China
တရုတ်မော်တော်ကားကုမ္ပဏီ Chery ၏ ဟိုက်ဘရစ်ကားမော်ဒယ်သစ် အစ္စရေးတွင် စတင်ရောင်းချ

ဂျေရုဆလမ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် Chery က ဟိုက်ဘရစ်ကားမော်ဒယ်သစ် (HEV) ကို အစ္စရေးနိုင်ငံတွင် စက်တင်ဘာ ၈ ရက်က စတင်မိတ်ဆက်ခဲ့ကြောင်း အစ္စရေးနိုင်ငံအရောင်းကိုယ်စားလှယ် Freesbe က ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
Chery FX HEV သည် ဓာတ်ဆီနှင့်လျှပ်စစ် နှစ်မျိုးသုံးဖြစ်ပြီး Omoda 5 ဟုလည်းသိကြသည့် Chery FX compact crossover SUV ၏မော်ဒယ်ခွဲဖြစ်ပြီး အစ္စရေးနိုင်ငံတွင် နှစ်မျိုးလုံးရရှိနိုင်ပြီဖြစ်ကြောင်းသိရသည်။
အသစ်မိတ်ဆက်သည့် နှစ်မျိုးစပ်ကားမော်ဒယ်သည် မြင်းကောင်ရေ ၁၄၃ စွမ်းအားရှိ ၁.၅ တာဘိုဓာတ်ဆီအင်ဂျင်နှင့် မြင်းကောင်ရေ ၂၀၄ စွမ်းအားရှိ လျှပ်စစ်မော်တာတို့ တွဲဖက်တပ်ဆင်ထားပြီး အင်ဂျင်ရော လျှပ်စစ်မော်တာနှင့်ပါ အသုံးပြုမောင်းနှင်နိုင်ကြောင်းသိရသည်။
Chery ကားကုမ္ပဏီသည် အစ္စရေးနိုင်ငံသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် ဝင်ရောက်ခဲ့ပြီး လျှပ်စစ်အားသွင်းနိုင်သည့် ဟိုက်ဘရစ် mid-size sedan Arrizo 8 နှင့် Tiggo crossover SUV စီးရီးမှ ဓာတ်ဆီနှင့်လျှပ်စစ်သုံးယာဥ်များစွာ ရောင်းချခဲ့ကြောင်းသိရသည်။
Chery ၏ crossover SUV အမှတ်တံဆိပ်ဖြစ်သည့် Jaecoo ၏မော်ဒယ်နှစ်မျိုးဖြစ်သည့် Jaecoo 5 (ဓာတ်ဆီနှင့်လျှပ်စစ်)နှင့် Jaecoo 7 (ဓာတ်ဆီနှင့်ဟိုက်ဘရစ်) တို့ကိုလည်း အစ္စရေးနိုင်ငံတွင် မိတ်ဆက် ရောင်းချခဲ့ကြောင်းသိရသည်။
ဇန်နဝါရီမှ သြဂုတ်အထိကာလအတွင်း Chery ကားကုမ္ပဏီသည် အစ္စရေးနိုင်ငံ၏ ကားရောင်းချမှုအားလုံးအနက် ပထမနေရာ ရရှိခဲ့ပြီး ၂၈,၂၇၄ စီး ရောင်းချခဲ့ရကြောင်း အစ္စရေးနိုင်ငံ မော်တော်ယာဥ်တင်သွင်းရောင်းချသူများ အစည်းအရုံးက ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။ (Xinhua)
……….
(English Version)
Chinese carmaker Chery launches new hybrid car in Israel
JERUSALEM, Sept. 9 (Xinhua) — Chinese automaker Chery launched a new hybrid electric vehicle (HEV) in Israel on Tuesday, its Israeli dealership Freesbe said in a statement.
The model, Chery FX HEV, is a hybrid version of the gasoline and electric versions of the Chery FX compact crossover SUV, also called Omoda 5, both already offered in Israel.
The hybrid powertrain of the newly launched model combines a 1.5-liter turbocharged gasoline engine with a capacity of 143 hp, which is joined by an electric motor with a power of 204 hp.
Chery, which entered the Israeli market in November 2022, also offers several gasoline and hybrid versions of its Tiggo crossover SUV series in the country, as well as the mid-size sedan Arrizo 8, a plug-in hybrid electric vehicle (PHEV).
Also offered in Israel are two models of Chery’s crossover SUV brand, Jaecoo, namely the Jaecoo 5 (gasoline and electric) and Jaecoo 7 (gasoline and hybrid).
In the January-August period, Chery reached the first place in the overall Israeli car sales list with 28,274 units sold, according to figures issued by the Israel Vehicle Importers Association.
Photo : People visit a showroom selling vehicles made by Chinese automaker Chery in Rishon Lezion, Israel, on Nov. 16, 2022. (Photo by Gil Cohen Magen/Xinhua)