Connect with us

Agriculture

တရုတ်နိုင်ငံတောင်ဘက်စွန်းပိုင်းရှိကျွန်းစုများတွင် သန္တာကျောက်တန်းပျိုးပင်ပေါင်း ၁၀၀,၀၀၀ စိုက်ပျိုးပြီးစီး

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဆန်းဆားမြို့အနီး ပင်လယ်ပြင်၏ ရေအောက်ဓာတ်ပုံတွင် ငါးများနှင့် သန္တာကျောက်တန်းများအား ၂၀၁၆ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

SANSHA ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ဟိုင်နန်ပြည်နယ်တွင်တည်ရှိသည့် တရုတ်နိုင်ငံတောင်ဘက်အစွန်းဆုံးကျွန်းမြို့ကလေး ဆန်းဆား သည် ရှီးဆား ကျွန်းစုများတွင် သန္တာကျောက်တန်းပျိုးပင်ပေါင်း ၁၀၀,၀၀၀ အောင်မြင်စွာစိုက်ပျိုးခဲ့ပြီး ၎င်း၏သန္တာကျောက်တန်း ပြန်လည်ထူထောင်‌ရေးစီမံကိန်းများအတွက် အဓိကမှတ်တိုင်တစ်ခု‌ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။
Sansha ပင်လယ်ပြင်ကာကွယ်ရေးဧရိယာစီမံခန့်ခွဲရေးဌာန အဆိုအရ ရှီးဆား ကျွန်းစုအနီးဝန်းကျင်တွင် အကြီးဆုံး သန္တာကျောက်တန်းပျိုးပင်အခြေစိုက်စခန်းတစ်ခု တည်ထောင်ထားပြီး ယနေ့အချိန်အထိ သန္တာကျောက်တန်း ပျိုးပင်ပေါင်း ၁၄၃,၀၀၀ စိုက်ပျိုးထားရှိကြောင်းသိရသည်။
သန္တာကျောက်တန်းများကို ပင်လယ်ပြင်မိုးသစ်တောများဟု ရည်ညွှန်းခေါ်ဆိုကြပြီး ပင်လယ်ပြင်အတွက် အရေးကြီးသည့်အခန်းကဏ္ဍမှလုပ်ဆောင်ပေးလျက်ရှိပြီး ကျွန်းစုများ၏ဂေဟစနစ်လုံခြုံရေးအတွက် စိတ်ချရစေသည်။ ကမ္ဘာကြီးပူ‌နွေးလာမှုကြောင့် သန္တာကျောက်တန်းများပျက်စီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် Sansha မြို့တွင် ပြန်လည်ထူထောင်ရေးစီမံကိန်းအား ၂၀၂၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဒေသတွင်း သန္တာကျောက်တန်းကြီးထွားမှုနှုန်းနှင့် ရှင်သန်မှုအတွက် အရေးပါသော ဆန်းသစ်ထားသည့် သစ်ပင်ပုံစံ သန္တာကျောက်တန်း ပြုစုပျိုးထောင်ရေးနည်းပညာကို အသုံးပြု လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်း ညွှန်ကြားရေး မှူး Li Yupei က သန္တာကျောက်တန်း ပျိုးပင်များသည် နှစ်စဥ် ၁၅ စင်တီမီတာအထိ ကြီးထွားနိုင်ကြောင်း၊ ပင်လယ်လိပ်ကြီးများနှင့်ခုံးကောင်ကြီးများကဲ့သို့ ရှားပါးပင်လယ်မျိုးစိတ်များသည် ပြန်လည်ထူထောင်ရေး ဧရိယာများတွင် အကောင်ရေ ပိုမိုများပြားလာနေ‌ကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
China’s southernmost island city plants 100,000 coral seedlings
SANSHA, Aug. 30 (Xinhua) — China’s southernmost island city of Sansha in Hainan Province has successfully planted 100,000 coral seedlings in the area of the Xisha Islands, reaching a significant milestone in its ongoing coral restoration project.
According to Sansha’s marine protected areas administration, the largest artificial coral breeding base around the Xisha Islands has been established and has cultivated 143,000 coral seedlings to date.
Coral reefs — often referred to as the rainforests of the ocean — play a critical role in maintaining marine biodiversity, and in ensuring the ecological security of islands. Sansha launched its restoration project in 2023 to address the issue of coral bleaching caused by global warming.
Innovative “tree-type coral nursery” technology has been adopted, significantly improving local coral growth rates and survival. The administration’s director, Li Yupei, told Xinhua that the coral seedlings can grow by up to 15 centimeters annually, and that rare marine species such as sea turtles and giant clams have become more abundant in the restoration area.
Photo : Underwater photo taken on April 30, 2016 shows fish and coral reefs in the sea near Sansha city of south China’s Hainan Province. (Xinhua/Li Ming)