Connect with us

Politics, Law & Military

သိပ္ပံနည်းကျ သုတေသနစမ်းသပ်မှုများနှင့် လေ့ကျင့်ရေးမစ်ရှင်များ လုပ်ဆောင်ရန် တရုတ်လေယာဉ်တင်သင်္ဘောကြီး ဖူကျန့် တောင်တရုတ်ပင်လယ်သို့ ထွက်ခွာ

ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ်တင်သင်္ဘောကြီး ဖူကျန့်မှာ တောင်တရုတ်ပင်လယ်၌ သိပ္ပံနည်းကျ သုတေသနစမ်းသပ်မှုများနှင့် လေ့ကျင့်ရေးမစ်ရှင်များ လုပ်ဆောင်ရန် မကြာသေးမီက ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု တရုတ်တပ်မတော် ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၂ ရက်၌ ပြောကြားခဲ့သည်။ဖူကျန့် လေယာဉ်တင်သင်္ဘောကြီးအတွက် ပင်လယ်ဖြတ်ကျော် စမ်းသပ်မှုများနှင့် လေ့ကျင့်မှုများမှာ အဆိုပါ လေယာဉ်တင်သင်္ဘောကြီး၏ တည်ဆောက်မှုလုပ်ငန်းစဉ်၌ ပုံမှန်အစီအစဉ်တစ်ခုဖြစ်ကာ မည်သူ့ကိုမှ ဦးတည်ပစ်မှတ်ထားခြင်းမရှိဟု တရုတ်ရေတပ် ပြောရေးဆိုခွင့်ရှိသူ Senior Captain လိန်ကောဝေက ပြောကြားခဲ့သည်။ (Xinhua)
…………………………………………………………………………………………………..
(English Version)
China’s aircraft carrier Fujian heads for South China Sea for scientific research tests, training missions
BEIJING, Sept. 12 (Xinhua) — China’s third aircraft carrier, the Fujian, recently passed through the Taiwan Strait to carry out scientific research tests and training missions in the South China Sea, a Chinese military spokesperson said on Friday.
The cross-sea tests and training for the Fujian is a regular arrangement in the aircraft carrier’s construction process, and it is not aimed at any specific target, said Senior Captain Leng Guowei, a spokesperson for the Chinese navy. ■