International Organizations
လူးဝစ်ဆွာရက်ဇ် တစ်ဖက်အသင်းအဖွဲ့ဝင်ကို တံတွေးနဲ့ထွေးလို့ ခြောက်ပွဲပယ် ပြစ်ဒဏ်ခံရ

နယူးယောက်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
ဆီယက်တဲလ်ဆောင်းဒါးစ်အသင်း အဖွဲ့ဝင်တစ်ဦးကို Leagues Cup ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲစဥ်အပြီးတွင် တံတွေးနှင့်ထွေးခဲ့သည့်အတွက် အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို ခြောက်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း စက်တင်ဘာ ၅ ရက်၌ စီစဥ်သူများကပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် ဆီယက်တဲလ်မြို့တွင် သြဂုတ် ၃၁ ရက်က အမေရိကန် အင်တာမိုင်ယာမီအသင်းကို ဆောင်းဒါးစ်အသင်းက ၃-၀ ဖြင့်အနိုင်ရခဲ့ပြီးနောက် ခိုက်ရန်ဖြစ်ပွားမှုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အင်တာမိုင်ယာမီအသင်းမှ Sergio Busquets ကို နှစ်ပွဲပယ်နှင့် Tomas Aviles ကို သုံးပွဲပယ် စသဖြင့် အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း Leagues Cup ကော်မတီက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဆွာရက်ဇ်သည် ယခုပြစ်ဒဏ်ကြောင့် လာမည့်နှစ် Leagues Cup ပြိုင်ပွဲများကို ပါဝင်နိုင်တော့မည်မဟုတ်ကြောင်း တစ်ရာသီလုံးတွင် အုပ်စုအဆင့် သုံးပွဲသာပါဝင်နိုင်တော့မည်ဖြစ်ကြောင်း ယင်းပြစ်ဒဏ်သည် ၂၀၂၇ ခုနှစ်အထိ သက်ရောက်မှုရှိနိုင်ကြောင်း သိရသည်။
ပိတ်ပင်မှုသည် ၎င်း၏ Major League Soccer (MLS) ပြိုင်ပွဲများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း၊ MLS အနေဖြင့် “ကစားသမားများနှင့် နည်းပြဝန်ထမ်းများ ပါဝင်ပတ်သက်ခဲ့သည့် အခြားအရေးယူမှုများ ရွှေ့ဆိုင်းခွင့်ရှိကြောင်း” Leagues Cup ကော်မတီက ဆိုသည်။
ယခုဖြစ်ရပ်မှာ ဆွာရက်ဇ်၏ နှစ်ပေါင်း ၂၀ ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်လျှောက်အငြင်းပွားမှု အများအပြားအနက် နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ပြီး ဆွာရက်ဇ်သည် လီဗာပူး၊ ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်နှင့် အခြားကလပ်အသင်းများတွင်လည်း ပါဝင်ကစားခဲ့သူဖြစ်သည်။
၂၀၁၄ ခုနှစ်က ဘရာဇီးနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပွဲစဥ်တစ်ခုတွင် အီတလီကစားသမား Giorgio Chiellini ၏ ပခုံးကိုကြမ်းတမ်းစွာပြုမူခဲ့ခြင်း အပါအဝင် ဆွာရက်ဇ်သည် ပြိုင်ဘက်များကို ရန်ပြုခဲ့သည့်အတွက် သုံးကြိမ်တိုင်တိုင် ဆိုင်းငံ့ခံခဲ့ရဖူးကြောင်း သိရသည်။
ဆွာရက်ဇ်သည် ၎င်း၏အဆင်ခြင်မဲ့ပြုမူခဲ့မှုအတွက် စက်တင်ဘာ ၄ ရက်က လူမှုကွန်ရက်မှတစ်ဆင့် တောင်းပန်ခဲ့သည်။
“ကစားပွဲအပြီးမှာ တင်းမာမှုတွေနဲ့ စိတ်အနှောင့်အယှက်တွေဖြစ်ခဲ့တဲ့ အခိုက်အတန့်ကြောင့်ပါ။ မဖြစ်သင့်တာတွေဖြစ်ခဲ့ပေမဲ့ ကျွန်တော့်ရဲ့တုံ့ပြန်မှုအတွက် မမှန်ကန်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်အမှားလုပ်ခဲ့တာကို ရိုးသားစွာတောင်းပန်ပါတယ်။ ကျွန်တော့်မိသားစုရှေ့မှာ ကျွန်တော့်အမှားတွေကြောင့် နာကျင်ထိခိုက်ရတာ ကျွန်တော် ပေးချင်တဲ့ပုံရိပ်မဟုတ်ပါဘူး၊ ကျွန်တော့်အသင်းရှေ့မှာ သူတို့ကိုယ်တိုင်တွေ့ကြုံရတာ မထိုက်တန်ပါဘူး၊ ဒီလိုမျိုးမသက်ရောက်စေချင်ပါဘူး” (Xinhua)
…………………….
(English Version)
Luis Suarez handed six-game ban for spitting on staffer
NEW YORK, Sept. 5 (Xinhua) — Inter Miami forward Luis Suarez has been banned for six matches for spitting on a Seattle Sounders staff member after the Leagues Cup final, organizers said on Friday.
The incident occurred during a scuffle that followed the Sounders’ title-clinching 3-0 win over the Florida outfit in Seattle last Sunday.
In a statement, the Leagues Cup Organizing Committee said it also banned Inter Miami’s Sergio Busquets and Tomas Aviles for two and three games, respectively, for violent conduct during the melee. Sounders assistant coach Steven Lenhart was handed a five-game suspension for his role in the fracas.
Suarez’s punishment means he will miss next year’s Leagues Cup in full, and because the group stage guarantees only three games per season, the ban could carry into the 2027 edition.
While the ban will not impact his Major League Soccer availability, the Leagues Cup committee said the MLS “reserves the right to impose further disciplinary actions on the players and coaching staff involved.”
It marks the latest in a long list of controversies that have stalked Suarez throughout his 20-year professional career, which has included spells at Liverpool, Barcelona and Atletico Madrid, among other clubs.
He has served suspensions on three occasions for biting opponents, including an incident in 2014 in which he clamped down on the shoulder of Italy’s Giorgio Chiellini during a World Cup match in Brazil.
Suarez apologized for his latest indiscretion in a social media post on Thursday.
“It was a moment of much tension and frustration, where just after the game ended things happened that shouldn’t have happened but that doesn’t justify my reaction,” he said.
“I made a mistake and sincerely apologize. It’s not the image I want to give in front of my family, that suffers because of my mistakes, in front of my club, that also doesn’t deserve seeing themselves affected by something like this.”
Photo : Luis Suarez gestures during Uruguay’s 2-0 Group H win against Ghana at the 2022 FIFA World Cup at the Al Janoub Stadium in Al Wakrah, Qatar, Dec. 2, 2022. (Xinhua/Li Gang)