Connect with us

Environment, Disasters & Accidents

ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း အိမ် ၁,၀၀၀ကျော် ရေဝင်ရောက်

မြစ်ရေမြင့်တက်လာမှုအားတွေ့ရစဉ်(Yangon Police)

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် သြဂုတ် ၁၂ ရက်၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၉၃)ရပ်ကွက်၊ ရွှေလီလမ်း၊မြကျွန်းသာလမ်း၊ မြကန်သာလမ်း၊ ယမုံနာလမ်း၊ ဇော်ဂျီလမ်း၊ ပန်းလောင်လမ်း၊ ကန်သာယာလမ်း၊ မေယုလမ်းတို့ရှိ နေအိမ် (၁၀၀၀)လုံးခန့်နေအိမ်များအတွင်းသို့ ရေများဝင်းရောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ ရပ်ကွက်များအတွင်းမှ ရေများပြန်လည်ကျဆင်းသွားသော်လည်း နေအိမ်အလုံး (၅၀၀)အတွင်းသို့ ရေများ ဆက်လက်ကျန်ရှိနေခဲ့သဖြင့် ၎င်းနေအိမ်များတွင် နေထိုင်သည့် အိမ်ထောင်စု(၅၆) စုမှ လူဦးရေ (၂၃၀)ဦးတို့အား အောင်သုခဘုန်းတော်ကြီးကျောင်းတိုက်တွင်လည်းကောင်း၊ အိမ်ထောင်စု(၆) စု၊ လူဦးရေ (၃၀)ဦးခန့်အား နေ့ကလေးထိန်းကျောင်းတွင်လည်းကောင်း၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၂၅) ဦးတို့အား အ.ထ.က (၄)ကျောင်းတွင်လည်းကောင်း ယာယီပြောင်းရွှေ့နေထိုင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။သုံးခွ ၊ တိုက်ကြီးမြို့နယ်များတွင် ကမ်းပါးနှင့် ဆည်မြောင်းအပြင်တာများ ကျိုးပေါက် မှုကြောင့် ရေများဝင်ရောက်သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117