Connect with us

မြန်မာ-中文

ကမ္ဘာ့ပထမဆုံး လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ စက်ရုပ်ကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
လူပုံစံတူစက်ရုပ်များ ပါဝင်ယှဉ်ပြိုင်မှုအား အဓိကထားသော ကမ္ဘာ့ပထမဆုံး အထွေထွေပြိုင်ပွဲဖြစ်သည့် “၂၀၂၅ ခုနှစ် ကမ္ဘာ့လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲ” ကို ဩဂုတ် ၁၄ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမျိုးသား မြန်နှုန်းမြင့် ရေခဲစကိတ်စီးကွင်း “ရေခဲပိုးကြိုး” ၌ တရားဝင် ဖွင့်လှစ်ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲအတွင်း နိုင်ငံနှင့်ဒေသပေါင်း ၁၆ ခုမှ ပြိုင်ပွဲဝင်အဖွဲ့ပေါင်း ၂၈၀ သည် ပေကျင်းမြို့၌ စုစည်း၍ ဩဂုတ် ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက်တာအတွင်း စွမ်းရည်ယှဉ်ပြိုင်မှုပြိုင်ပွဲ၊ ဖျော်ဖြေတင်ဆက်မှုပြိုင်ပွဲ၊ ပတ်ဝန်းကျင်အခြေအနေအတွင်း ယှဉ်ပြိုင်မှုပြိုင်ပွဲ၊ အမှတ်စုပြိုင်ပွဲ စုစုပေါင်း ကစားနည်းပြိုင်ပွဲ ၂၆ ခုအတွက် ၄၈၇ ကြိမ် ယှဉ်ပြိုင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး လူပုံစံတူစက်ရုပ်က ဉာဏ်ပညာဖြင့် ဆုံးဖြတ်နိုင်မှု၊ အားကစား ညှိနှိုင်းလုပ်ဆောင်မှု စသည့်ကဏ္ဍများတွင် ရှေ့ပြေးရလဒ်များကို ဘက်စုံတင်ဆက်သွားမည်ဖြစ်သည်။
အဆိုအကအစီအစဉ် “ကာဗွန်အခြေခံသက်ရှိတို့ကမ္ဘာမှ ကြိုဆိုပါသည်” တွင် လူသားအကပညာရှင်နှင့် စက်ရုပ်တို့ ချောမွေ့စွာ ညှိနှိုင်းလုပ်ဆောင်မှုဖြင့် “ကာဗွန်အခြေခံနှင့် ဆီလီကွန်အခြေခံသက်ရှိတို့ အပြန်အလှန် ဆွေးနွေးမှု” ကို တင်ဆက်‌ဖော်ပြခဲ့သည်။ အဝတ်အစား ဖက်ရှင်ရှိုးအစီအစဉ် “ထျန်းကုန်းဝတ်စုံ” ကမူ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုပညာနှင့် အနာဂတ်ဒီဇိုင်းတို့ကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသည်။
ဩဂုတ် ၁၄ ရက်တွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနား၌ ယှဉ်ပြိုင်မည့်အဖွဲ့ပေါင်းရာချီသည် “ရေခဲပိုးကြိုး” ကွင်း၌ တောက်ပစွာ ပါဝင်ခဲ့သည်။ စက်ရုပ်အမျိုးမျိုး၏ စွမ်းရည်များ တင်ဆက်ပြသမှု၊ စက်ရုပ်များ Street dance ကပြမှုနှင့် အော်ပရာဇာတ် ဖျော်ဖြေမှုတို့ ဆက်တိုက် တင်ဆက်ခဲ့သည့်အပြင် ကျွမ်းကျင် Street dance အဖွဲ့နှင့်ပူးတွဲ၍ အနုပညာဖျော်ဖြေတင်ဆက်ခဲ့မှုကြောင့် သိပ္ပံနည်းပညာနှင့် လူသားမျိုးနွယ်ယဉ်ကျေးမှုတို့ ထိတွေ့ပေါင်းစပ်မှုကို သက်ဝင်လှုပ်ရှားစွာ တင်ဆက်ဖော်ပြခဲ့သည်။
စင်မြင့်ထက်ဗဟိုရှိ အပြာရောင်ခရစ်စတယ် ချိ(ပ်)ထည့်သွင်းထားသည့် သတ္ထုစတုရန်းဒုချွန်မတ် “ဉာဏ်ရည်ထည့်သွင်းထားသော ချစ်ပ်” ခလုတ်ကို ထွန်းလင်းလိုက်ချိန်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲ တရားဝင်စတင်ခဲ့ပေသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် “အနာဂတ်အတွက် ဉာဏ်ရည်များ ယှဉ်ပြိုင်မှု” ကို ခေါင်းစဉ်အဖြစ်ထားရှိကာ သိပ္ပံနည်းပညာနှင့် လူမှုယဉ်ကျေးမှုတို့ ပေါင်းစပ်တင်ဆက်မှုဖြင့် ဉာဏ်ရည်တု (AI) နှင့် အားကစားစိတ်ဓာတ်တို့ ထိတွေ့မှုကို ဖော်ပြလိုက်သည်။
ယခုအကြိမ်ပြိုင်ပွဲတွင် အဓိကကစားနည်းယှဉ်ပြိုင်မှု ၂၁ ခုနှင့် အမှတ်စုကစားနည်းယှဉ်ပြိုင်မှု ၅ ခု ပါဝင်သည်။ ၎င်းအနက် အဓိကကစားနည်းများတွင် မီတာ ၁၀၀၊ မီတာ ၄၀၀၊ မီတာ ၁,၅၀၀၊ မတ်တပ်ရပ်၍ အဝေးခုန်ခြင်း၊ Floor exercise အားကစားနည်း၊ ဘောလုံး 5V5 စသည့် စွမ်းရည်ယှဉ်ပြိုင်မှုပြိုင်ပွဲ၊ စက်ရုပ်တစ်ပင်တိုင် အက၊ အဖွဲ့လိုက်အက၊ ဝူရှူး စသည့် ဖျော်ဖြေတင်ဆက်မှုပြိုင်ပွဲ၊ စက်ရုံပတ်ဝန်းကျင် (ပစ္စည်းသယ်ပို့မှုစွမ်းရည် ယှဉ်ပြိုင်ခြင်း)၊ ဆေးရုံပတ်ဝန်းကျင် (ဆေးဝါးအမျိုးအစားခွဲမှုစွမ်းရည် ယှဉ်ပြိုင်ခြင်း)၊ ဟိုတယ်ပတ်ဝန်းကျင် (သန့်ရှင်းရေးဝန်ဆောင်မှုစွမ်းရည် ယှဉ်ပြိုင်မှု) စသည့် ပတ်ဝန်းကျင်အခြေအနေအတွင်း ယှဉ်ပြိုင်မှုပြိုင်ပွဲတို့ ပါဝင်သည်။ ရမှတ်စုပြိုင်ပွဲတွင်မူ ဘတ်စ်ကတ်ဘော၊ စားပွဲတင်တင်းနစ်၊ အုပ်စုလိုက်အက၊ ကစ်ဘောက်ဆင်၊ ကွန်ဖူးဘောက်ဆင် စသည့် ကစားနည်း ၅ ခု ပါဝင်သည်။
တစ်ကမ္ဘာလုံးတွင် ပထမဆုံး “အားကစား + အနုပညာ + လက်တွေ့အသုံးချမှု” တို့ပါဝင်သည့် ရှုထောင့်စုံ လူပုံစံတူစက်ရုပ်ပြိုင်ပွဲအနေဖြင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲသည် တရားမျှတစွာယှဉ်ပြိုင်မှု၊ တံခါးဖွင့်၍ ဆန်းသစ်တီထွင်မှု၊ လုံခြုံ၍ ထိန်းချုပ်နိုင်မှု၊ လုပ်ငန်းများ ပူးတွဲလှုပ်ရှားမှု အခြေခံမူကို အရင်းခံကာ ပြိုင်ပွဲဝင်အဖွဲ့များက ဆန်းသစ်တီထွင်သော နည်းပညာဖြင့် အားကစားလှုပ်ရှားမှု အကန့်အသတ်ကို ထိုးဖောက်၍ ပညာရပ်ဖြတ်ကျော်ပြီး ညှိနှိုင်းဆောင်ရွက်မှုဖြင့် လူသားနှင့် စက်ရုပ် အတူရှင်သန်နေထိုင်နိုင်သည့် အကန့်အသတ်မဲ့ဖြစ်နိုင်ခြေများကို စူးစမ်းလေ့လာရန် တိုက်တွန်းအားပေးလျက်ရှိသည်။

ယခုအကြိမ်ပြိုင်ပွဲသည် ယှဉ်ပြိုင်မှုပလက်ဖောင်းဖြစ်ရုံသာမက တစ်ကမ္ဘာလုံး သိပ္ပံနည်းပညာရလဒ်များ တင်ဆက်ပြသမှုနှင့် အနာဂတ်လုပ်ငန်း တွေ့ဆုံဆွေးနွေးမှုအတွက် အရေးကြီးပလက်ဖောင်းလည်းဖြစ်သည်။
ယခုအကြိမ် အားကစားပြိုင်ပွဲတွင် စွမ်းရည်များယှဉ်ပြိုင်မှုဖြင့် လူပုံစံတူစက်ရုပ်က အားကစားပြုလုပ်ရာတွင် ထိန်းချုပ်မှု၊ ပတ်ဝန်းကျင်အား ခံစားသိရှိမှု စသည့် အဓိကနည်းပညာများ ထိုးဖောက်မှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ လူပုံစံတူစက်ရုပ်၏ ဉာဏ်ရည်ထည့်သွင်းထားသော ဆုံးဖြတ်ချက်နှင့် အထွေထွေစွမ်းရည်အား ဘက်စုံဖော်ပြ၍ တစ်ကမ္ဘာလုံးက အဆိုပါကဏ္ဍ၌ ကူးလူးဖလှယ်မှုနှင့် တိုးတက်မှုကို တွန်းအားပေးကာ ကမ္ဘာ့စက်ရုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အားအင်သစ်များ ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ကမ္ဘာ့လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီက ဆိုခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့ လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ ကစ်ဘောက်ဆင် (Kick Boxing) ဆော့ကစားပြနေသော စက်ရုပ်များကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့ လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ စက်ရုပ် မီတာ ၁၀၀ အပြေးပြိုင်ရန် ဝန်ထမ်းက ထိန်းချုပ်လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
全球首个人形机器人运动会开幕
新华社北京8月14日电(记者阳娜、张骁)14日,全球首个以人形机器人为参赛主体的综合性赛事——“2025世界人形机器人运动会”在国家速滑馆“冰丝带”正式开幕。来自16个国家和地区的280支参赛队伍齐聚北京,将在8月15日至17日三天里围绕竞技赛、表演赛、场景赛、外围赛共26个赛项展开487场比拼,全面展现人形机器人在智能决策、运动协作等领域的前沿成果。
歌舞节目《欢迎来到碳基生命的世界》中,人类舞者与机器人以流畅协作演绎“碳基与硅基的对话”;服饰走秀节目《天工霓裳》则将非遗技艺与未来设计完美融合……14日的开幕式上,超百支战队闪耀“冰丝带”,各式机甲竞展风采,机器人街舞、戏曲轮番登场,更与专业街舞团联袂献艺,生动演绎科技与人类文明的碰撞交融。随着舞台中央的“智芯”装置——镶嵌蓝色晶体芯片的金属四棱锥被点亮,2025世界人形机器人运动会正式启动。
2025世界人形机器人运动会开幕式以“智竞向未来”为主题,通过科技与人文的融合呈现,诠释人工智能与体育精神的碰撞。本次赛事包括21个主体赛项和5个外围赛项,其中主体赛项有100米、400米、1500米、立定跳远、自由体操、足球5V5等竞技赛,单机舞蹈、群体舞蹈、武术等表演赛,工厂场景(物料搬运技能竞技)、医院场景(药品分拣技能竞技)、酒店场景(清洁服务技能竞技)等场景赛;外围赛项包括篮球、乒乓球、集体舞蹈、自由搏击、功夫搏击等5个赛项。
作为全球首个涵盖“体育+艺术+应用”的全维人形机器人赛事,2025世界人形机器人运动会将秉持公平竞争、开放创新、安全可控、产业联动的原则,鼓励参赛团队以创新技术突破运动极限,以跨学科协作探索人机共生的无限可能。
本次赛事不仅是竞技平台,更是全球科技成果展示与未来产业对话的重要窗口。2025世界人形机器人运动会组委会透露,本次运动会将通过竞技比拼推动人形机器人在运动控制、环境感知等核心技术的突破,全面展示人形机器人的智能决策和综合实力,推动全球在该领域的交流与发展,为全球机器人产业发展注入新动能。(完)
1、8月14日,机器人代表方阵在开幕式上入场。新华社记者 张晨霖 摄
2、8月14日,机器人在开幕式上展示自由搏击。新华社记者 张晨霖 摄
3、8月14日,工作人员操控机器人在开幕式上开展100米赛跑。新华社记者 谢晗 摄