International Organizations
ကိုလံဘီယာနောက်ခံလူ ကူစကာ ဗာစကို ဒဂါးမားသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ကိုလံဘီယာလက်ရွေးစင် နောက်ခံကစားသမား ကားလို့စ် ကူစတာက ဂါလာတာဆာရေးအသင်းမှ ဗာစကို ဒဂါးမားအသင်းသို့ အငှားစာချုပ်ဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း ဘရာဇီးစီးရီးအေကလပ် ဗာစကို ဒဂါးမားအသင်းက စက်တင်ဘာ ၁ ရက်၌ ထုတ်ပြန်ခဲ့သည်။
အဆိုပါအငှားစာချုပ်အရ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမား ကူစတာက ဗာစကိုအသင်းတွင် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ ကစားမည်ဖြစ်ပြီး အသင်းအနေဖြင့် ၎င်းအား ဝယ်ယူရန် ရွေးချယ်ခွင့်လည်း ရှိမည်ဖြစ်သည်။
“ဗာစကိုမှာ လာကစားရမှာကို ဝမ်းသာပါတယ်၊ အသင်းကို နိုင်ပွဲတွေ ရအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဗဟိုခံစစ်မှူး ကူစတာက ကလပ်အသင်း၏ တရားဝင် ဝက်ဘ်ဆိုဒ်၌ ပြောကြားခဲ့သည်။
၂၀၂၈ ခုနှစ် ဇွန်လအထိ ဂါလာတာဆာရေးအသင်းနှင့် စာချုပ်ချုပ်ဆိုထားသည့် ကူစတာက ဘယ်လ်ဂျီယမ်ကလပ် Racing Genk မှ ဖေဖော်ဝါရီလ၌ ပြောင်းရွှေ့လာချိန်မှစ၍ တူရကီကလပ်အသင်း ဂါလာတာဆာရေးအတွက် ကိုးပွဲသာ ပါဝင်ကစားထားသည်။
ဗာစကို ဒဂါးမားအသင်းမှာ လက်ရှိ၌ ဘရာဇီး စီးရီးအေအသင်း ၂၀ တွင် အဆင့် ၁၅ ၌ ရပ်တည်နေပြီး ၂၂ ပွဲ ကစားထားရာတွင် ၆ ပွဲအနိုင်ရရှိထားကြောင်း သိရသည်။ (Xinhua)
…………….
Colombia defender Cuesta joins Vasco on loan
RIO DE JANEIRO, Sept. 1 (Xinhua) — Colombia international defender Carlos Cuesta has joined Vasco da Gama on loan from Galatasaray, the Brazilian Serie A club said on Monday.
The 26-year-old agreed to a deal that ties him to Vasco until December 2026 with an option to buy.
“I’m delighted to come to Vasco and I hope to help the team win everything,” the center-back told the club’s official website.
Cuesta, who is contracted to Galatasaray until June 2028, has made just nine appearances for the Turkish club since his February move from Belgium’s Racing Genk.
Vasco is currently 15th in Brazil’s 20-team Serie A standings with six wins from 22 games so far. ■