Connect with us

China

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင် တောင်ကျရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် လမ်းများနှင့်လျှပ်စစ်မီး ပြန်လည်ပြုပြင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် ယွီကျုံးခရိုင်၊ ရှင်းလုံဆန်းကျေးရွာတွင် ပျောက်ဆုံးနေသူများကိုရှာဖွေနေသည့် ကယ်ဆယ်ရေးသမားများကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လန်ကျိုး၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ပြင်းထန်သော တောင်ကျရေကြီးမှု သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၁၃ ဦး ပျောက်ဆုံးသူ ၃၀ ဦးရှိခဲ့ပြီး နောက် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်းစုပြည်နယ် Yuzhong ခရိုင်ရှိ ပျက်စီးသွားသောလမ်းများကို သြဂုတ် ၁၀ ရက်တွင် ပြန်ဖွင့်နိုင်ပြီ ဖြစ်သည်။
Yuzhong ခရိုင်ကို စီမံကွပ်ကဲရသည့် ပြည်နယ်မြို့တော် လန်ကျိုးရှိ သယ်ယူပို့ဆောင်ရေးတာဝန်ရှိသူများ အဆို အရ အများဆုံးထိခိုက်ပျက်စီးခဲ့သည့်ဒေသရှိ လမ်းများကို သြဂုတ် ၁၀ ရက်တွင် ပြန်ဖွင့်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ဆောင်မှုအတွက် ကယ်ဆယ်ရေးသမား ၇၀၀ ကျော်နှင့် ယာဥ်နှင့် စက်ယန္တရားပေါင်း ၂၀၀ ကျော် အသုံးပြုခဲ့ကြောင်း သိရသည်။
ပြည်နယ်လျှပ်စစ်ဓာတ်အားပေးဝေရေးဖြစ်သည့် ကန်းစုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ၏ အဆိုအရ သြဂုတ် ၉ ရက် ညတွင် သဘာဝဘေးဒဏ်ခံရသည့်ဒေသတွင် နေထိုင်သူများအား လျှပ်စစ်မီးပြန်လည်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ဒေသအတွင်း လျှပ်စစ်မီးပြန်လည်ရရှိမှုသေချာစေရန် ပြင်ဆင်ရေးဝန်ထမ်းပေါင်း ၃၃၀ ဦးနှင့်အတူ စုစု ပေါင်း ကယ်ဆယ်ရေးယာဥ် ၇၃ စီး၊ မီးစက် ၄၂ လုံးနှင့် ဓာတ်အားပေးယာဥ် ၃ စီး အသုံးပြုလုပ်ဆောင်ခဲ့ခြင်း ဖြစ် သည်။
အားကောင်းသောတောင်ကျရေကြီးမှု ဖြစ်ပွားစေသည့် မိုးသည်းထန်မှုများကြောင့် သြဂုတ် ၈ ရက် ညနေက ယွီကျုံးနှင့် လန်ကျိုး ဒေသများကို ထိခိုက်စေခဲ့ပြီး သြဂုတ် ၉ ရက် နေ့လယ်တွင် မိုးရေချိန် ၂၂၀.၂ မီလီမီတာ အထိရောက်ရှိခဲ့ကြောင်းသိရသည်။
ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ (Xinhua)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်းစုပြည်နယ် ကျို့ကျွမ်းကိုးကျေးရွာတွင် ပျောက်ဆုံးနေသူများကို ရှာဖွေနေသည့် ကယ်ဆယ်ရေးသမားများအား ၂၀၂၅ ခုနှစ် သြဂုတ် ၁၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

……………………
(English Version)
Roads, power restored in NW China county hit by mountain torrents
LANZHOU, Aug. 10 (Xinhua) — Roads damaged by mountain torrents in Yuzhong County, northwest China’s Gansu Province, reopened on Sunday and power supply has been restored following the disaster that left 13 dead and 30 missing.
According to transport authorities in the provincial capital Lanzhou, which administers Yuzhong, roads leading to the most affected areas reopened on Sunday. The effort involved more than 700 rescuers and over 200 machines and vehicles.
Power was restored to residents affected by the disaster on Saturday night, according to the State Grid Gansu Electric Power Company. A total of 73 rescue vehicles, 42 generators and three power-generating vehicles, together with 330 repair personnel, were mobilized to ensure power supply in the area.
Torrential rains, which led to the mountain torrents, began pounding Yuzhong as well as other areas of Lanzhou on Thursday evening, with precipitation reaching 220.2 millimeters by noon on Friday.
Search and rescue efforts for the missing are underway.
Photo 1: Rescuers search for missing individuals in Xinglongshan Village, Yuzhong County of northwest China’s Gansu Province, Aug. 10, 2025. (Photo by Bai Qiyuan/Xinhua)
Photo 2: A drone photo taken on Aug. 10, 2025 shows rescuers searching for missing individuals in Jiuzhuanggou Village, Yuzhong County of northwest China’s Gansu Province. (Photo by Dang Ruilin/Xinhua)