Connect with us

China

ရှီကျင့်ဖိန်နှင့် ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ် Luis Montenegro တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပေါ်တူဂီနိုင်ငံဝန်ကြီးချုပ် Luis Montenegro တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ် Luis Montenegro နှင့် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ပေါ်တူဂီတို့သည် သမိုင်းအမွေအနှစ် နက်ရှိုင်းကြွယ်ဝသော နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအနေဖြင့် ပွင့်လင်း၍ သဘောထားကြီးမှု၊ ကြိုးပမ်း၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော စိတ်ဓာတ်လက္ခဏာများ ပိုင်ဆိုင်ကြကြောင်း၊ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးမှုဖြင့် မကာအိုအရေးကိစ္စကို ကောင်းမွန်ဆီလျော်စွာ ဖြေရှင်းနိုင်ခဲ့ကြောင်း၊ မကြာသေးမီနှစ်များအတွင်းနှစ်နိုင်ငံကြား ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများတွင် အရေးပါသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ပြီး မတူညီသောလူမှုစနစ်များနှင့် မတူညီသော နိုင်ငံအခြေအနေများရှိသည့် နိုင်ငံများအနေဖြင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုရှိသော စံနမူနာတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြောင်း ထောက်ပြခဲ့သည်။
ယခုနှစ်သည် တရုတ်-ပေါ်တူဂီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၂၀ ပြည့် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပေါ်တူဂီနှင့်အတူ မဟာဗျူဟာ ဆွေးနွေးညှိနှိုင်းမှုများကို မြှင့်တင်ကာ နှစ်ဖက်ဆက်ဆံရေး၏ မှန်ကန်သောလမ်းကြောင်းကို ထိန်းသိမ်းကာ တရုတ်-ပေါ်တူဂီ ဆက်ဆံရေးအား ကောင်းမွန်သည်ထက် ပိုမိုကောင်းမွန်စေပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံနှင့် ကမ္ဘာကြီး သာယာဝပြောတိုးတက်မှုအတွက် ပို၍ကြီးမားသောအကျိုး ဆောင်ကြဉ်းသွားလိုကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အစဉ်အလာချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းပြီး အပြန်အလှန် ယုံကြည်ကာ အပြန်အလှန် ထောက်ခံအားပေးရမည်ဖြစ်ကြောင်း၊ မဟာဗျူဟာ ချိတ်ဆက်မှုကို နက်ရှိုင်းစွာဖွံ့ဖြိုးတိုးတက်စေပြီးဆန်းသစ်တီထွင်မှု၊ အစိမ်းရောင်၊ ပင်လယ်ရေးရာ၊ ဆေးဝါး စသည့် ကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ပြီး မကာအိုအား ထူးခြားသော ပေါင်းကူးတံတားအခန်းကဏ္ဍမှထားရှိကာ တရုတ်-ပေါ်တူဂီစကားပြော နိုင်ငံများကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် စသည့်ယန္တရားများကို ကောင်းမွန်စွာအသုံးပြုလျက် ပိုမို အဆင့်မြင့်မားသော အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု၊ ပညာရေး၊ ခရီးသွားလုပ်ငန်းနှင့် သိပ္ပံသုတေသနကဏ္ဍများ၏ ကူးလူးဆက်ဆံမှုကို အားပေးပံ့ပိုးကာ လူမှုယဉ်ကျေးမှု ကူးလူးဆက်ဆံမှုများ နက်ရှိုင်းစေရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာ အခြေအနေများ ပိုမိုရှုပ်ထွေးရောယှက်လာသည်နှင့်အမျှ တရုတ်နှင့်ဥရောပသည် ဆွေးနွေးညှိနှိုင်းမှု ပို၍အားကောင်းစေပြီး အပြန်အလှန်ယုံကြည်မှု ပို၍မြှင့်တင်ကာပူးပေါင်းဆောင်ရွက်မှု ပို၍နက်ရှိုင်းစေရမည်ဖြစ်ကြောင်း၊ ပေါ်တူဂီအနေဖြင့် တရုတ်နှင့်အတူ တရုတ်-ဥရောပ မိတ်ဖက်ဆက်ဆံရေး၏ အနေအထားကို လက်ကိုင်ထားကာ တရုတ်-ဥရောပ ဆက်ဆံရေး စဉ်ဆက်မပြတ် တည်ငြိမ်ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်သလို ကုလသဂ္ဂထူထောင်ခြင်း နှစ် ၈၀ ပြည့်လည်းဖြစ်ကြောင်း၊ ကမ္ဘာကြီးသည် ကစဉ့်ကလျားနှင့် ပြုပြင်ပြောင်းလဲမှုကာလသစ်သို့ရောက်ရှိလာပြီး လူသားများသည် သမိုင်း၏ လမ်းဆုံလမ်းခွတွင် တစ်ဖန်ပြန်လည် ရပ်တည်နေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပေါ်တူဂီနိုင်ငံနှင့်အတူ နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုကို နီးကပ်စေပြီး စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူတကွ လက်တွေ့ကျင့်သုံးရန်၊ ကုလသမဂ္ဂ အခွင့်အာဏာ၊ လွတ်လပ်သော ကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းကာကွယ်ကာ ပိုမိုတရားမျှတ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တွန်းအားဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
Luis Montenegro က သမ္မတ ရှီကျင့်ဖိန်အပေါ် သမ္မတ Marcelo Rebelo de Sousa ၏ ရင်းနှီးသော နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားခဲ့သည်။
ပေါ်တူဂီ-တရုတ်ဆက်ဆံရေးသည် သမိုင်းကြောင်း ရှည်ကြား၍ အနာဂတ်ကို မျက်နှာမူကြပြီး နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးစွာညှိနှိုင်းဆွေးနွေးမှုဖြင့် မကာအိုအရေးကိစ္စကို ကောင်းမွန်ဆီလျော်စွာဖြေရှင်းခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂၅ နှစ်အတွင်း မကာအိုသည် အောင်မြင်စွာ လက်တွေ့လုပ်ဆောင်နိုင်ခဲ့ခြင်းက ပေါ်တူဂီအစိုးရ ထိုစဉ်က မှန်ကန်သော ဆုံးဖြတ်ချက်ပြုလုပ်ခဲ့သည်ကို အပြည့်အဝ သက်သေပြုခဲ့ကြောင်း၊ ပေါ်တူဂီနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်လိုက်နာကျင့်သုံးမည်ဖြစ်ကြောင်း၊ ပေါ်တူဂီ စီးပွားရေးအခက်အခဲဆုံးကာလတွင် ပေးအပ်ခဲ့သော တရုတ်နိုင်ငံ၏ အဖိုးတန်သော ပံ့ပိုးကူညီမှုများကို မေ့လျော့မည်မဟုတ်ကြောင်း၊ ပေါ်တူဂီနိုင်ငံသည် ပေါ်တူဂီ-တရုတ် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် အခိုင်အမာ အားထုတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တိုးတက်ရန်၊ ကုန်သွယ်စီးပွားရေး နီးကပ်စွာ ဆက်သွယ်ရန်၊ နှစ်ဖက်အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု အားဖြည့်ရန်၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ရေးထိန်းသိမ်းရေးစသည့် ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဆက်လက်၍ ရှေ့သို့ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာရေးရာတွင် အဓိက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပြီး ပေါ်တူဂီအနေဖြင့် သမ္မတရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ ပါဝင်သော အရေးပါသည့် အတွေးအခေါ်များကို ထောက်ခံသဘောတူကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ အတူတကွ ထိန်းသိမ်းကာကွယ်သွားလိုပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ကောင်းမွန်ပြည့်စုံရေးအတွက် တရုတ်နိုင်ငံက ပိုမိုကြီးမားသော အကျိုးဆောင်မှုများ လုပ်ဆောင်မည်ကို တွေ့မြင်လိုကြောင်း၊ တရုတ်နိုင်ငံသည် ဥရောပတိုက်၏ အစားထိုးမရသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ပြီး ပေါ်တူဂီနိုင်ငံအနေဖြင့် ဥရောပ-တရုတ် ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို ဝမ်ရိလည်း တက်ရောက်ခဲ့သည်။ (Xinhua)
………………….
(Chinese Version)
习近平会见葡萄牙总理蒙特内格罗
新华社北京9月9日电(记者马卓言)9月9日上午,国家主席习近平在北京人民大会堂会见葡萄牙总理蒙特内格罗。
习近平指出,中国和葡萄牙都是历史底蕴深厚的国家,两国人民都拥有开放包容、进取自主的精神特质。双方通过友好协商妥善解决了澳门问题。近年来各领域合作取得重要成果,树立了不同社会制度、不同国情国家相互尊重、互利共赢的典范。今年是中葡建立全面战略伙伴关系20周年。中方愿同葡方加强战略沟通,把握双边关系正确方向,让中葡关系好上加好,以团结合作为两国和世界繁荣进步作出更大贡献。双方要赓续传统友好,相互信任、相互支持。深化发展战略对接,拓展创新、绿色、海洋、医药等领域务实合作,发挥澳门独特桥梁作用,用好中国-葡语国家经贸合作论坛等机制,实现更高水平互利共赢。鼓励文化、教育、旅游、科研领域交往,深化人文交流。国际形势越是变乱交织,中欧越要加强沟通、增进互信、深化合作。希望葡方同中方一道,坚持中欧伙伴关系定位,推动中欧关系持续稳定健康发展。
习近平强调,今年是中国人民抗日战争暨世界反法西斯战争胜利80周年,也是联合国成立80周年。世界进入新的动荡变革期,人类又一次站在历史的十字路口。中方愿同葡方密切多边协作,共同践行真正的多边主义,维护联合国权威,维护自由贸易体制,推动构建更加公正合理的全球治理体系。
蒙特内格罗转达德索萨总统对习近平主席的诚挚问候。蒙特内格罗表示,葡中关系历史悠久、面向未来,两国通过友好协商妥善解决澳门问题。过去25年澳门成功实践,充分证明葡政府当年作出了正确决定。葡方将继续奉行一个中国政策,不会忘记中方在葡经济最困难时期给予的宝贵支持帮助。葡方坚定致力于深化葡中友好合作,期待同中方增进政治互信,密切经贸联系,加强双向投资,深化能源、金融、卫生、水利等方面合作,推动两国关系继续向前发展。中国在国际事务中发挥着至关重要作用,葡方赞同习近平主席提出的全球治理倡议蕴含的重要理念,愿共同维护多边主义,乐见中方为完善全球治理体系作出更大贡献。中国是欧洲不可替代的合作伙伴,葡方愿为推动欧中关系健康稳定发展发挥积极作用。
王毅参加会见。(完)
图说:9月9日上午,国家主席习近平在北京人民大会堂会见葡萄牙总理蒙特内格罗。 新华社记者 黄敬文 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.