Connect with us

China

တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားအသုံးပြုမှု ဇူလိုင်တွင် အားကောင်းစွာ တိုးတက်

တရုတ်နိုင်ငံ အ‌ရှေ့ပိုင်း ဆန်းတုန်းပြည်နယ်တွင် ဆိုလာပြားများနှင့် စွမ်းအင်သိုလှောင်ရေးဆိုင်ရာ သရုပ်ပြစီမံကိန်းတစ်ခုအား ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့မြင်ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများအား အဓိကတိုင်းတာချက်တစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အားအသုံးပြုမှုမှာ ဇူလိုင်တွင် ကီလိုဝပ်နာရီ ၁ ထရီလီယံ အမှတ်ကို ကျော်လွန်သွားခဲ့ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးဌာန၏ ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လတွင် လျှပ်စစ်ဓာတ်အားအသုံးပြုမှုက ကီလိုဝပ်နာရီ ၁.၀၂ ထရီလီယံ ရှိခဲ့ပြီး၊ အပူလှိုင်းဖြတ်သန်းမှု အကြိမ်ရေများစွာနှင့် ပုံမှန်တည်ငြိမ်သော စက်မှုလုပ်ငန်းလှုပ်ရှားမှုတို့ ပေါင်းစပ်မှုကြောင့် ယမန်နှစ် ကာလတူထက် ၈.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
ဇူလိုင်လတွင် ပထမအဆင့်စက်မှုလုပ်ငန်းများနှင့် ဒုတိယအဆင့်စက်မှုလုပ်ငန်းများ (primary and secondary industries) မှ ဓာတ်အားသုံးစွဲမှုမှာ ယမန်နှစ်ကာလတူထက် ၂၀.၂ ရာခိုင်နှုန်းနှင့် ၄.၇ ရာခိုင်နှုန်းစီ တိုးတက်ခဲ့ပြီး ကီလိုဝပ်နာရီ ၁၇ ဘီလီယံနှင့် ကီလိုဝပ်နာရီ ၅၉၃.၆ ဘီလီယံ အသီးသီးရှိခဲ့ကာ တတိယအဆင့် (tertiary) စက်မှုလုပ်ငန်းများ၏ ဓာတ်အားသုံးစွဲမှုမှာ ၁၀.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကီလိုဝပ်နာရီ ၂၀၈.၁ ဘီလီယံ ရှိခဲ့သည်။
နိုင်ငံတွင်းနေထိုင်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကလည်း အချိန်ကြာမြင့်စွာ မြင့်မားသောအပူချိန်နှင့် စိုထိုင်းဆတို့ကြောင့် လွန်ခဲ့သည့်လတွင် အားကောင်းခဲ့ပြီး စုစုပေါင်းဓာတ်အားသုံးစွဲမှုမှာ ကီလိုဝပ်နာရီ ၂၀၃.၉ ဘီလီယံ ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်နိုင်ငံ၏ စုစုပေါင်း ဓာတ်အားသုံးစွဲမှုမှာ ယမန်နှစ်ကာလတူထက် ၄.၅ ရာခိုင်နှုန်း တိုးတက်လာပြီး ကီလိုဝပ်နာရီပေါင်း ၅.၈၆ ထရီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
—————–
(English Version)
China’s power use sees strong growth in July

BEIJING, Aug. 21 (Xinhua) — China’s electricity consumption, a key barometer of economic activity, surpassed the 1-trillion-kilowatt-hours mark in July, according to the National Energy Administration on Thursday.
Power use hit 1.02 trillion kilowatt-hours in July, representing an 8.6-percent increase from the same period last year, driven by a combination of multiple rounds of heat waves and steady industrial activity.
In July, power consumed by the primary and secondary industries rose 20.2 percent and 4.7 percent year on year to 17 billion kilowatt-hours and 593.6 billion kilowatt-hours, respectively, and power consumed by the tertiary sector increased 10.7 percent to 208.1 billion kilowatt-hours.
The electricity consumption of the country’s residents also saw strong growth last month due to prolonged high temperatures and humidity, with total power use reaching 203.9 billion kilowatt-hours, a year-on-year increase of 18 percent.
From January to July, China’s total power use climbed 4.5 percent year on year to over 5.86 trillion kilowatt-hours. ■

English Caption
A drone photo taken on Aug. 8, 2025 shows a demonstration project for integrated photovoltaic and energy storage in Dongying City, east China’s Shandong Province. (Xinhua/Guo Xulei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.