Connect with us

Asia

အမေရိကန် စည်းကြပ်ခွန်မူဝါဒက ဂျပန်နိုင်ငံ စာရင်းဝင်ကုမ္ပဏီလုပ်ငန်းများ၏ စွမ်းဆောင်မှုကို ဖိအားပေးနေဟု ဂျပန်မီဒီယာ ဖော်ပြ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တိုကျိုမှတ်တိုင်အနီး တစ်နေရာရှိ လူကူးမျဉ်းကြား၌ ဖြတ်သန်းသွားလာနေသူများအား ၂၀၂၅ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
လတ်တလောတွင် ထုတ်ပြန်ထားသော ဂျပန်နိုင်ငံ အဓိက စာရင်းဝင်ကုမ္ပဏီလုပ်ငန်းများ၏ ဘဏ္ဍာရေးအစီရင်ခံစာများကို ခွဲခြမ်းစိတ်ဖြာသော ဆောင်းပါးတစ်ပုဒ်ကို မကြာသေးမီရက်က ဂျပန် Nikkei ၏ ခေါင်းကြီးပိုင်းတွင် ဖော်ပြခဲ့သည်။ သတင်းတွင် အမေရိကန်အစိုးရ၏ စည်းကြပ်ခွန်မူဝါဒများက ဂျပန်နိုင်ငံ စာရင်းဝင်ကုမ္ပဏီလုပ်ငန်းများ၏ စွမ်းဆောင်မှုအပေါ် ဖိအားပေးလျက်ရှိသည်ဟု ယူဆထားပြီး Nikkei 225 အညွှန်းကိန်းတွင် ပါဝင်သော အဓိက စာရင်းဝင်ကုမ္ပဏီလုပ်ငန်း ၄၂ ခုအနေဖြင့် လက်ရှိဘဏ္ဍာနှစ် (၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ) တွင် လုပ်ငန်းလည်ပတ်မှုမှ အမြတ်ငွေ စုစုပေါင်း ဂျပန်ယန်းငွေ ၃.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၄၇ ယန်း ခန့်) လျော့နည်းမည်ဟု ခန့်မှန်းထားသည်။ ဆောင်းပါးအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။
အမေရိကန်၏ စည်းကြပ်ခွန်မူဝါဒများကြောင့် ကုမ္ပဏီလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှု အမြတ်ငွေ လျော့နည်းသည့်ပမာဏသည် ကနဦးခန့်မှန်းချက်ထက် ယန်း ၉၀၀ ဘီလီယံ သို့မဟုတ် ၃.၅ ထရီလီယံ အထိ ပိုမိုများပြားလာကြောင်း၊ စာရင်းဝင်ကုမ္ပဏီလုပ်ငန်း ၄၂ ခု၏ လုပ်ငန်းလည်ပတ်မှု စုစုပေါင်း အမြတ်ငွေမှာ ယခင်ဘဏ္ဍာနှစ်ထက် ၂၀ ရာခိုင်နှုန်း လျော့နည်းကာ ယန်း ၁၂.၁ ထရီလီယံယန်းသို့ ကျဆင်းမည်ဟု မျှော်မှန်းထားကြောင်း ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။
ခွဲခြမ်းစိတ်ဖြာမှုအရ စာရင်းဝင် ကုမ္ပဏီလုပ်ငန်း ၄၂ ခုအနက် အမြတ်ငွေကျဆင်းသည့် ကုမ္ပဏီလုပ်ငန်းအများစုမှာ ပို့ကုန်လုပ်ငန်းများဖြစ်ပြီး ယင်းအနက် မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီကြီး ၇ ခု၏ အမြတ်ငွေဆုံးရှုံးမှုမှာ စုစုပေါင်း ယန်း ၂.၇ ထရီလီယံခန့်ရှိရာ စာရင်းဝင် ကုမ္ပဏီလုပ်ငန်း ၄၂ ခု အမြတ်ငွေဆုံးရှုံးမှု စုစုပေါင်းတန်ဖိုး၏ ၈၀ ရာခိုင်နှုန်း နီးပါးခန့် ရှိကြောင်း၊ အမေရိကန်၏ စည်းကြပ်ခွန်မူဝါဒများ၏ သက်ရောက်မှုကြောင့် တိုယိုတာမော်တာ ကော်ပိုရေးရှင်းသည် ယခုဘဏ္ဍာနှစ်တွင် ယန်း ၁.၄ ထရီလီယံ လုပ်ငန်းလည်ပတ်မှု အမြတ်ငွေလျော့နည်းသွား၍ မာဇဒါ မော်တာကော်ပိုရေးရှင်းမှာ ယခုဘဏ္ဍာနှစ်တွင် ယန်း ၂၃၃.၃ ဘီလီယံယန်း အမြတ်ငွေလျော့နည်းမည်ဟု မျှော်မှန်းထားသည်။
အမေရိကန် စည်းကြပ်ခွန်မူဝါဒများကြောင့် ဂျပန်နိုင်ငံ စာရင်းဝင်ကုမ္ပဏီလုပ်ငန်းများသည် ဝန်ထုပ်ဝန်ပိုးကြီးမားလှပြီး အရင်းအနှီးကို ပြောင်းရွှေ့ရုံဖြင့် ဆုံးရှုံးမှုများကို ဖြည့်တင်းရန် ခက်ခဲလှကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။ (Xinhua)
…………………………….
(Chinese Version)
全球瞭望|日媒:美国关税政策令日本上市企业业绩承压
新华社东京8月18日电(记者刘春燕)《日本经济新闻》日前在头版刊文分析近期发布的日本主要上市公司财报,认为美国政府关税政策令日本上市公司业绩承压,作为日经股指成分股的主要42家上市公司本财年(2025年4月至2026年3月)营业利润预计将共计减少3.5万亿日元(1美元约合147日元)。文章摘要如下:
数据显示,美国关税政策导致企业营业利润缩水额度较最初估计增加9000亿日元,或达3.5万亿日元。42家上市公司营业利润总额预计比上财年减少两成,降至12.1万亿日元。
分析显示,42家上市公司中利润下降企业绝大多数是出口企业,其中七大汽车制造商利润损失合计约2.7万亿日元,约占42家上市公司利润损失总额的近八成。受美国关税政策影响,丰田汽车公司预计本财年营业利润缩水1.4万亿日元,马自达汽车公司预计本财年营业利润减少2333亿日元。
文章说,美国关税政策导致日本上市企业负担沉重,仅靠成本转嫁难以弥补损失。(完)
图说:5月15日,在日本东京,行人通过东京站附近的一处人行横道。新华社记者贾浩成摄