Connect with us

Asia

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသသို့ အာဆီယံ ယာယီလေ့လာစောင့်ကြည့်ရေးအဖွဲ့ သွားရောက်လေ့လာစစ်ဆေး

ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ် နယ်စပ်ရွာတစ်ရွာတွင် သံဆူးကြိုးနှင့် တာယာများအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့မြင်ရစဉ် (Agence Kampuchea Press/Handout via Xinhua)

ဖနွမ်းပင်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
အာဆီယံ ယာယီလေ့လာစောင့်ကြည့်ရေးအဖွဲ့သည် ဩဂုတ် ၁၄ ရက်တွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသသို့ သွားရောက်လေ့လာစစ်ဆေးခဲ့သည်ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ထိုနေ့တွင် ပြောကြားခဲ့သည်။
အာဆီယံ ယာယီလေ့လာစောင့်ကြည့်ရေးအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မလေးရှား စစ်သံမှူးက ဦးဆောင်၍ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် စစ်သံမှူးများ ပါဝင်ကြောင်း၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်ရှိ နယ်စပ်ရွာသို့ သွားရောက် လေ့လာစစ်ဆေးခဲ့ရာ ထိုင်းစစ်တပ်က ထိုနေရာတွင် သံဆူးကြိုးနှင့် တာယာများ တပ်ဆင်ထားကြောင်း၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့သည် နယ်စပ်စစ်ဆေးရေးဂိတ်အချို့ကိုလည်း စစ်ဆေးခဲ့ကြောင်း Maly Socheata က ထိုနေ့သတင်းစာရှင်းလင်းပွဲ၌ မိတ်ဆက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် အပစ်ရပ်စိတ်ဓာတ်ကို အရင်းခံ၍ နိုင်ငံတကာဥပဒေ အခြေခံမူအရ အငြင်းပွားအား ငြိမ်းချမ်းစွာဖြေရှင်းပြီး တရားမျှတ၍ သမာသမတ်ကျသော ရလဒ်ကို အာမခံကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် စည်ပင်ဝပြောမှုများ သယ်ဆောင်လာပေးရန် ၎င်းက ထပ်မံတိုက်တွန်းခဲ့သည်။
အငြင်းပွားမှုရှိသည့် ဘုရားကျောင်းပိုင်ဆိုင်မှု အရေးကိစ္စ စသည်တို့ကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယားသည် ဇူလိုင် ၂၄ ရက်မှစ၍ နယ်စပ်ဒေသ၌ ပဋိပက္ခဖြစ်ပွားခဲ့ရာ နှစ်ဖက်လုံးက နိုင်ငံတကာဥပဒေအား ချိုးဖောက်သည်ဟု အပြန်အလှန် ပြစ်တင်ကြသည်။ နှစ်ဖက်ထုတ်ပြန်သည့် အချက်အလက်များအရ ပဋိပက္ခကြောင့် လူ ၁၀၀ ကျော် သေဆုံးဒဏ်ရာရမှုများဖြစ်ပွားခဲ့ပြီး လူ ၁၀၀,၀၀၀ ကျော် ဘေးကင်းရာဒေသသို့ ရွှေ့ပြောင်းခဲ့ရသည်။
ဩဂုတ် ၇ ရက်တွင် ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို၌ ကျင်းပသည့် နှစ်နိုင်ငံ နယ်စပ်အထွေထွေကော်မတီ အထူးအစည်းအဝေးတွင် အပစ်ရပ်မှု အသေးစိတ်အကြောင်းအရာနှင့် စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုင်းစစ်တပ်သည် နှစ်နိုင်ငံနယ်စပ် ကမ္ဘောဒီးယားဘက်ခြမ်းရှိကျေးရွာ၌ သံဆူးကြိုးနှင့် တာယာများ တပ်ဆင်ထားသောကြောင့် အပစ်ရပ်စာချုပ်နှင့် သဘောတူညီချက်အား ချိုးဖောက်နေကြောင်း ကမ္ဘောဒီးယားဘက်က ဩဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
东盟临时观察团视察柬泰边境地区
新华社金边8月14日电(记者吴长伟)柬埔寨国防部发言人马莉淑洁达14日说,东盟临时观察团当天视察了柬泰边境地区。
马莉淑洁达当天在新闻发布会上介绍,东盟临时观察团由马来西亚驻柬武官率领,包括文莱、印度尼西亚、老挝、缅甸、菲律宾和越南武官。观察团视察了班迭棉吉省的边境村庄,泰国武装部队在那里布设了铁丝网和轮胎。观察团还视察了一些边境检查站。
她还再次呼吁泰国秉持停火精神,根据国际法原则和平解决争端,确保公正、公平的结果,为两国和两国人民带来和平与繁荣。
因寺庙归属等争议问题,泰国与柬埔寨7月24日起在边境地区发生武装冲突,双方互相指责对方违反国际法。根据双方公布的数据,冲突已造成上百人伤亡,逾10万民众被疏散至安全区域。8月7日,泰柬两国在马来西亚吉隆坡举行的两国边界总委员会特别会议上就停火细则达成共识并签署协议。柬方13日称,泰国武装部队在两国边境柬方一侧的村庄布设了铁丝网和轮胎,违反停火协议及共识。(完)
图说:这是8月14日在柬埔寨班迭棉吉省一个边境村庄拍摄的铁丝网和轮胎。新华社/柬新社