Connect with us

China

တရုတ်နိုင်ငံ ဟူနန်နှင့် ကွေ့ကျိုးပြည်နယ် နယ်စပ်၌ ကလေးငယ်များ ပြည်နယ်ဖြတ်ကျော် ကျောင်းတက်လမ်းအား ၁၉ နှစ်ကြာ ခိုင်မာစွာ စောင့်ရှောက်ပေးသူ

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဟွားယွမ်ခရိုင် ပျန်းချိန်မြို့နယ် မော်လောင်ရွာ၌ ရန့်တာပင်းက ကလေးငယ်များ ပြည်နယ်ဖြတ်ကျော်၍ ကျောင်းတက်ရန် စောင့်ရှောက်ပို့ဆောင်ပေးနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆုန်းထောင် (ကွေ့ကျိုး)၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဆောင်းဦးရာသီ နံနက်ခင်းချိန်ခါတွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ် ပြည်နယ်နှစ်ခု နယ်စပ်ဒေသ၌ မိုးစဲစ မြူမှိုင်းများ အုံ့ဆိုင်းနေဆဲဖြစ်သည်။ ရန့်တာပင်းကလည်း ယခင်အတိုင်း ရွာထိပ်သို့ စောစောသွားရောက်၍ လက်ထဲရှိဝီစီကို မှုတ်လိုက်သည်။ ယင်းမှာ အချိန် ၁၉ နှစ်တာအတွင်း ဆရာရန့်နှင့် ကလေးငယ်များ ချိန်းဆိုထားသည့် ကျောင်းတက်ရန်အတွက် “လူစုသံ” ပင်ဖြစ်သည်။
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ဆုန်းထောင် မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ယာကျမြို့နယ် ဝမ်ဆန်းရွာ၌ ကျေးလက်စာသင်ဆရာအဖြစ် လုပ်ကိုင်လျက်ရှိသည့် ရန့်တာပင်းသည် ယခုအခါ ဟူနန်ပြည်နယ် ဟွားယွမ်ခရိုင် ပျန်းချိန်မြို့နယ် မော်လောင်ရွာ မော်လောင်ချစ်ကြည်ရေး မူလတန်းကျောင်း၏ တစ်ဦးတည်းသော ကွေ့ကျိုးပြည်နယ်သား ဆရာပင်ဖြစ်သည်။
ဟူနန်ပြည်နယ်အတွင်းရှိ မော်လောင်ရွာနှင့် ကွေ့ကျိုးပြည်နယ်အတွင်းရှိ ဝမ်ဆန်းရွာတို့ကို ဟွားယွမ်မြစ်တစ်စင်းဖြင့် ခြားထားသည်။ မော်လောင်ချစ်ကြည်ရေး မူလတန်းကျောင်းသည် ဟူနန်ပြည်နယ်ဘက်ခြမ်း မော်လောင်ရွာအတွင်း၌ တည်ရှိပြီး ဟူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ်တို့ အတူတည်ဆောက်ကာ အတူစီမံခန့်ခွဲသည်။ ကွေ့ကျိုးပြည်နယ်ဘက်ခြမ်းရှိ ဝမ်ဆန်းရွာမှ ကျောင်းသား၊ ကျောင်းသူများသည် ကူးတို့သင်္ဘောစီး၍ ဟွားယွမ်မြစ်အားဖြတ်ကျော်ကာ ကျောင်းတက်ရသည်။
ကလေးငယ်များ ဘေးကင်းလုံခြုံမှုအတွက် ၂၀၀၆ ခုနှစ်မှစ၍ ရန့်တာပင်းသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ခြင်း၊ မြစ်ဖြတ်ကျော်ခြင်း၊ ကျောင်းဆင်းခြင်း ဟူသည့် အရေးကြီးတာဝန်ကို ကိုယ်တိုင်ထမ်းဆောင်ခဲ့သည်။
ကူးတို့သင်္ဘောသည် အစပိုင်းက သစ်သားလှေလေးဖြစ်သော်လည်း နောက်ပိုင်းတွင် အကြိမ်များစွာ ပြောင်းလဲပြင်ဆင်ပြီးနောက် ယနေ့ကူးတို့သင်္ဘောဖြစ်လာခဲ့သည်။ မြစ်ဖြတ်ကျော်သည့် ကျောင်းသား၊ ကျောင်းသူများကလည်း အများဆုံးလျှင် လူဦးရေ ၄၀ ကျော်မှ ယခုပညာသင်နှစ်တွင် ၅ ဦးအထိ လျော့နည်းကျဆင်းလာခဲ့သည်။
၁၉ နှစ်တာကာလအတွင်း ရန့်တာပင်း စောင့်ရှောက်မှုဖြင့် ကျောင်းတက် ကျောင်းဆင်းသည့် ကျောင်းသား၊ ကျောင်းသူများသည် လုံခြုံရေးအရ မတော်တဆမှု တစ်ကြိမ်မျှ မဖြစ်ပွားခဲ့ပေ။ ၎င်းသည် မေတ္တာတရားနှင့် တာဝန်သိမှုတို့ဖြင့် ဟူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ် နယ်စပ်၌ ကလေးငယ်များ၏ ပြည်နယ်ဖြတ်ကျော် ကျောင်းတက်လမ်းအား စောင့်ရှောက်လျက်ရှိပေသည်။ (Xinhua)

ရန့်တာပင်းက ကလေးငယ်များ ကူးတို့သင်္ဘောစီးပြီး ပြည်နယ်ဖြတ်ကျော်၍ ကျောင်းတက်ရန် စောင့်ရှောက်ပို့ဆောင်ပေးနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————————–
(Chinese Version)
新华全媒+|坚持19年,在湘黔边界守护孩子们的跨省上学路
新华社照片,松桃(贵州),2025年9月10日
秋日清晨,湘黔两省边界,雨后的薄雾还来不及散去,任达兵一如既往早早站在村口,吹响手中的哨子,这是19年来任老师与孩子们约好的上学“集结号”。
家住贵州省松桃苗族自治县迓驾镇晚森村的乡村教师任达兵,是如今在湖南省花垣县边城镇磨老村磨老友谊小学任教的唯一一名贵州籍教师。
位于湖南省境内的磨老村,与贵州省境内的晚森村隔着一条花垣河。磨老友谊小学位于湖南省一侧的磨老村内,由湖南省与贵州省共建共管。贵州一侧的晚森村学生要乘坐渡船跨过花垣河上学。 为了孩子们的安全,2006年以来,任达兵主动承担起护送学生上学、渡河、放学的重任。渡船最初是小木船,后来几经更新,变成了如今的轮渡船,渡江学生从最多时的40多人降至本学期的5人。19年来,任达兵护送上学的学生从未发生过一起安全事故,他用爱心与责任,在湘黔边界守护孩子们的跨省上学路。
图说1:9月9日,在湖南省花垣县边城镇磨老村,任达兵护送学生跨省上学。新华社记者 杨文斌 摄
图说2:9月9日,任达兵(右三)护送学生乘坐渡船跨省上学。 新华社记者 杨文斌 摄