Europe
ရုရှားစစ်တပ်အတွက် ပြည်ပထုတ်အဝတ်အထည်များကို ၂၀၂၆ ခုနှစ်မှစ၍ ပူတင် ပိတ်ပင်

မော်စကို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)
ရုရှားစစ်တပ်အတွက် ပြည်ပထုတ် အ၀တ်အထည်များနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်းအား ၂၀၂၆ ခုနှစ်မှစတင်၍ ပိတ်ပင်တားမြစ်သည့် အမိန့်တစ်ရပ်ကို ရုရှားသမ္မတ ဗလာတီမာပူတင်က သြဂုတ် ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။အဆိုပါအမိန့်အရ ၂၀၂၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ရုရှားစစ်တပ်အတွက် ယူနီဖောင်းများနှင့် အခြားဆက်စပ်ပစ္စည်းများအားလုံးကို ပြည်တွင်း၌ ကုန်ထုတ်စက်ရုံများရှိသည့် ရုရှားကုမ္ပဏီများမှ ထုတ်လုပ်ရမည်ဖြစ်သည်။
ယင်းသတ်မှတ်ချက်ကို ထုတ်လုပ်မှုတွင်အသုံးပြုသော ပိတ်စများနှင့် ဇာထိုးပန်းထိုးပစ္စည်းများကိုပါ ပြည်တွင်း၌ထုတ်လုပ်ရန်အထိ ၂၀၂၇ ခုနှစ် နောက်ဆုံးထား၍ တိုးချဲ့သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံချက်သည် စစ်ဘက်ဆိုင်ရာလိုအပ်ချက်များအတွက် ပြည်ပထုတ် အ၀တ်အထည်များနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူခြင်းအား လုံးဝရှောင်ကြဥ်ရန် ရည်ရွယ်ကြောင်း ၎င်းအမိန့်က ဖော်ပြခဲ့သည်။
စစ်ဖက်သုံးအဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများတွင် ယူနီဖောင်းများ၊ အဆောင်အယောင်များ၊ အတွင်းခံများ၊ အိပ်ရာများ၊ အထူးအဝတ်အစားများ၊ ဖိနပ်များ၊ အသုံးအဆောင်များနှင့် သန့်ရှင်းရေးပစ္စည်းများ ပါဝင်သည်။ ထိုကဲ့သို့သော ထောက်ပံ့ရေးပစ္စည်းများကို ရုရှားနိုင်ငံတော်ကာကွယ်ရေးအမိန့်စနစ်ဖြင့် ၀ယ်ယူကြောင်း သိရသည်။ (Xinhua)
………………………………………………………………..
Putin bans foreign-made clothing for Russian army from 2026
MOSCOW, Aug. 12 (Xinhua) — Russian President Vladimir Putin signed a decree on Monday banning the procurement of foreign-made clothing and related gear for the country’s armed forces starting in 2026.
According to the decree, from Jan. 1, 2026, all uniforms and other clothing items for the Russian Armed Forces must be produced by Russian companies whose manufacturing facilities are located within the country.
By 2027, the requirement will extend to fabrics and knitted materials used in production, which must be domestically manufactured.
The measure aims to entirely exclude the purchase of foreign-made clothing and materials for the needs of the military, the decree said.
Military clothing and gear include uniforms, insignia, underwear, bedding, special clothing, footwear, equipment, and sanitary items. Such supplies are procured through the Russian state defense order system. ■
English Caption
Soldiers march during a grand parade marking the 80th anniversary of the victory in the Soviet Union’s Great Patriotic War in Moscow, Russia, May 9, 2025. (Xinhua/Bai Xueqi)