念试图打破传统的零和博弈思维,推动不同发展阶段国家之间的合作对话,强调在多边框架下谋求共赢、共治的全球合作体系。
当前单边主义与保护主义抬头,以金砖国家为代表的多边合作平台,正尝试以多元包容的发展模式回应全球不平等的格局。金砖国家新开发银行推动本币结算与基础设施投资,为发展中国家提供金融替代路径,减少对西方体系的依赖。这种南南合作的新探索,展示了发展中国家共赢发展的可能性。(完)
图说:Malaysia’s Prime Minister Anwar Ibrahim is pictured in Kuala Lumpur, Malaysia, Aug. 5, 2025. (Malaysian National News Agency/Handout via Xinhua)