Europe
ရုရှားနိုင်ငံ၏ ပထမနှစ်ဝက် ဂျီဒီပီ ၁.၂ ရာခိုင်နှုန်း တိုးတက်လာ

မော်စကို၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ၁.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း မီဒီယာများ၏ ဩဂုတ် ၁၃ ရက်၌ ဖော်ပြချက်များအရ သိရသည်။
ရုရှားနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ် ကာလတူထက် ၁.၂ ရာခိုင်နှုန်း တိုးတက်လာသည်ဟု ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ခန့်မှန်းထားကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။
ရုရှားဖက်ဒရယ်နိုင်ငံတော် စာရင်းအင်းဝန်ဆောင်မှုဌာန၏ ပဏာမခန့်မှန်းချက်အရ ရုရှားနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ၁.၄ ရာခိုင်နှုန်း တိုးတက်လာပြီးနောက် ဒုတိယသုံးလပတ်တွင် ၁.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။
“နှေးကွေးမှု၏နောက်ကွယ်က အဓိကအကြောင်းအရင်းမှာ ပြည်တွင်းဝယ်လိုအား အားနည်းခြင်းဖြစ်ကြောင်း၊ ယင်းက မတ်လတွင် ယခင်နှစ်ကာလတူထက် ၁၀.၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာမှ သြဂုတ် ၁၁ ရက်အထိ ၈.၅၅ ရာခိုင်နှုန်းသို့ ငွေကြေးဖောင်းပွမှု သိသိသာသာ ကျဆင်းသွားခြင်းကို ထင်ဟပ်နေကြောင်း” ၎င်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို TASS မှ ကိုးကားဖော်ပြခဲ့သည်။ (Xinhua)
…………………………………………
(English Version)
Russia’s GDP grows 1.2 pct in H1
MOSCOW, Aug. 13 (Xinhua) — Russia’s GDP grew 1.2 percent in the first half of 2025, according to media reports on Wednesday.
The Russian Ministry of Economic Development estimates that the economy grew 1.2 percent year on year in the first half of 2025, TASS news agency reported.
Russia’s GDP grew 1.1 percent in the second quarter of 2025, following a 1.4 percent expansion in the first quarter, according to a preliminary estimate by the Federal State Statistics Service.
“The main factor behind the slowdown was weaker domestic demand, which was reflected in a notable easing of inflation — from a peak of 10.3 percent year on year in March to 8.55 percent as of August 11,” the ministry was quoted by TASS as saying. ■
English Caption
Photo taken on March 24, 2022 shows ruble banknotes and coins in Moscow, capital of Russia. (Xinhua/Bai Xueqi)