China
အာရှချန်ပီယံရှစ် သေနတ်ပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံက ရွှေတံဆိပ် ၈ ခု ဆွတ်ခူး၊ ပစ္စတိုပစ်ကစားနည်းများတွင် အနိုင်ယူလွှမ်းမိုးနိုင်ခဲ့

အယ်လ်မာတီ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ်အိုလံပစ်ပြိုင်ပွဲ၌ ထည့်သွင်းကျင်းပမည့် သေနတ်ပစ်ကစားနည်း ၁၅ ခု ပါဝင်သည့် ၂၀၂၅ ခုနှစ် အာရှချန်ပီယံရှစ် သေနတ်ပစ်ပြိုင်ပွဲတွင် တရုတ်သေနတ်ပစ်အသင်းက ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခုနှင့် ကြေးတံဆိပ် ၁ ခု ဆွတ်ခူးနိုင်ခဲ့ပြီး ပစ္စတိုပစ်ကစားနည်း ၅ ခု စလုံးတွင် ချန်ပီယံဆုများ သိမ်းကျုံးဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အာရှချန်ပီယံရှစ် သေနတ်ပစ်ပြိုင်ပွဲကို ကာဇက်စတန်နိုင်ငံ၊ Shymkent မြို့၌ ဩဂုတ် ၁၈ ရက်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဖွင့်ရက်၌ကျင်းပခဲ့သည့် အမျိုးသား ၁၀ မီတာ လေပစ္စတိုပစ်ပွဲစဉ်တွင် တရုတ်သေနတ်ပစ်ကစားသမား Hu Kai က ရမှတ် ၂၄၁.၆ မှတ်ဖြင့် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ISSF (အပြည်ပြည်ဆိုင်ရာသေနတ်ပစ်အားကစားအဖွဲ့ချုပ်) ၏ ကမ္ဘာ့ဖလား ပွဲစဉ်များတွင် ရှုံးပွဲမရှိသေးသည့် Hu Kai မှာ အမျိုးသား ၁၀ မီတာ လေပစ္စတိုပစ်ကစားနည်းတွင် ၎င်း၏ ပြိုင်ဘက်မရှိ လွှမ်းမိုးနိုင်မှုကို ရွှေတံဆိပ်ဆွတ်ခူးခြင်းဖြင့် ထပ်မံသက်သေထူနိုင်ခဲ့သည်။ ဩဂုတ် ၁၉ ရက်၌ ကျင်းပခဲ့သော အမျိုးသမီး ၁၀ မီတာ လေပစ္စတိုပစ်ပွဲစဉ်တွင်လည်း အသက် ၁၇ နှစ် အရွယ်သာ ရှိ သေးသည့် တရုတ်သေနတ်ပစ်အားကစားမယ် Ma Qianke က အိုလံပစ်ဆုတံဆိပ်ရှင်များဖြစ်သည့် Yang Ji-in (တောင်ကိုရီးယား) နှင့် မာနူဘာကာ (အိန္ဒိယ) တို့အား အံ့ဖွယ်အနိုင်ယူပြီး ရမှတ် ၂၄၃.၂ မှတ်ဖြင့် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။ Ma Qianke မှာ Zhang Yifan နှင့် တွဲပြီးပြိုင်ပွဲဝင်ခဲ့သည့် အမျိုးသား/ အမျိုးသမီး ၁၀ မီတာ လေပစ္စတိုပစ်အသင်းလိုက်ပွဲစဉ်တွင်လည်း တောင်ကိုရီးယား အသင်းကို ၁၆-၁၂ မှတ်ဖြင့်အနိုင်ရကာ တရုတ်အသင်းအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးခဲ့ပြန်သည်။
အမျိုးသမီး ၂၅ မီတာ ပစ္စတိုပစ်ပြိုင်ပွဲ၏ ချန်ပီယံရွှေတံဆိပ်ကိုမူ တရုတ်သေနတ်ပစ်အားကစားမယ် Zhang Yueyue က တစ်နိုင်ငံတည်းသူ သေနတ်ပစ်အားကစားမယ် Xiao Jiaruixuan နှင့် အကြိတ် အနယ် ယှဉ်ပြိုင်ပြီးမှ ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ အမျိုးသား ၂၅ မီတာ ပစ္စတိုအမြန်ပစ်ပွဲစဉ်တွင်လည်း တရုတ်သေနတ်ပစ်အားကစားသမား Su Lianbofan က ပစ်မှတ်ထိမှန်မှု ၃၆ ကြိမ်ဖြင့် ၎င်း၏ ပွဲဦးထွက် အာရှချန်ပီယံဆုကို ရယူနိုင်ခဲ့ကြောင်းသိရသည်။
တစ်လုံးထိုး (shotgun) သေနတ်ပစ်ကစားနည်းတွင်လည်း တရုတ်သေနတ်ပစ်ကစားသမားများက ရွှေတံဆိပ် ၃ ခု ဆွတ်ခူးနိုင်ခဲ့သည်။ အမျိုးသား Trap ပွဲစဉ် (စက်တစ်ခုမှ ပျံသန်းထွက်လာသော ပစ်မှတ် များကို ပစ်ခတ်ရသည့်ကစားနည်း) တွင် အိုလံပစ်ငွေတံဆိပ်ဆုရှင် Qi Ying က ၃၉ ကြိမ်မြောက် ပစ်ခတ်မှုတွင်သာ ပစ်မှတ်လွဲချော်ခဲ့ကာ ၄၇ ကြိမ် ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့ပြီး ရွှေတံဆိပ်ရခဲ့သည်။ အမျိုးသမီး Skeet (ပြိုင်ပွဲဝင်ကစားသမား၏ ရှေ့တွင်ရှိသော စက် ၂ ခုမှ ကန့်လန့်ဖြတ် ပျံသန်း ထွက်လာသောပစ်မှတ်များကိုပစ်ခတ်ရသည့် ကစားနည်း) ပြိုင်ပွဲတွင်လည်း အိုလံပစ်ကြေးတံဆိပ်ဆုရှင် တရုတ်သေနတ်ပစ်မယ် Jiang Yiting က ၎င်း၏ ကမ္ဘာ့အငယ်တန်းစံချိန်ကိုလိုက်မီနိုင်ခဲ့ပြီး တစ်နိုင်ငံ တည်းသူ Che Yufei ထက် တစ်ချက်အသာရကာ ပစ်မှတ်ထိမှန်မှု ၅၇ ကြိမ်ဖြင့် ရွှေတံဆိပ်ဆွတ်ခူးခဲ့ သည်။ အမျိုးသား/အမျိုးသမီး အသင်းလိုက် Trap ပွဲစဉ်တွင်လည်း တရုတ်နိုင်ငံမှ Zhang Zixi နှင့် Chen Pengyu အတွဲက ကူဝိတ်အတွဲကို ၄၃-၃၉ ရလဒ်ဖြင့် အနိုင်ရပြီး ရွှေတံဆိပ်ရခဲ့သည်။
တရုတ် ရိုင်ဖယ်သေနတ်ပစ်အသင်းမှာမူ အိုလံပစ်ချန်ပီယံများဖြစ်သည့် Sheng Lihao, Huang Yuting နှင့် Liu Yukun တို့မပါဝင်ဘဲ အတွေ့အကြုံနုနယ်သည့် ကစားသမားများဖြင့်သာ ပြိုင်ပွဲဝင်ခဲ့သော်လည်း ငွေတံဆိပ် ၅ ခု ဆွတ်ခူးနိုင်ခဲ့သည်။ ရိုင်ဖယ်ပစ်ပြိုင်ပွဲတွင် အိန္ဒိယသေနတ်ပစ်အသင်းက ရွှေတံဆိပ် ၄ ခုဖြင့် အနိုင်ယူလွှမ်းမိုးနိုင်ခဲ့သလို အိုလံပစ်ချန်ပီယံဆု ၂ ကြိမ်ဆွတ်ခူးထားသည့် အီလာဗီနေးလ် ဗာလာရီဗန်က အမျိုးသမီးတစ်ဦးချင်းနှင့် အမျိုးသား/အမျိုးသမီးအသင်းလိုက် ၁၀ မီတာ လေရိုင်ဖယ်ပစ် ပြိုင်ပွဲများမှ ရွှေတံဆိပ် ၂ ခု ဆွတ်ခူးခဲ့သည်။
အိုလံပစ်ကစားနည်းမဟုတ်သည့် အမျိုးသမီးအသင်းလိုက် ၁၀ မီတာ လေရိုင်ဖယ်ပစ်ပြိုင်ပွဲတွင် တရုတ်အသင်းမှ တွဲဖက်ဖြစ်သည့် Liu Yafei၊ Peng Xinlu နှင့် Zhang Liyuan တို့ ၃ ဦးက ကမ္ဘာ့စံချိန်သစ်နှင့် ကမ္ဘာ့ ဂျူနီယာစံချိန်သစ်များတင်ပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။ ၎င်းတို့ ၃ ဦးမှာ စုစုပေါင်းရမှတ် ၁,၉၀၂.၀ မှတ်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်ကတည်းက စံချိန်တင်ထားသည့် အမေရိကန်အသင်း၏ ၁,၈၉၈.၄ မှတ်စံချိန်ကိုကျော်ဖြတ်ကာ ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သလို တရုတ်အသင်းကလည်း ရမှတ် ၁,၉၀၀ ထက်ကျော်လွန်ရရှိသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
အိုလံပစ်ကစားနည်းမဟုတ်သည့် ပွဲစဉ်များကို နောက်ထပ် ၂ ရက် ဆက်လက်ကျင်းပပြီးနောက် အာရှချန်ပီယံရှစ် သေနတ်ပစ်ပြိုင်ပွဲမှာ ဩဂုတ် ၂၉ ရက်တွင် ပြိုင်ပွဲပြီးဆုံးမည်ဖြစ်သည်။ (Xinhua)
…………………………
(English Version)
China dominates pistol events, collecting 8 golds at Asian Shooting Championships
ALMATY, Aug. 27 (Xinhua) — China collected eight gold, seven silver and one bronze medals across the 15 Los Angeles 2028 Olympic shooting events at the Asian Championships, highlighted by a clean sweep of all five pistol titles.
Hu Kai, unbeaten this season in men’s 10m air pistol at the ISSF World Cups, extended his dominance by securing gold with 241.6 points as the Championships started in Shymkent, Kazakhstan on Aug. 18. On the following day, Ma Qianke, 17, stunned Olympic medalists Yang Ji-in of South Korea and Manu Bhaker of India to claim the women’s 10m air pistol title with 243.2 points, before pairing with Zhang Yifan to win the 10m air pistol mixed team event over South Korea 16-12.
China rode on the momentum to add two more golds, with Zhang Yueyue taking the women’s 25m pistol crown after an intense shootoff against teammate Xiao Jiaruixuan. Su Lianbofan won his maiden Asian Championships title with 36 hits in the men’s 25m rapid fire pistol final.
In the shotgun, Olympic silver medalist Qi Ying only started to miss in his 39th target, won the men’s trap with an eventual result of 47 hits, Olympic bronze medalist Jiang Yiting equaled her own world junior record of 57 hits to clinch the women’s skeet victory, one hit more than her compatriot Che Yufei. Zhang Zixi and Chen Pengyu added another gold in the trap mixed team after beating Sarah Alhawal and Naser Almeqled of Kuwait 43-39.
China’s rifle squad, competing without Olympic champions Sheng Lihao, Huang Yuting and Liu Yukun, collected five silver medals with an inexperienced lineup. India was the biggest winner in the discipline with four golds, with two-time Olympian Elavenil Valarivan winning titles in both women’s and team 10m air rifle events.
In non-Olympic events, a standout moment came in the women’s 10m air rifle team event, where the Chinese trio of Liu Yafei, Peng Xinlu and Zhang Liyuan set both a new world record and world junior record. Their score of 1902.0 made them the first team to surpass 1900 points, eclipsing the previous world mark of 1898.4 set by the United States in 2022.
The Asian Shooting Championships will conclude on Friday after two more days of non-Olympic competitions.
Photo:
China’s Ma Qianke(C) poses with Yang Ji-in of South Korea(L) and Manu Bhaker of India at the award ceremony of women’s 10m air pistol at Asian Shooting Championships in Almaty, on Aug.19, 2025. (Xinhua)