Connect with us

China

တရုတ်အသင်းနှင့် ဩစတြေးလျအသင်းတို့ ယူ-၂၃ AFC အာရှဖလား ခြေစစ်ပွဲအောင်မြင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် AFC ယူ-၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စု-D ဘောလုံးပွဲစဉ်အဖြစ် တရုတ်အသင်းနှင့် ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ တရုတ်ကစားသမား ဝမ်ယွိတုန်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
AFC ယူ-၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စု-D နောက်ဆုံးပွဲစဉ်အဖြစ် တရုတ်အသင်းနှင့် ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပြီး တစ်မှတ်စီခွဲယူခဲ့ကာ နှစ်သင်းစလုံး ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်သည်။
ဩစတြေးလျ ယူ-၂၃ အသင်းက ဂိုးကွာခြားချက်အသာဖြင့် အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သလို တရုတ်အသင်းကလည်း အုပ်စုဒုတိယ ရရှိခဲ့ကာ အုပ်စု ၁၁ ခု အနက် အကောင်းဆုံးအုပ်စုဒုတိယ လေးသင်းထဲမှ တစ်သင်းအဖြစ် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
ဩစတြေးလျအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ကာ ပထမပိုင်းတွင် ဦးဆောင်ဂိုးသွင်းယူနိုင်မည့် အခွင့်အရေးရခဲ့သော်လည်း ပွဲချိန် ၃၉ မိနစ်တွင် တိုက်စစ်မှူး နသန်နာအယ် ဘလဲ၏ ခေါင်းတိုက်ချက်အား တရုတ်အသင်းဂိုးသမား လီဟောင် ကာကွယ်နိုင်ခဲ့သည်။
ပွဲချိန် ၄၈ မိနစ်တွင် အော်စကာ ပရိစ်မန်း ဩစတြေးလျအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ရန် နီးစပ်ခဲ့သော်လည်း ၎င်း၏ အနီးကပ် မြေမကျကန်ချက်အား လီ ကာကွယ်နိုင်ခဲ့သလို ၈ မိနစ်အကြာတွင် ဘလဲ၏ ကန်ချက်မှာလည်း ဂိုးဘားတန်းပေါ်မှကျော်သွားခဲ့သည်။
“သိပ်ကောင်းတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတာမို့ ဒါက ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမယ်ဆိုတာ နားလည်ထားရင်း ကျွန်တော်တို့ ဒီကိုလာခဲ့တာပါ” ဟု ဩစတြေးလျ ယူ-၂၃ အသင်း နည်းပြချုပ် အန်တိုနီ ဗစ်မာက ပွဲအပြီးတွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ခက်ခဲတဲ့အခြေအနေမှာ တကယ့်ကို ကြိုးစားပမ်းစားကစားခဲ့တဲ့အတွက် သိပ်ကိုဂုဏ်ယူပါတယ်” ဟု ဗစ်မာက ဆိုသည်။
တရုတ် ယူ-၂၃ အသင်း နည်းပြချုပ် အန်တိုနီယို ပူးချေး ဗီဆန်တေးကလည်း ကစားသမားများ၏ ကြိုးစားအားထုတ်မှုအပေါ် ကျေနပ်အားရသည်ဟု ပြောကြားခဲ့သည်။ “တရုတ်ဘောလုံးပရိသတ်တွေအတွက် ပျော်ရွှင်ကျေနပ်စရာ အခွင့်အရေးတချို့ ရှိနေတာမို့ သူတို့အတွက် ပျော်ရွှင်ကျေနပ်စရာတွေ ယူဆောင်ပေးဖို့ ခြေစစ်ပွဲမတိုင်ခင်မှာ ကျွန်တော့်ကစားသမားတွေကို ပြောထားပါတယ်။ ဒီနေ့ ကျွန်တော့်ကစားသမားတွေ တာဝန်ကျေသွားပါပြီ” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ဟာ ဘောလုံးကွင်းထဲမှာ မြေစေးရုပ်စစ်သည်တော် ၁၁ ယောက်လိုမျိုး တိုက်ပွဲဝင်ခဲ့တာပါ” ဟု ဗီဆန်တေးက ဆက်လက်ပြောကြားခဲ့သည်။
ယူ-၂၃ အာရှဖလားပြိုင်ပွဲအား ဆော်ဒီအာရေဗျနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် AFC ယူ-၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စု-D ဘောလုံးပွဲစဉ်အဖြစ် တရုတ်အသင်းနှင့် ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ပရိသတ်များအား နှုတ်ဆက်နေသည့် တရုတ်ကစားသမားများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် AFC ယူ-၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စု-D ဘောလုံးပွဲစဉ်အဖြစ် တရုတ်အသင်းနှင့် ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်မတိုင်မီ အသင်းလိုက် ဓာတ်ပုံရိုက်နေသည့် တရုတ်ကစားသမားများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………………………………………………………………..
(English Version)
China and Australia qualify for U23 AFC Asian Cup finals
XI’AN, Sept. 9 (Xinhua) — China and Australia took one point apiece as they played out a 0-0 stalemate in the final Group D game of the AFC U23 Asian Cup qualifiers, with both teams reaching the finals.
The Olyroos finished as group winners with a superior goal difference. China took second place and qualified by virtue of finishing as one of the four best runners-up among the 11 qualifying groups.
Australia dominated possession and had the chance to break the deadlock in the first half, but striker Nathanael Blair’s header was kept out by China goalkeeper Li Hao in the 39th minute.
In the 48th minute, Oscar Priestman could have given Australia the lead, but his close-range volley was denied by Li, and Blair fired over the crossbar eight minutes later.
“We came here knowing it was going to be a difficult match against a very good team,” Australia head coach Antony Vidmar told Xinhua after the game. “We really fought hard in difficult conditions, so we’re very proud.” Vidmar added.
China head coach Antonio Puche Vicente said he was satisfied with his players’ efforts. “Before the qualifiers, I asked my players to bring Chinese football fans some happiness, because Chinese fans have had few opportunities to feel happy. Today, my players finished our mission,” he said.
“We fought like 11 terracotta warriors on the pitch,” Vicente added.
The U23 Asian Cup finals will be held in January 2026 in Saudi Arabia. ■
English Caption 1
Wang Yudong of China reacts during the AFC U23 Asian Cup Qualifiers Group D football match between China and Australia in Xi’an, northwest China’s Shaanxi Province, Sept. 9, 2025. (Xinhua/Li Yibo)
English Caption 2
Players of China greet the spectators after the AFC U23 Asian Cup Qualifiers Group D football match between China and Australia in Xi’an, northwest China’s Shaanxi Province, Sept. 9, 2025. (Xinhua/Zou Jingyi)
English Caption 3
Players of China pose before the AFC U23 Asian Cup Qualifiers Group D football match between China and Australia in Xi’an, northwest China’s Shaanxi Province, Sept. 9, 2025. (Xinhua/Zou Jingyi)