Connect with us

International Organizations

ရီးရဲလ်နောက်ခံလူဟောင်း ဗက်ဇ်ကွက်ဇ်ကို လေဗာကူဆင် စာချုပ်ဖြင့် ခေါ်ယူ

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် ဂီတာဖေးတို့၏ လာလီဂါပွဲတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ရီးရဲလ်မက်ဒရစ်ကစားသမား လူးကပ်စ် ဗက်ဇ်ကွက်ဇ်အား ၂၀၂၂ ခုနှစ်၊ ဧပြီ ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဘာလင်၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)
ယမန်နှစ်ရာသီက ရီးရဲလ်နှင့်စာချုပ်ကုန်ဆုံးသွားခဲ့သည့် စပိန်နောက်ခံလူ လူးကပ်စ် ဗက်ဇ်ကွက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း လေဗာကူဆင်က သြဂုတ် ၂၆ ရက်တွင် အတည်ပြုကြေညာခဲ့သည်။
အသက် ၃၄ နှစ်အရွယ်ရှိ ဗက်ဇ်ကွက်ဇ်မှာ လေဗာကူဆင်နှင့် ၂၀၂၇ ခုနှစ် ဇွန်လအထိ စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ကျောနံပါတ် ၂၁ ကို ဝတ်ဆင်ကစားမည်ဖြစ်ကာ လီဗာပူးလ်သို့ ပြောင်းရွှေ့ သွားခဲ့သည့် ဖရင်းပေါင်၏နေရာအတွက် လေဗာကူဆင်က တိုက်ရိုက်အစားထိုးခေါ်ယူမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လေဗာကူဆင်မှာ ယခင်က ပြင်သစ်လီဂူးကလပ် နိုက်စ်မှဂျိုနသန်ကလော့စ်ကိုခေါ်ယူရန် ကြိုးစားခဲ့ သေးသော်လည်း ပြောင်းရွှေ့ကြေး ညှိနှိုင်းမရမှုကြောင့် ဆွေးနွေးမှုများ ပျက်ပြားသွားခဲ့သည်။ ဗက်ဇ်ကွက်ဇ်ကို ခေါ်ယူနိုင်ခဲ့ခြင်းက ညာတောင်ပံခံစစ်တန်းအတွက် အတွေ့အကြုံရင့် ခံစစ်ကစား သမားတစ်ဦးကို ခေါ်ယူနိုင်ခြင်းလည်း ဖြစ်ခဲ့သည်။
ဗက်ဇ်ကွက်ဇ်ကို ခေါ်ယူနိုင်ခဲ့ခြင်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ရီးရဲလ်နှင့်အရာရာအောင်မြင်မှု ရခဲ့သည့် အတွေ့အကြုံရင့်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်မှုဖြစ်ခဲ့ကြောင်း လေဗာကူဆင် အားကစား ဒါရိုက်တာ ဆိုင်မွန်ရိုးလ်ဖက်က ပြောကြားခဲ့သည်။
“ဗက်ဇ်ကွက်ဇ်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ နည်းဗျုဟာပိုင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုတွေနဲ့ ကစားကွက်ပိုင်းဆိုင်ရာ ပုံဖော်မှုတွေက လေဗာကူဆင်ကို ကြီးမားတဲ့အကျိုးသက်ရောက်မှု ဖြစ်စေ ပါလိမ့်မယ်။ ဦးဆောင်နိုင်စွမ်း၊ ကစားနေကြပုံစံ၊ အောင်ပွဲစိတ်ဓါတ်တွေကိုလည်း ဗက်ဇ်ကွက်ဇ် ယူဆောင်လာမှာဖြစ်ပြီး ဒါက လေဗာကူဆင်ကို ပိုပြီးတောင့်တင်းသွားစေပါလိမ့်မယ်” ဟုလည်း ဆိုင်မွန်ရိုးလ်ဖက်က ပြောကြားခဲ့သည်။
ဗက်ဇ်ကွက်ဇ်မှာ ရီးရဲလ်နှင့် နောက်ဆုံးရာသီတွင်လည်း အရေးပါသောကဏ္ဍမှပါဝင်ခဲ့သူဖြစ်ပြီး လာလီဂါ ပွဲထွက် ၂၅ ပွဲအပါအဝင် စုစုပေါင်း ၃၂ ပွဲကစားကာ ၁ ဂိုးသွင်းယူပြီး ၅ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ ၁၀ ပွဲကစားခဲ့ရပြီး ၁ ဂိုးသွင်းကာ နောက်ထပ် ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ဗက်ဇ်ကွက်ဇ်၏ လေဗာကူဆင်သို့ ပြောင်းရွှေ့မှုတွင် လေဗာကူဆင်နည်းပြဟောင်း ဇာဘီအလွန်ဆိုနှင့် ကစားသမားဘဝအစောပိုင်းတွင် လေဗာကူဆင်၌ တစ်ရာသီကြာကစားခဲ့ဖူးသည့် ကာလရှည် ရီးရဲလ် ကစားဖော် ဒါနီကာဗာဂျယ်တို့၏ လွှမ်းမိုးမှုက အဓိကကျခဲ့ကြောင်း သိရသည်။
“လေဗာကူဆင်နဲ့ အခန်းကဏ္ဍသစ်စတင်ရတော့မှာမို့ စိတ်လှုပ်ရှားနေပါတယ်။ လေဗာကူဆင်က ရည်မှန်းချက်ကြီးပြီး အောင်မြင်မှုတွေ ဆာလောင်တဲ့အသင်းပါ။ ဒါက ကျွန်တော်ရဲ့ ခံယူချက်နဲ့ကိုက်ညီ ပါတယ်။ ချန်ပီယံဆုဖလားတွေရဖို့ အတူတကွကြိုးစားဖို့ ကျွန်တော်ရည်မှန်းထားပါတယ်” ဟု ဗက်ဇ်ကွက်ဇ်က ပြောခဲ့သည်။
စပိန်လက်ရွေးစင် ၉ ပွဲကစားခဲ့ဖူးသည့် ဗက်ဇ်ကွက်ဇ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ၄၀၂ ပွဲကစားပေးခဲ့သူ ဖြစ်ပြီး ချန်ပီယံလိဂ်နှင့် လာလီဂါချန်ပီယံဆုများစွာအပါအဝင် အဓိကချန်ပီယံဆုဖလား ၂၃ လုံးရရှိခဲ့သူ ဖြစ်သည်။ အမေရိကန်နိုင်ငံတွင်ကျင်းပခဲ့သည့် ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲ၌ နောက်ဆုံးပွဲကစားခဲ့ပြီး နောက် ရီးရဲလ်က ဗက်ဇ်ကွက်ဇ်အား ရီးရဲလ်၏ မဟာဂန္ထဝင်ကစားသမားများအနက် တစ်ဦးအဖြစ် တရားဝင် ဂုဏ်ပြုပေးခဲ့ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Bayer Leverkusen signs ex-Real Madrid defender Vazquez
BERLIN, Aug. 26 (Xinhua) — Bayer Leverkusen has signed Spanish defender Lucas Vazquez on a free transfer after his contract with Real Madrid expired at the end of last season, the Bundesliga outfit confirmed on Tuesday.
The 34-year-old has penned a deal until June 2027 and will wear the number 21 jersey for the Bundesliga outfit. Vazquez arrives in Leverkusen as a direct replacement for Jeremie Frimpong, who joined Liverpool earlier this summer.
The Werkself had previously pursued Jonathan Clauss from French outfit Nice, but negotiations collapsed over the transfer fee. With Vazquez, Bayer now secures an experienced and versatile option for the right flank.
“By signing Lucas Vazquez, we are bringing in a highly experienced player who has won everything there is to win over the past decade with Real Madrid,” said Bayer sporting director Simon Rolfes.
“His technical skills, tactical intelligence, and playmaking qualities will have a big impact on our team. He brings leadership, routine, and a winning mentality that will strengthen our squad.”
During his final campaign at Real Madrid, Vazquez remained an important figure. He featured in 32 La Liga matches, starting 25, and contributed one goal and five assists. In the Champions League, he made 10 appearances, scoring once and providing another assist.
For Vazquez, the move also carries a personal dimension. He acknowledged the influence of Bayer coach Xabi Alonso and his long-time teammate Dani Carvajal – who had a season at Leverkusen early in his career – in shaping his decision.

“I am excited to start this new chapter with Leverkusen,” Vazquez said. “This is a club with great ambition and hunger for success, and that matches my own mindset. I am looking forward to competing for titles together.”
In total, the nine-time Spain international amassed 402 competitive games for Real Madrid, winning 23 major trophies, including multiple Champions League and La Liga titles. The club officially honored him as “one of the great legends” during the FIFA Club World Cup in the United States, where he made his final appearances.
Photo;
Real Madrid’s Lucas Vasquez celebrates a goal during a La Liga match between Real Madrid and Getafe CF in Madrid, Spain, April 9, 2022. (Photo by Gustavo Valiente/Xinhua)